Connect with us

Africa & Middle East

ဆားဘီးယားဘောလုံးပွဲကြည့်ပရိသတ်များက အမေရိကန်နှင့် NATO တို့မှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့် နိုင်ငံနှင့် ဒေသများကို အသေးစိတ်ရေးသားထားသည့် စာတန်းများကိုင်ဆောင်ပြသ

ဆားဘီးယားဘောလုံးပွဲကြည့်ပရိသတ်များက အမေရိကန်နှင့် NATO တို့မှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့် နိုင်ငံနှင့် ဒေသများကို အသေးစိတ်ရေးသားထားသည့် စာတန်းများကိုင်ဆောင်ပြသနေစဉ် (ဆင်ဟွာ)

ဘဲလ်ဂရိတ်၊ မတ် ၁၉ ရက် (ဆင်ဟွာ)

ဆားဘီးယားနိုင်ငံ မြို့တော် ဘဲလ်ဂရိတ်၌ မတ် ၁၇ ရက်ကကျင်းပသည့် ဘောလုံးပွဲစဉ်တစ်ခုတွင် ပွဲကြည့်ပရိသတ်များက အမေရိကန်နှင့် နေတိုး (NATO) တို့မှ လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း ဗုံးကြဲတိုက်ခိုက်ခြင်း သို့မဟုတ် စစ်ပွဲစတင်ခဲ့သည့် နိုင်ငံနှင့် ဒေသများကို အသေးစိတ်ရေးသားထားသည့် စာတန်း (Banner) များကိုင်ဆောင်၍ စစ်ဆန့်ကျင်ရေးသီချင်းများသီဆိုကာ အနောက်နိုင်ငံများ၏ “စစ်ဆန့်ကျင်ရေး” ဆိုင်ရာ စံနှုန်းနှစ်ရပ်ကို သရော်ခဲ့ကြကြောင်း သိရသည်။မတ် ၁၇ ရက်တွင် ပြုလုပ်သော ၂၀၂၁-၂၀၂၂ ဥရောပလိဂ် (Europa League) ပွဲစဉ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ဖြစ်သည့် Red Star Belgrade နှင့် စကော့တလန် Glasgow Rangers တို့၏ ပွဲစဉ်အတွင်း ဆားဘီးယားဘောလုံးပွဲကြည့်ပရိသတ်များက စာတန်းကြီး ၆ ခုကို ကိုင်ဆောင်ခဲ့ကြသည်။ ပထမဆုံး စာတန်းတွင် ကွယ်လွန်သူ ဗြိတိန် ဂီတပညာရှင် John Lennon ၏ စစ်ဆန့်ကျင်ရေးသီချင်း “Give Peace a Chance” တွင် ပါဝင်သော “ALL WE ARE SAYING IS GIVE PEACE A CHANCE ” စာသားကို ကိုးကား၍ ရေးသားထားသည်။

အမေရိကန်နှင့် နေတိုး တို့က ဗုံးကြဲတိုက်ခိုက်ခြင်း သို့မဟုတ် စစ်ပွဲစတင်ခဲ့သည့် မြောက်ကိုရီးယား၊ ကျူးဘား၊ ဗီယက်နမ်၊ ပနားမား၊ အီရတ်၊ ယူဂိုဆလားဗီးယား၊ အာဖဂန်နစ္စတန်၊ ယီမင်၊ ဆိုမာလီ၊ လစ်ဗျားနှင့် ဆီးရီးယားတို့ အပါအဝင် နိုင်ငံ ၂၀ ကျော်ကို ဝင်ရောက်တိုက်ခိုက်ခဲ့သော သက္ကရာဇ်နှင့်အတူ ရေးသားဖော်ပြထားသည်။

ဘောလုံးပွဲကြည့်ပရိသတ်များက စာတန်းများကိုင်ဆောင်ခြင်းအပြင် တယ်လီဖုန်းရှိ မီးကိုဖွင့်ကာ “Give Peace a Chance” သီချင်းကို သီဆိုခဲ့ကြသည်။

၁၉၉၉ ခုနှစ် မတ်တွင် အမေရိကန်ဦးဆောင်သည့် နေတိုးတပ်ဖွဲ့က “လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဘေးဒုက္ခ ရှောင်ရှားခြင်း” ဟူသော အမည်ခံဆောင်ပုဒ်ဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ပြောင်ပြောင်တင်းတင်း ကျော်ဖြတ်ကာ ထိုစဉ်က ယူဂိုဆလားဗီးယား ဖက်ဒရယ်သမ္မတနိုင်ငံအား ၇၈ ရက်ကြာ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ယင်းပဋိပက္ခတွင် အရပ်သား ၂၀၀၀ ကျော် သေဆုံးပြီး ၆၀၀၀ ကျော် ဒဏ်ရာရရှိသည့်အပြင် လူ ၁ သန်းနီးပါး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကာ လူ ၂ သန်းကျော်မှာလည်း အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။ (Xinhua)

…………………………………………
(Chinese version)
塞尔维亚球迷拉横幅细数美国北约轰炸或挑起战争的国家和地区

新华社贝尔格莱德3月18日电(记者石中玉)在塞尔维亚首都贝尔格莱德17日举行的一场足球比赛中,塞尔维亚观众拉起多条横幅,细数美国、北约过去几十年来轰炸或挑起战争的国家和地区名单,并高唱反战歌曲,以此讽刺西方在“反战”方面的双重标准。
在17日举行的2021-2022赛季欧罗巴联赛八分之一决赛次回合比赛、贝尔格莱德红星队对战苏格兰格拉斯哥流浪者队的比赛中,塞尔维亚观众拉起6条大型横幅。首行横幅引用英国已故知名音乐人约翰·列侬创作的反战歌曲《给和平一个机会》中一句歌词:“我们想说的是,给和平一个机会。”
其余横幅按照年份列举20多个美国、北约轰炸或挑起战争的国家和地区,包括朝鲜、古巴、越南、巴拿马、伊拉克、南斯拉夫联盟共和国、阿富汗、也门、索马里、利比亚和叙利亚等。
除展示横幅外,球迷还打开手机手电筒,并高唱《给和平一个机会》。
1999年3月,以美国为首的北约军队打着所谓“避免人道主义灾难”的旗号,公然绕过联合国安理会,对当时的南斯拉夫联盟共和国进行了78天的持续轰炸,造成2000多名无辜平民丧生、6000多人受伤、近100万人流离失所、200多万人失去生活来源。(完)
新华社照片,贝尔格莱德,2022年3月18日 塞尔维亚球迷拉横幅细数美国北约轰炸或挑起战争的国家和地区 新华社发(普雷德拉格·米洛萨夫列维奇摄)