Connect with us

မြန်မာ-中文

အမေရိကန်၊ မက္ကဆီကို အချို့ဒေသများတွင် နှစ်ပေါင်း ၁,၂၀၀ ကျော် ကာလ အတွင်း အဆိုးဝါးဆုံး မိုးခေါင်ရေရှားမှုနှင့်ကြုံတွေ့ ရ

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် လော့အိန်ဂျယ်လိစ်ခရိုင် Azusaမြို့အနီး ရေလှောင်တမံ၏ မြင်ကွင်းအား ၂၀၂၁ ခုနှစ် ဇွန် ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၁၆ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ အနောက်တောင်ပိုင်းနှင့် မက္ကဆီကိုနိုင်ငံ မြောက်ပိုင်း ဒေသများတွင် ၂၀၀၀ ပြည့်နှစ်မှ ၂၀၂၁ ခုနှစ် ကြားကာလသည် နှစ်ပေါင်း ၁,၂၀၀ ကျော် ကာလ အတွင်း အဆိုးဝါးဆုံး မိုးခေါင်ရေရှား ဖြစ်ပွားသည့်ကာလဖြစ်ကြောင်း၊ ယင်းသို့ဖြစ်ပွားရခြင်း ၄၀ ရာခိုင်နှုန်းကျော်က လူသားများ၏လုပ်ဆောင်ချက်ကြောင့် ဥတုရာသီပူနွေးလာခြင်းနှင့် တိုက်ရိုက်သက်ဆိုင်ကြောင်း အမေရိကန် သုတေသီများက ဖေဖော်ဝါရီ ၁၄ ရက် ထုတ်ပြန်သည့် သုတေသနရလဒ်တစ်ခုတွင် ဖော်ပြထားသည်။ကယ်လီဖိုးနီးယား တက္ကသိုလ် လော့အိန်ဂျယ်လိစ်ကျောင်းခွဲ သုတေသီများက အေဒီ ၈၀၀ နောက်ပိုင်း ကယ်လီဖိုးနီးယား ပြည်နယ်၊ ဝိုင်အိုးမင်းပြည်နယ်အပါအဝင် အမေရိကန် အနောက်တောင်ပိုင်းဒေသနှင့် မက္ကဆီကိုနိုင်ငံ မြောက်ပိုင်းဒေသများ၏ မြေဆီလွှာအစိုဓါတ်ကို သုတေသနပြုရာတွင် အထက်ပါရလဒ်ကို ရရှိခဲ့ခြင်း ဖြစ်သည်။ ယင်းသုတေသန အစီရင်ခံစာကို ဗြိတိန် 《Nature Climate Change》လစဉ် မဂ္ဂဇင်းတွင် ထုတ်ပြန်ခဲ့သည်။

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် လော့အိန်ဂျယ်လိစ်ခရိုင် Azusaမြို့အနီး ရေလှောင်တမံ၏ မြင်ကွင်းအား ၂၀၂၁ ခုနှစ် ဇွန် ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

၂၀၀၀ ပြည့်နှစ်မှ ယနေ့အထိ အမေရိကန်နိုင်ငံ အနောက်တောင်ပိုင်းနှင့်မက္ကဆီကိုနိုင်ငံ မြောက်ပိုင်း ၄၂ ရာခိုင်နှုန်း မိုးခေါင်ရေရှားအခြေအနေသည် လူ့ပရောဂကြောင့် ဖြစ်ပွားသည့် ဥတုရာသီပူနွေးလာခြင်းနှင့်တိုက်ရိုက်သက်ဆိုင်ကြောင်း ဗြိတိန် သိပ္ပံသတင်းဝဘ်ဆိုက်က အဆိုပါအစီရင်ခံစာ၏ အဓိကစာရေးသူ၊ ဇလဗေဒပညာရှင် Parker Williams၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြခဲ့သည်။

 

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် လော့အိန်ဂျယ်လိစ်ခရိုင် Azusaမြို့အနီး ရေလှောင်တမံ၏ မြင်ကွင်းအား ၂၀၂၁ ခုနှစ် ဇွန် ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မိုးခေါင်ရေရှားဖြစ်ခဲ့သည့် ယင်းကာလသည် မူလစောလျဉ်းစွာ အဆုံးသတ်နိုင်ကြောင်း၊ ၂၀၀၅ ခုနှစ်နှင့် ၂၀၀၆ ခုနှစ်တွင် စိုစွတ်မှုလုံလောက်ကြောင်း ၊”အကယ်၍ လူသားတွေလုပ်ဆောင်ချက်ကြောင့် ရာသီဥတု ပြောင်းလဲမှုမရှိပါက ” အမေရိကန် အနောက်တောင်ပိုင်းနှင့် မက္ကဆီကို မြောက်ပိုင်းဒေသများတွင် ယခုရာစုကနဦးက ကြုံတွေ့ရသော မိုးခေါင်ရေရှားမှုသည် “အလွန်အမင်း မိုးခေါင်ရေရှားသည့်အသွင်”ကိုပြောင်းလဲမည် မဟုတ်ကြောင်း ဆိုသည်။

