Connect with us

International Organizations

ဟေတီနိုင်ငံတွင် နိုင်ငံစုံ လုံခြုံရေး ပံ့ပိုးကူညီရေး (MSS) မစ်ရှင်ကို အရှိန်မြှင့် ဖြန့်ကြက်ရန် တရုတ်နိုင်ငံက မျှော်လင့်ကြောင်း

နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် လုံခြုံရေးကောင်စီက ဟေတီနိုင်ငံ၌ နိုင်ငံစုံလုံခြုံရေး ပံ့ပိုးကူညီရေးမစ်ရှင်ကို တရားဝင်သက်တမ်းတိုးခွင့်ပြုရန် စက်တင်ဘာ ၃၀ ရက်က မဲခွဲဆုံးဖြတ်နေစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)
ဟေတီနိုင်ငံ လုံခြုံရေးအခြေအနေ ကောင်းမွန်စေရေး အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရန်အတွက် ပံ့ပိုးကူညီရေးမစ်ရှင် အရှိန်မြှင့် ဖြန့်ကြက်နေရာချထားပြီး ဟေတီရဲများ၏ အမည်းဂိုဏ်းအုပ်စုဖွဲ့အကြမ်းဖက်မှု တိုက်ဖျက်ရေးစွမ်းရည်ကို မြှင့်တင်ရန်၊ ရပ်ကွက်များ၊ ဆေးရုံများနှင့် စာသင်ကျောင်းများစသည့် အများပြည်သူဆိုင်ရာအဆောက်အအုံနှင့် အရပ်သားများအား အကာအကွယ်ပေးရေး အားကောင်းလာစေရန် တရုတ်နိုင်ငံက မျှော်လင့်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ၏ အမြဲတမ်းကိုယ်စားလှယ် ကိန်းစွမ်က စက်တင်ဘာ ၃၀ ရက် ဟေတီနိုင်ငံတွင် နိုင်ငံစုံလုံခြုံရေး ပံ့ပိုးကူညီရေး (မစ်ရှင်) ၏ တရားဝင်လုပ်ပိုင်ခွင့်သက်တမ်း တိုးပေးမည့် ဆုံးဖြတ်ချက်ကို လုံခြုံရေးကောင်စီ မဲခွဲဆုံးဖြတ်ပြီးနောက် ရှင်းလင်းချက်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။
ဟေတီနိုင်ငံသို့ စေလွှတ်ထားသော ပံ့ပိုးကူညီရေးမစ်ရှင်၏ တရားဝင်လုပ်ပိုင်ခွင့်သက်တမ်း ၁ နှစ် တိုးပေးခဲ့သော ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ တညီတညွတ်တည်း ချမှတ်လိုက်သည့် ဆုံးဖြတ်ချက်ကို တရုတ်နိုင်ငံအနေဖြင့် ကြိုဆိုကြောင်း ကိန်းစွမ်က ပြောကြားခဲ့သည်။ လွန်ခဲ့သည့်နှစ် အောက်တိုဘာလတွင် လုံခြုံရေးကောင်စီက အမှတ် ၂၆၉၉ ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ချိန်မှစ၍ နိုင်ငံတကာအသိုက်အဝန်းသည် ထောက်ပံ့ရေးမစ်ရှင်ကို တတ်နိုင်သမျှအမြန်ဆုံး ဖြန့်ကြက်ရန်၊ ၎င်း၏အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရန်နှင့် အခြေအနေတည်ငြိမ်စေရန် တက်ကြွစွာမြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိ ပံ့ပိုးကူညီရေးမစ်ရှင်တွင် လူပေါင်း ၄၀၀ ကျော် ဖြန့်ကြက်ထားပြီး၊ အမည်းဂိုဏ်းအုပ်စုဖွဲ့အကြမ်းဖက်မှုများကို တိုက်ဖျက်ရာတွင် လှုပ်ရှားမှုများစွာ လုပ်ဆောင်ခဲ့ရာ တိုးတက်မှုအတိုင်းအတာ တစ်ခုထိရရှိထားပြီး နောက်ဆက်တွဲဖြန့်ကြက်မှုကိုလည်း တိုးမြှင့်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
