China
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဗဟို နိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိနှင့် ဩစတြီးယားနိုင်ငံခြားရေးဝန်ကြီး Alexander Schallenberg တွေ့ဆုံဆွေးနွေး

ဗီယင်နာ၊ မေ ၁၂ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဗဟို နိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိနှင့် ဩစတြီးယားနိုင်ငံခြားရေးဝန်ကြီး Alexander Schallenberg တို့သည် မေ ၁၁ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဝမ်ရိက တရုတ်-ဩစတြီးယား ဆက်ဆံရေးကို ကောင်းမွန်စွာ ထိန်းသိမ်းထားရမည်ဖြစ်ရာ တရုတ်နိုင်ငံ အနေဖြင့် ဩစတြီးယားနိုင်ငံနှင့်အတူ ချစ်ကြည်ရင်းနှီးသော မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို နက်ရှိုင်းစွာ ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။ နိုင်ငံတကာ အခြေအနေ မည်သို့ပင် ပြောင်းလဲသော်လည်း ဥရောပ တစ်သားတည်းအသွင်ပြောင်းမှု၊ ဥရောပသမဂ္ဂ စည်းလုံးညီညွတ်စွာ အင်အားတောင့်တင်းလာမှု၊ နိုင်ငံတကာရေးရာတွင် ဥရောပသမဂ္ဂက အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်မှုကို တရုတ်နိုင်ငံအနေဖြင့် အစဉ်အမြဲ အားပေးထောက်ခံကြောင်း ၊ တရုတ်နိုင်ငံသည် ဥရောပနှင့်အတူ အပြန်အလှန်လေးစားမှု၊ အပြန်အလှန် အကျိုးဖြစ်ထွန်းစေလိုမှုပေါ် အခြေခံ၍ တွေ့ဆုံဆွေးနွေး ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားလိုကြောင်း ပြောကြားခဲ့သည်။
ဩစတြီးယားနိုင်ငံခြားရေးဝန်ကြီး Alexander Schallenberg က ဩစတြီးယားနိုင်ငံအနေဖြင့် အပြန်အလှန်လေးစားမှု၊ ကွဲပြားခြားနားမှုကို ဘေးဖယ်၍ တူညီမှုများအား ရှာဖွေမှုပေါ်တွင် အခြေခံ၍ ဩစတြီးယား-တရုတ် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်အောင် အားထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဩစတြီးယားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်ကွင်းဆက်ဖြတ်တောက်သွားမည်မဟုတ်သလို ဥရောပ-တရုတ် ဆက်ဆံရေး ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင် ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။
နှစ်ဘက်တွေ့ဆုံဆွေးနွေးမှုတွင် အာရှ-ပစိဖိတ် အခြေအနေ၊ ယူကရိန်း အကျပ်အတည်း စသည့် ဘုံဂရုပြုကြသော ကိစ္စရပ်များအား အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ (Xinhua)
………………………………………….
(Chinese Version)
王毅会见奥地利外长沙伦贝格
新华社维也纳5月11日电2023年5月11日,中共中央政治局委员、中央外事工作委员会办公室主任王毅在维也纳会见奥地利外长沙伦贝格。
王毅表示,中奥关系保持良好发展,中方愿同奥方深化友好战略伙伴关系。无论国际风云如何变幻,中方始终坚定支持欧洲一体化,支持欧盟团结壮大,支持欧盟在国际事务中发挥更重要作用。中方愿与欧方在相互尊重、互利共赢的基础上开展对话合作。
沙伦贝格表示,奥方致力于在相互尊重、求同存异的基础上发展良好的奥中关系。奥方不主张搞对华脱钩,愿积极促进欧中关系健康发展。
双方还就亚太局势、乌克兰危机等共同关心的问题交换了意见。(完)