Connect with us

Asia

၂၀၂၃ ခုနှစ် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ ကမ္ဘောဒီးယားစီမံကိန်း သဘောတူစာချုပ်အား တရုတ်-ကမ္ဘောဒီးယား နှစ်နိုင်ငံအတူ လက်မှတ်ရေးထိုး

ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဝမ်ဝန်ထျန်းနှင့် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn တို့အတူ ဇွန် ၁၅ ရက်က ကမ္ဘောဒီးယားနိုင်ငံ မြို့တော်ဖနွမ်းပင်တွင် သဘောတူစာချုပ် လက်မှတ်ရေးထိုးပြီးနောက် လက်ဆွဲနှုတ်ဆက်နေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

ဖနွမ်းပင်၊ ဇွန် ၁၆ ရက် (ဆင်ဟွာ)

၂၀၂၃ ခုနှစ် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ ကမ္ဘောဒီးယားစီမံကိန်း သဘောတူစာချုပ်ကို ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဝမ်ဝန်ထျန်းနှင့် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn တို့အတူ ဇွန် ၁၅ ရက်က ကမ္ဘောဒီးယားနိုင်ငံ မြို့တော်ဖနွမ်းပင်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

အခမ်းအနားတွင် တရုတ်သံအမတ်ကြီး ဝမ်ဝန်ထျန်းက ကမ္ဘောဒီးယားနိုင်ငံသည် လန်ချန်း-မဲခေါင်း ပူးပေါင်းဆောင်ရွက်မှု(LMC)၏ အဓိကပါဝင်သူနှင့် တွန်းအားပေးသူ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယခုနှစ်အထိ ကမ္ဘောဒီးယားအစိုးရ ဦးဆောင်၍ အကောင်အထည်ဖော်ဆောင်ရွက်သော လန်ချန်း-မဲခေါင်း ပူးပေါင်းဆောင်ရွက်မှု(LMC)စီမံကိန်း ၈၉ ခု ထိ ရှိကြောင်း ၊ ယခုနှစ်သည် တရုတ်-ကမ္ဘောဒီးယား သံတမန်ဆက်ဆံရေး ထူထောင်သော ၆၅ နှစ်ပြည့် အထိမ်းအမှတ်နှင့် တရုတ်-ကမ္ဘောဒီးယား ချစ်ကြည်ရေးနှစ် ဖြစ်ရာ တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံနှင့်အတူ နှစ်နိုင်ငံခေါင်းဆောင်များရရှိထားသော အရေးကြီးသဘောတူညီချက်များကို ဘက်စုံ အကောင်အထည်ဖော်ဆောင်ရွက်သွားရန်၊ တရုတ်-ကမ္ဘောဒီးယား “ရပ်ဝန်းနှင့်ပိုးလမ်းမ”အတူလက်တွဲတည်ဆောက်ရေးနှင့် “စိန်ရောင်တောက်ပသော ကဏ္ဍ ၆ ရပ်(Diamond Hexagon)”ပူးပေါင်းဆောင်ရွက်မှုများအား တွန်းအားပေး ဆောင်ရွက်ရန်၊ အရည်အသွေးမြင့်၊ အဆင့်မြင့်၊ စံချိန်စံနှုန်းမြင့် ခေတ်သစ် တရုတ်-ကမ္ဘောဒီးယား အေးအတူ ပူအမျှအသိုက်အဝန်း တည်ဆောက်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Prak Sokhonnက လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု(LMC)သည် မဲခေါင်မြစ်ဝှမ်းဒေသခွဲ ပူးပေါင်းဆောင်ရွက်မှု ယန္တရားများစွာတွင် ပထမဦးဆုံး အထူးရန်ပုံငွေ တည်ထောင်ခဲ့ရာ ဒေသတွင်း နိုင်ငံများ၏ တန်ဖိုးထားမှု နှင့်မျှော်လင့်ချက်ထားမှုများ ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနှင့်အခြားသော မဲခေါင်မြစ်ဝှမ်းနိုင်ငံများအတွက် တရုတ်နိုင်ငံ၏ ကူညီပံ့ပိုးမှုများကို ကမ္ဘောဒီးယားနိုင်ငံက အထူး တန်ဖိုးထားကြောင်း၊ တရုတ်နိုင်ငံအပါအဝင် အခြားသော ဒေသခွဲနိုင်ငံများနှင့်အတူ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC)နှင့် “ရပ်ဝန်းနှင့်ပိုးလမ်းမ”အဆိုပြုချက်၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအဆိုပြုချက် ၊ အခြားသော ဒေသခွဲပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ ယန္တရားများ၏ ချိတ်ဆက်မှုကို ဆက်လက်တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း၊ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကို မျက်နှာမူသည့် လန်ချန်း-မဲခေါင် နိုင်ငံများ အေးအတူ ပူအမျှအသိုက်အဝန်း တည်ဆောက်ရေးကို တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း Prak Sokhonnက ပြောကြားခဲ့သည်။ (Xinhua)

……………………………………
(Chinese Version)
中柬签署2023年度澜湄合作专项基金柬方项目协议
新华社金边6月15日电中国驻柬埔寨大使王文天同柬埔寨副首相兼外交大臣布拉索昆15日在柬首都金边共同签署2023年度澜湄合作专项基金柬方项目协议。
王文天在致辞中表示,柬埔寨始终是澜湄合作主要参与者和推动者。截至今年,柬政府牵头实施的澜湄合作项目达89个。今年是中柬建交65周年和中柬友好年,中方愿同柬方一道,全面落实两国领导人达成的重要共识,持续推进中柬共建“一带一路”和“钻石六边”合作,构建高质量、高水平、高标准的新时代中柬命运共同体。
布拉索昆表示,澜湄合作在湄公河次区域合作众多机制中率先设立专项基金,备受地区国家赞赏和期待。柬方高度赞赏中国向柬及其他湄公河国家提供支持和帮助,将继续同中方以及其他次区域国家一道,推动澜湄合作同“一带一路”倡议、全球发展倡议以及其他次区域合作机制对接,推动构建面向和平与繁荣的澜湄国家命运共同体。
1. 6月15日,在柬埔寨金边,中国驻柬埔寨大使王文天和柬埔寨副首相兼外交大臣布拉索昆在签署协议后握手。(李莱摄)