Asia
ဘန်ကောက် မြဘုရားဗိမာန်တော်၌ တရုတ်ကျောက်ရုပ်တုများ တူးဖော်တွေ့ရှိခဲ့ရာ တရုတ်-ထိုင်း ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး သမိုင်းကို ရှုမြင်နိုင်

ဘန်ကောက်၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)
၂၀၂၁ ခုနှစ် ဇူလိုင်လတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မဟာနန်းတော်ရှေ့ရှိ လမ်းအားပြုပြင်မွမ်းမံစဉ် ကာလအတွင်း ကျောက်ရုပ်တု အများအပြားတူးဖော်တွေ့ရှိခဲ့ပြီး အချို့သော ကျောက်ရုပ်တုများတွင် တရုတ်ဘာသာစကားဖြင့် စာများရေးထိုးထားသည်ကို တွေ့ရသည်။

ဘန်ကောက် မြဘုရားဗိမာန်တော်၌ပြသထားသည့် တရုတ်ကျောက်ရုပ်တုများအား ဇူလိုင် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက် မြဘုရားဗိမာန်တော်၌ပြသထားသည့် တရုတ်ကျောက်ရုပ်တုများအား ဇူလိုင် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အဆိုပါ ကျောက်ရုပ်တုများက Siam (ထိုင်းနိုင်ငံ၏ ရှေးအခေါ်အဝေါ်) ကုန်သည်များက တရုတ်နိုင်ငံမှ ဝယ်ယူခဲ့သော သင်္ဘောတည်ငြိမ်အောင် ထိန်းညှိပေးသည့်အရာများ ဖြစ်နိုင်ကြောင်း ထိုင်းနိုင်ငံ အမျိုးသားဖွံ့ဖြိုးမှုနှင့် စီမံခန့်ခွဲမှု သုတေသနဌာန ပါမောက္ခ Ah Nuo က ပြောကြားခဲ့သည်။ လက်ရှိတွင် ပြုပြင်မွမ်းမံပြီးသော ကျောက်ရုပ်တုအချို့ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မဟာနန်းတော် အရှေ့မြောက်ထောင့်ရှိ မြဘုရားဗိမာန်တော်အတွင်း၌ ခရီးသွားများ ကြည့်ရှုနိုင်ရန် ထားရှိကြောင်း သိရသည်။ (Xinhua)
………………………
(Chinese Version)
曼谷玉佛寺出土中国石像 见证中泰友好交往历史
新华社照片,曼谷,2022年7月21日
2021年7月,泰国曼谷大王宫门前路面整修期间出土多座石像,一些石像上刻有中文。泰国国立发展管理学院教授阿诺说,这些石像应是暹罗(泰国古称)商人从中国购买的压舱石,用于平衡返程船体的重量,保证船只稳定。近期,这些经过修缮的石像被放置在泰国曼谷大王宫东北角的玉佛寺内,供游客观赏。
图说 – 这是7月20日在泰国曼谷大王宫玉佛寺拍摄的来自中国的大理石雕像。新华社记者 王腾 摄