ကယ်လီဖိုးနီးယားပြည်နယ်အပါအဝင် အမေရိကန် အနောက်ပိုင်း ပြည်နယ်အများအပြားတွင် ပြီးခဲ့သည့် ၁၀ နှစ်က ဆိုးဝါးသည့် ရေအရင်းအမြစ်ရှားပါးမှုနှင့် ကြုံတွေ့ရရာ အကန့်အသတ်ဖြင့်ရေးအသုံးပြုရေး နည်းလမ်းကို သုံးခဲ့ရပြီး အချို့ ရပ်ရွာများတွင် သောက်ရေပုလင်းများအသုံးပြုခဲ့ရကြောင်း AFP သတင်းများအရ သိရသည်။

အမေရိကန် မိုးခေါင်ရေရှား စောင့်ကြည့် စစ်ဆေးရေးအစီရင်ခံစာ ကိန်းဂဏန်းများတွင် အမေရိကန် အနောက်ပိုင်းဒေသတွင် ၂၀၂၁ ခုနှစ်က နှင်းမိုး သို့မဟုတ် မိုးရွာသွန်းမှုအကြိမ်ရေမများခြင်းကြောင့် အခြေအနေပြောင်းလဲရန် ခဲယဉ်းကြောင်း ဖော်ပြထားသည်။ ယခုလ ၁၀ ရက် အထိ အမေရိကန် အနောက်ပိုင်း ဒေသ ၉၅ ရာခိုင်နှုန်းက မိုးခေါင်ရေရှားသည့် အနေအထားတွင် ရှိပြီး ယင်းဒေသရှိ အဓိက ရေလှောင်တမံ နှစ်ခုဖြစ်သည့် Meadနှင့်Powell၏ ရေအမှတ်သည် ပြီးခဲ့သည့်နှစ် နွေရာသီက ရာစုနှစ်တစ်ခုကျော် အနိမ့်ဆုံးသို့ ကျဆင်းခဲ့ကြောင်း သိရသည်။

ဤမိုးခေါင်ရေရှားမှုသည် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းအထိ ဆက်လက်ဖြစ်ပွားနိုင်ခြေ ၉၄ ရာခိုင်နှုန်းရှိပြီး ၂၀၂၀ပြည့်လွန် နှစ်များ နှောင်းပိုင်းကာလအထိ ဆက်လက် ဖြစ်ပွားနိုင်ခြေ ၇၅ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ (Xinhua)

—————————————————–
(Chinese Version)

美墨部分地区遭遇1200多年来最严重干旱

2022-02-15 18:55:19浏览量:63.5万 来源:新华社
美国研究人员14日发表的一项研究结果显示,美国西南部和墨西哥北部2000年至2021年是1200多年来最干旱的一段时期,逾四成干旱情况直接源于人类活动导致的气候变暖。

美国加利福尼亚大学洛杉矶分校人员通过研究公元800年以来包括加利福尼亚州、怀俄明州在内美国西南部地区以及墨西哥北部地区的土壤湿度,得出上述结论。研究报告发表于英国《自然•气候变化》月刊。

英国科学新闻网站援引报告主要作者、水文专家帕克•威廉姆斯的话报道,自2000年至今,美国西南部和墨西哥北部42%的干旱情况与人类活动导致的气候变暖直接相关。

他说,这段干旱时期本可早就结束,因为2005年和2006年足够湿润;“如果没有人为导致的气候变化”,美国西南部和墨西哥北部本世纪初遭遇的干旱就不会发展成“特大干旱”。

据法新社报道,包括加利福尼亚州在内的美国西部多州过去10年遭遇严重水资源短缺,多次采取用水限制措施,部分社区饮用水不得不依靠瓶装水。

美国干旱监测报告数据显示,美国西部地区2021年为数不多的强降雪或降雨不足以扭转干旱局面。截至本月10日,美国西部95%地区处于干旱状态。西部两座主要水库米德湖、鲍威尔湖去年夏天水位降至一个多世纪来的最低水平。

研究人员预测,这场干旱延续至2022年底的可能性达94%,延续至本世纪20年代末的可能性为75%。(王逸君)
编辑:孟洁

图说1:这是2021年6月24日拍摄的美国加利福尼亚州洛杉矶县阿祖萨市附近的圣加布里埃尔水库。新华社发