Europe
ပိုလန်က ယူကရိန်းအား တင့်ကားအမြောက်အများ ထောက်ပံ့ပေးခဲ့ကြောင်း ပိုလန်နိုင်ငံ လုံခြုံရေးအကြီးအကဲပြော
ဝါဆော၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)
ပိုလန်နိုင်ငံ အစိုးရသည် ယူကရိန်းနိုင်ငံသို့ ဆိုဗီယက်ခေတ်ထုတ် T-72 ပင်မတိုက်ပွဲဝင်တင့်ကား အမြောက်အများ၊ ခြေလျင်တိုက်ခိုက်ရေးယာဉ် အနည်းငယ်နှင့် မောင်းသူမဲ့လေယာဉ်များ ပေးပို့ခဲ့ကြောင်း ပိုလန် လုံခြုံရေးအေဂျင်စီ အကြီးအကဲ Pawel Soloch က ဧပြီ ၂၉ ရက်တွင် သတင်းအစီအစဉ်တစ်ခု တွေ့ဆုံမေးမြန်းခန်း၌ ပြောကြားခဲ့သည်။
Soloch က သတင်းအစီအစဉ်အတွင်း တိကျသော ကိန်းဂဏန်းကို ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိခဲ့ကြောင်း၊ သို့သော် ပိုလန်မီဒီယာများ၏ ဧပြီ ၂၉ ရက် သတင်းဖော်ပြချက်အရ ပိုလန်က ယူကရိန်းသို့ တင့်ကားအစီး ၂၀၀ ကျော် လွှဲပြောင်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ပိုလန်နိုင်ငံ၌ တပ်စွဲထားသည့် အမေရိကန်စစ်သား ၁၀,၀၀၀ ခန့်ရှိကြောင်း Soloch က ပြောကြားခဲ့သည်။
ပိုလန်သည် ယူကရိန်းသို့ ဒေါ်လာ ၁.၅၈ ဘီလီယံရှိ စစ်ဘက်ဆိုင်ရာအကူအညီများ ပေးပို့ခဲ့ကြောင်း ပိုလန်သမ္မတ Andrzej Duda က ယခုသတင်းပတ်အစောပိုင်းတွင် ပြောကြားခဲ့သည်။ (Xinhua)
………………………….
(Chinese Version)
波兰国安局局长称波兰已向乌克兰提供“相当数量”坦克
新华社华沙4月29日电(记者陈琛 张章)波兰国家安全局局长索罗赫29日在接受当地一档新闻节目采访时说,波兰政府已向乌克兰提供了“相当数量”的苏制T-72主战坦克、小批量步兵战车以及无人机。
索罗赫在节目中没有透露具体数字。波兰媒体29日报道说,已有200多辆坦克被转移到乌克兰。
索罗赫还说,目前有约1万名美国士兵驻扎在波兰。
波兰总统杜达本周早些时候说,波兰已向乌克兰提供了70亿波兰兹罗提(约合15.8亿美元)的军事援助。
图说- 8月24日,在乌克兰首都基辅,坦克在阅兵式上列队行进。当日,乌克兰在首都基辅举行阅兵,庆祝独立30周年。 新华社发(谢尔盖·斯塔拉斯坚科 摄)