ပံ့ပိုးကူညီရေးမစ်ရှင်၏ ငွေကြေးအရင်းအမြစ်ပိုင်းတွင် ကြီးမားသောကွာဟချက်ရှိနေပြီး ကတိပြုထားသည့် ရန်ပုံငွေအများအပြား လက်ခံရရှိခြင်းမရှိသေးကြောင်း တရုတ်နိုင်ငံက သတိပြုမိသည်ဟု ကိန်းစွမ်က ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ပံ့ပိုးကူညီရေးမစ်ရှင်အတွက် တည်ငြိမ်သော ငွေကြေးအရင်းအမြစ်များ ပံ့ပိုးပေးရန် သက်ဆိုင်ရာ အလှူရှင်နိုင်ငံများအား ကတိကဝတ်များကို ဖော်ဆောင်ရန် တိုက်တွန်းခဲ့ကြောင်း၊ ရန်ပုံငွေရှာဖွေခြင်း၊ စီမံခန့်ခွဲခြင်းနှင့် အသုံးပြုခြင်းတို့ကို အားကောင်းလာစေရန်နှင့် ပံ့ပိုးကူညီရေးမစ်ရှင် ထိရောက်စွာလည်ပတ်ပြီး ရှိသင့်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရေး သေချာစေရန်အတွက် တရုတ်နိုင်ငံက ကုလသမဂ္ဂယုံကြည်မှုအပ်နှံမှုရန်ပုံငွေအဖွဲ့အား ထောက်ခံကြောင်း ၎င်းက ပြောကြားခဲ့သည်။ ယခင်ဆွေးနွေးညှိနှိုင်းပွဲများတွင် အဖွဲ့ဝင်အချို့က ပံ့ပိုးကူညီရေးမစ်ရှင်အား ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုလှုပ်ရှားရေးအဖြစ် မြှင့်တင်ပြောင်းလဲရန် အဆိုပြုခဲ့ကြောင်း၊ ကုလသမဂ္ဂသည် သမိုင်းတွင် ဟေတီနိုင်ငံသို့ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု လှုပ်ရှားရေး ပြုလုပ်ရန် အကြိမ်များစွာ စေလွှတ်ခဲ့သော်လည်း ရလဒ်များမှာ ကျေနပ်ဖွယ်မရှိသည့်အပြင် သင်ခန်းစာယူစရာများမှာ နက်ရှိုင်းလွန်းလှကြောင်း၊ လက်ရှိထိပ်တန်းဦးစားပေးရမည်မှာ ဆုံးဖြတ်ချက် အမှတ် ၂၆၉၉ ကို အကောင်အထည်ဖော်ရန်ဖြစ်ပြီး ပံ့ပိုးကူညီရေးမစ်ရှင်၏ အခန်းကဏ္ဍကို အမှန်တကယ်လုပ်ဆောင်နိုင်ရန်ဖြစ်ကာ အခြားရွေးချယ်စရာများကို ယခုဆွေးနွေးခြင်းသည် မစ်ရှင်၏ တရားဝင်လုပ်ပိုင်ခွင့် မြှင့်တင်ခြင်းကိုသာ အနှောင့်အယှက်ဖြစ်စေမည်ဟု တရုတ်နိုင်ငံက ယူဆကြောင်း ၎င်းကပြောကြားခဲ့သည်။
