Connect with us

Eastern Europe

ရိုမေးနီးယားနိုင်ငံဆိုင်ရာ ရုရှားသံရုံးဝင်းတံခါး ကားဖြင့်ဝင်တိုက်ခံရ၊ ယာဉ်မောင်းသေဆုံး

ရိုမေးနီးယားနိုင်ငံဆိုင်ရာ ရုရှားသံရုံးအား ဝင်တိုက်ခဲ့သောကားအား ဧပြီ ၆ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၇ ရက် (ဆင်ဟွာ)

ဧပြီ ၆ ရက်နံနက်အစောပိုင်းတွင် ရိုမေးနီးယားဆိုင်ရာ ရုရှားသံရုံးတံခါးကို ကားသေးတစ်စီး ဝင်တိုက်ခဲ့ပြီးနောက် ကားမီးလောင်ကာ ယာဉ်မောင်းသေဆုံးသွားကြောင်း ရိုမေးနီးယားနိုင်ငံ မြို့တော် ဘူချာရက် ရဲတပ်ဖွဲ့ဝင်များက ပြောကြားခဲ့သည်။

အဆိုပါကားငယ်လေးသည် ယင်းနေ့နံနက် ၆ နာရီခန့်တွင် လမ်းမကြီးမှ မောင်းနှင်လာပြီး သံရုံးတံခါးကို ဝင်တိုက်ခဲ့သော်လည်း သံရုံးဝင်းအတွင်းဝင်ရောက်နိုင်ခဲ့ခြင်းမရှိကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ချက်အရ သိရသည်။ အွန်လိုင်းဗွီဒီယိုဖိုင်တစ်ခု ဖော်ပြမှုအရ အဆိုပါကားသည် မီးလာင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။

မီးသတ်သမားများက အခင်းဖြစ်ပွားရာသို့သွားရောက်ကာ မီးငြှိမ်းသတ်ခဲ့ကြောင်း ၊ ယာဉ်မောင်းမှာ အခင်းဖြစ်နေရာ၌ပင် ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း နှင့်ကားထဲတွင်ယာဉ်မောင်းတစ်ဦးသာရှိကြောင်းရဲတပ်ဖွဲ့ဝင်က အတည်ပြုပြော ကြားခဲ့သည်။

ဤဖြစ်ရပ်သည် တမင်တိုက်ခိုက်မှု ဟုတ်မဟုတ် ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း၊ သို့သော် စုံစမ်းစစ်ဆေးသူများက တမင်တိုက်ခိုက်မှုဖြစ်နိုင်ခြေရှိကြောင်း ယူဆကြသည်ဟု ရိုမေးနီးယားမီဒီယာများက သတင်းဖော်ပြထားသည်။ ယာဉ်မောင်းသည် ရိုမေးနီးယား အစောင့်တပ်မှ ဆန္ဒပြသူအား တားဆီးရန် ပြုလုပ်ထားသော အကာအရံကို ကျော်ဖြတ်ကာ သံရုံးဝင်ပေါက်ဆီသို့ တည့်တည့်မောင်းနှင်ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးအေဂျင်စီ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်ဟု Digi 24 ရုပ်သံလိုင်းက သတင်းဖော်ပြထားသည်။ သံရုံးပြင်ရှိ တာဝန်ကျ ရဲအရာရှိက ယာဉ်မောင်းအား ကားပေါ်မှ ချက်ချင်းဆင်းရန် အမိန့်ပေးခဲ့သော်လည်း ယာဉ်မောင်းသည် ကားအပြင်ထွက်ရန် ငြင်းဆိုခဲ့ပြီး မီးအလောင်ခံ၍ မိမိကိုယ်ကိုအဆုံးစီရင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရုရှားအထူးစစ်ဆင်ရေးစတင်ပြီးနောက်ရိုမေးနီးယားဆိုင်ရာရုရှားသံရုံးအနီးတွင်ဆန္ဒပြမှုများဖြစ်ပွားခဲ့သည်။ရိုမေးနီးယားသည် ယူကရိန်းနှင့် နယ်နိမိတ်ချင်း ထိဆက်နေရာ ယူကရိန်းနိုင်ငံသားအများအပြား ရိုမေးနီးယားအတွင်း ရောက်ရှိနေကြောင်း သိရသည် ။

ရိုမေးနီးယားသည် ရုရှားသံတမန် ၁၀ ဦးအားနှင်ထုတ်ရန် ဆုံးဖြတ်ကြောင်း ဧပြီ ၅ ရက်တွင် ကြေညာခဲ့သည်။ အဆိုပါ လုပ်ရပ်သည် ဗီယင်နာသဘောတူညီချက်ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ရုရှားက တုံ့ပြန်ပြောကြားခဲ့သည်။

ထရပ်ကားတစ်စီးသည် ဧပြီ ၇ ရက်တွင် အိုင်ယာလန်နိုင်ငံ မြို့တော် ဒပ်ဗလင်မြို့ရှိ ရုရှားသံရုံးတံခါးကို ဝင်တိုက်ဖျက်ဆီးခဲ့ရာ ရဲတပ်ဖွဲ့ဝင်များက ယာဉ်မောင်းကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………….
(Chinese Version)
俄驻罗马尼亚大使馆遭汽车撞击 驾驶员死亡
2022-04-07 09:49:03 分类: 社会
新华社北京4月7日电 罗马尼亚首都布加勒斯特警方6日说,一辆小汽车当天清晨撞向俄罗斯驻罗大使馆大门,随后起火,驾驶员死亡。
根据警方声明,这辆小汽车当天6时左右驶离主路,撞向使馆大门,但未冲入使馆院内。一段网络视频显示,小汽车车厢被火焰吞噬。
警方说,消防员赶到现场后将火扑灭,驾驶员当场死亡。经确认,车内仅有驾驶员一人。
这是4月6日在罗马尼亚布加勒斯特拍摄的撞向俄罗斯驻罗大使馆大门的小汽车。新华社/罗通社
暂不清楚这是一起袭击还是事故。罗马尼亚媒体报道,调查人员正在考虑蓄意撞击的可能性。据“数码24”电视台报道,接近调查机构的消息人士说,驾驶员疑似驾车径直冲向使馆正门,速度非常快,撞开罗马尼亚宪兵近几周为阻隔示威者而在使馆外设置的护栏,撞上使馆大门。一名在使馆外执勤的宪兵命令驾驶员立即下车,但后者拒绝,冲那名宪兵喊了几句,然后自焚。
自俄罗斯2月24日对乌克兰发动特别军事行动以来,俄罗斯驻罗使馆外出现示威。罗马尼亚同乌克兰接壤。冲突发生后,大批乌克兰人涌入罗马尼亚。
罗马尼亚外交部5日宣布,罗方决定驱逐10名俄罗斯外交官。俄方说,这一举动违反维也纳外交关系公约。
3月7日,一辆货车在爱尔兰首都都柏林撞毁俄罗斯大使馆大门,驾车男子被警方逮捕。(胡若愚)