Connect with us

China

ရုရှားနိုင်ငံ သမ္မတ ပူတင် နှင့် တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီး လီရှန့်ဖူ တွေ့ဆုံဆွေးနွေး

မော်စကို၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ သမ္မတ ပူတင်နှင့် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်ကာကွယ်ရေးဝန်ကြီး လီရှန့်ဖူတို့သည် ဧပြီ ၁၆ ရက်က မော်စကိုတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် သမ္မတ ပူတင်က လီရှန့်ဖူကို သမ္မတရှီကျင့်ဖိန်အား နှုတ်ခွန်းဆက်ကြောင်းနှင့်ဆုမွန်ကောင်းတောင်းပေးကြောင်း ပြောကြားခဲ့သည်။ မကြာသေးမီက သမ္မတ ရှီကျင့်ဖိန်၏ ရုရှားခရီးစဉ်သည် အောင်မြင်မှုရလဒ်များစွာ ရရှိခဲ့ကြောင်း ၊ မိမိနှင့် သမ္မတရှီကျင့်ဖိန်သည် ခေတ်သစ် ရုရှား-တရုတ် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်စေရန် အစီအစဉ် ရေးဆွဲခဲ့ရာ နှစ်နိုင်ငံ မဟာဗျူဟာ ညှိနှိုင်းဆောင်ရွက်ရေး တစ်ဆင့်တိုး အားဖြည့်ဆောင်ရွက်သွားကြရန်၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ ပညာရေးစသည့် ကဏ္ဍများတွင် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစွာ ဆောင်ရွက်သွားရန် သဘောတူညီမှု ရရှိခဲ့ကြောင်း ၊ ရုရှား-တရုတ် စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံ ဆက်ဆံရေးတွင် အရေးကြီးသောအနေအထားရှိရာ နှစ်နိုင်ငံစစ်တပ် ပူးတွဲလေ့ကျင့်ရေး၊ ပညာရပ်ဆိုင်ရာ ဖလှယ်ရေးစသည့်ကဏ္ဍများ၏ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်သွားလိုကြောင်းနှင့် နှစ်နိုင်ငံ မဟာဗျူဟာ အပြန်အလှန် ယုံကြည်မှုကို နက်ရှိုင်းအောင် အဆက်မပြတ် ဆောင်ရွက်သွားလိုကြောင်း သမ္မတ ပူတင်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီး လီရှန့်ဖူက သမ္မတ ပူတင်အား သမ္မတရှီကျင့်ဖိန်၏ နှုတ်ခွန်းဆက်ခြင်းနှင့်ဆုမွန်ကောင်းတောင်းခြင်းကို တစ်ဆင့် ပြောကြားခဲ့သည်။ တရုတ်-ရုရှား ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံ ခေါင်းဆောင်များက ပဲ့ကိုင်ခဲ့ကြရာ ခေတ်သစ် ဘက်စုံ မဟာဗျူဟာ ညှိနှိုင်းမှု မိတ်ဖက်ဆက်ဆံရေး အဆက်မပြတ် နက်ရှိုင်းလာပြီး တရုတ်-ရုရှား စစ်ဘက်ဆိုင်ရာ အပြန်အလှန် ယုံကြည်မှုသည် တစ်နေ့တစ်ခြား ပို၍ ခိုင်မာလာကာ ပူးပေါင်းဆောင်ရွက်မှုရလဒ်များစွာ ရရှိခဲ့ကြောင်း လီရှန့်ဖူက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ရုရှားနိုင်ငံနှင့်အတူ နှစ်နိုင်ငံခေါင်းဆောင်များ၏သဘောတူညီချက်ကို ဘက်စုံဖော်ဆောင်ကာ နှစ်နိုင်ငံစစ်တပ်၏ မဟာဗျူဟာ ဆွေးနွေးညှိနှိုင်းမှုကို တစ်ဆင့်တိုး နီးကပ်စွာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဘက်ပေါင်းစုံ ဟန်ချက်ညီစွာ ညှိနှိုင်းမှုများကို တိုးမြှင့်ဆောင်ရွက်သွားကာ ကမ္ဘာနှင့်ဒေသတွင်း လုံခြုံရေး၊ တည်ငြိမ်ရေးကို ထိန်းသိမ်းကာကွယ်ရန် အကျိုးကျေးဇူးသစ်များ ဆောင်ကြဉ်းသွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)

……………………………
(Chinese Version)
俄罗斯总统普京会见李尚福
新华社莫斯科4月16日电(记者赵冰)当地时间4月16日,俄罗斯总统普京在莫斯科会见国务委员兼国防部长李尚福。
普京请李尚福转达对习近平主席的诚挚问候和美好祝福。他表示,习近平主席前不久访问俄罗斯,取得丰硕成果。我同习主席就新时代俄中关系发展作出规划部署,一致同意进一步加强两国战略协作,深化在经济、文化、教育等领域务实合作。俄中军事合作在两国关系中占有重要地位,希望两军加强联合演训、专业交流等领域合作,不断深化两国战略互信。
李尚福转达习近平主席对普京总统的亲切问候和良好祝愿。李尚福说,两国元首为中俄关系发展定向把舵,新时代全面战略协作伙伴关系不断深化,中俄军事互信日益巩固,合作成果丰硕。中方愿同俄方一道,全面落实两国元首共识,进一步密切两军战略沟通,加强多边协调配合,为维护世界和地区安全稳定作出新贡献。(完)