Connect with us

Europe

ပိုလန်က ယူကရိန်းအား တင့်ကားအမြောက်အများ ထောက်ပံ့ပေးခဲ့ကြောင်း ပိုလန်နိုင်ငံ လုံခြုံရေးအကြီးအကဲပြော

ယူကရိန်းနိုင်ငံ မြို့တော် ကိဗ်တွင် စစ်ရေးပြချီတက်ပွဲ၌ တန်းစီမောင်းနှင်လာသည့် တင့်ကားများကို ၂၀၂၁ ခုနှစ် ဩဂုတ် ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဝါဆော၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)

ပိုလန်နိုင်ငံ အစိုးရသည် ယူကရိန်းနိုင်ငံသို့ ဆိုဗီယက်ခေတ်ထုတ် T-72 ပင်မတိုက်ပွဲဝင်တင့်ကား အမြောက်အများ၊ ခြေလျင်တိုက်ခိုက်ရေးယာဉ် အနည်းငယ်နှင့် မောင်းသူမဲ့လေယာဉ်များ ပေးပို့ခဲ့ကြောင်း ပိုလန် လုံခြုံရေးအေဂျင်စီ အကြီးအကဲ Pawel Soloch က ဧပြီ ၂၉ ရက်တွင် သတင်းအစီအစဉ်တစ်ခု တွေ့ဆုံမေးမြန်းခန်း၌ ပြောကြားခဲ့သည်။

Soloch က သတင်းအစီအစဉ်အတွင်း တိကျသော ကိန်းဂဏန်းကို ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိခဲ့ကြောင်း၊ သို့သော် ပိုလန်မီဒီယာများ၏ ဧပြီ ၂၉ ရက် သတင်းဖော်ပြချက်အရ ပိုလန်က ယူကရိန်းသို့ တင့်ကားအစီး ၂၀၀ ကျော် လွှဲပြောင်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ပိုလန်နိုင်ငံ၌ တပ်စွဲထားသည့် အမေရိကန်စစ်သား ၁၀,၀၀၀ ခန့်ရှိကြောင်း Soloch က ပြောကြားခဲ့သည်။
ပိုလန်သည် ယူကရိန်းသို့ ဒေါ်လာ ၁.၅၈ ဘီလီယံရှိ စစ်ဘက်ဆိုင်ရာအကူအညီများ ပေးပို့ခဲ့ကြောင်း ပိုလန်သမ္မတ Andrzej Duda က ယခုသတင်းပတ်အစောပိုင်းတွင် ပြောကြားခဲ့သည်။  (Xinhua)

………………………….
(Chinese Version)
波兰国安局局长称波兰已向乌克兰提供“相当数量”坦克
新华社华沙4月29日电(记者陈琛 张章)波兰国家安全局局长索罗赫29日在接受当地一档新闻节目采访时说,波兰政府已向乌克兰提供了“相当数量”的苏制T-72主战坦克、小批量步兵战车以及无人机。
索罗赫在节目中没有透露具体数字。波兰媒体29日报道说,已有200多辆坦克被转移到乌克兰。
索罗赫还说,目前有约1万名美国士兵驻扎在波兰。
波兰总统杜达本周早些时候说,波兰已向乌克兰提供了70亿波兰兹罗提(约合15.8亿美元)的军事援助。
图说- 8月24日,在乌克兰首都基辅,坦克在阅兵式上列队行进。当日,乌克兰在首都基辅举行阅兵,庆祝独立30周年。 新华社发(谢尔盖·斯塔拉斯坚科 摄)