ဟေတီနိုင်ငံသည် အကျပ်အတည်းများစွာတွင် ကာလကြာရှည်စွာ ပိတ်မိနေခဲ့ကြောင်း ကိန်းစွမ်က အလေးထားပြောကြားခဲ့သည်။ တရားဝင်မှု၊ ထိရောက်မှု၊ တာဝန်ခံမှုရှိသောအစိုးရ မရှိလျှင် မည်သည့်ပြင်ပပံ့ပိုးကူညီမှုမဆို ရေရှည်အကျိုးသက်ရောက်မှုရှိရန် ခဲယဉ်းလှကြောင်း၊ ဟေတီရှိ ပါတီနှင့် ဂိုဏ်းဂဏအသီးသီးတို့သည် ပြည်သူများ၏ အကျိုးစီးပွားကို ဦးထိပ်ထားကာ လုပ်ဆောင်နိုင်ခြေရှိပြီး ယုံကြည်ရလောက်သော ရွေးကောက်ပွဲ အချိန်ဇယားနှင့် လမ်းပြမြေပုံကို အမြန်ဆုံး ဖော်ထုတ်ပြီး “ဟေတီနိုင်ငံ၏ ပိုင်ဆိုင်မှုများကို ဟေတီပြည်သူများမှ ဦးဆောင်ခြင်း” နိုင်ငံရေး လုပ်ငန်းစဉ်ကို ထိထိရောက်ရောက် မြှင့်တင်ရန် တရုတ်နိုင်ငံက မျှော်လင့်ကြောင်း၊ တစ်ချိန်တည်းမှာပင် ဟေတီနိုင်ငံသို့ တရားမဝင်လက်နက်များနှင့် ခဲယမ်းမီးကျောက်များ စဉ်ဆက်မပြတ်စီးဆင်းဝင်ရောက်နေပါက ပြင်ပအထောက်အပံ့ မည်သို့ပင်များပြားစေကာမူ ဟေတီနိုင်ငံ၏လုံခြုံရေးအခြေအနေကို အခြေခံမှ ပြန်လည်ကောင်းမွန်လာအောင် ဆောင်ရွက်ပေးနိုင်မည်မဟုတ်ကြောင်း၊ လက်နက်နှင့် ခဲယမ်းမီးကျောက်များ ထိန်းချုပ်မှုကို ထိထိရောက်ရောက် မြှင့်တင်ရန် သက်ဆိုင်ရာနိုင်ငံများအား တရုတ်က တိုက်တွန်းထားပြီး လာမည့်လ လုံခြုံရေးကောင်စီတွင် ဟေတီနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ တရားဝင်သက်တမ်းတိုးရန် ဆွေးနွေးသည့်အခါ ပိုမိုအားကောင်းသည့် ဆောင်ရွက်မှုများကို လုပ်ဆောင်ရန် မျှော်လင့်ထားကြောင်း ၎င်းက အလေးအနက် ပြောကြားခဲ့သည်။ (Xinhua)
…………………………..
(Chinese Version)
中方期待海地多国安全支助团加快部署到位
新华社联合国9月30日电 中国常驻联合国副代表耿爽9月30日在安理会表决海地多国安全支助团(支助团)授权延期决议后的解释性发言中表示,中方期待看到支助团加快部署到位,帮助海地警方提升打击黑帮暴力能力,加强对生活区、医院、学校等民用设施和平民的保护,为改善海地安全形势发挥更大作用。
耿爽说,中方欢迎安理会一致通过决议,将向海地派遣的支助团的授权延期一年。自去年10月安理会通过第2699号决议以来,国际社会一直积极推动支助团能够尽快部署到位,发挥作用,稳定局势。目前,支助团已部署400多人,在打击黑帮暴力方面采取不少行动,取得一定进展,后续部署也正在推进。
耿爽说,中方注意到支助团在资金资源方面仍有较大缺口,大量承诺资金仍未到位。中方呼吁相关捐资国尽快履行捐资承诺,为支助团提供稳定资金资源支持。中方支持联合国信托基金加强资金的筹集、管理和使用,为保障支助团有效运转发挥应有作用。在此前的磋商中,一些成员提出要推动支助团向联合国维和行动转型。联合国历史上曾多次向海地派遣维和行动,但效果均不理想,教训极其深刻。中方认为,当务之急还是要落实第2699号决议,把支助团的作用真正发挥出来,现在讨论其他选项只会干扰推进支助团的授权。
耿爽强调,海地长期身陷多重危机。如果没有一个合法、有效、负责的政府,任何外部支持都难以发挥持久效果。中方希望海地各党各派将人民利益放在首位,尽快拿出可行可信的选举时间表和路线图,切实推进“海地人主导、海地人所有”的政治进程。同时,如果非法武器弹药仍源源不断流入海地,再多的外部支持也无法从根本上改善海地安全形势。中方敦促相关国家切实加强武器弹药管控,期待安理会在下个月讨论海地制裁授权延期时拿出更有力的举措。(完)
图说:9月30日,在位于纽约的联合国总部,安理会就海地多国安全支助团授权延期进行表决。