Connect with us

China

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး David Lammy တွေ့ဆုံဆွေးနွေး

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး David Lammy တို့ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၈ ရက်က ပေကျင်းမြို့တွင် တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး David Lammy နှင့် အောက်တိုဘာ ၁၈ ရက်က ပေကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် ဝမ်ရိက တရုတ်-ဗြိတိန် သည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံနှင့် ကမ္ဘာ့ အဓိက စီးပွားရေးအစုအဖွဲ့များ အတူဖြစ်ကြရာ ကုလသမဂ္ဂအား ဗဟိုပြုသည့် နိုင်ငံတကာစနစ်ကို ကာကွယ်ထိန်းသိမ်းသူ၊ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် ပူးပေါင်းဆောင်ရွက်သူ၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်သော တစ်ခရီးတည်းသွားသူ ဖြစ်သင့်ပါကြောင်း ပြောကြားခဲ့သည်။ ယခုနှစ် ဩဂုတ်လက သမ္မတ ရှီကျင့်ဖိန်နှင့် ဝန်ကြီးချုပ် ကီယာစတားမာ တို့ ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ရာတွင် နှစ်နိုင်ငံ ထိတွေ့ဆက်ဆံမှုတိုးမြှင့်ရေး၊ နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အရေးကြီးသဘောတူညီချက်ရရှိခဲ့ပြီး နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှု ယုံကြည်ချက်ကို မြှင့်တင်နိုင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ဗြိတိန်နိုင်ငံနှင့်အတူ နှစ်နိုင်ငံခေါင်းဆောင်များ၏ သဘောတူညီချက်များကို လမ်းညွှန်ချက်အဖြစ်ထားရှိပြီး အပြန်အလှန် နားလည်လေးစားမှု၊ တံခါးဖွင့်ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစွာ အဓိက အခြေခံထားကာ မဟာဗျူဟာ ညှိနှိုင်းမှု နက်ရှိုင်းအောင်၊ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်အောင် ဆောင်ရွက်၍ တရုတ်-ဗြိတိန် ဆက်ဆံရေး တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်သော အဆင့်သစ်သို့ ဝင်ရောက်အောင် တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဝမ်ရိက မကြာသေးမီက The Sinking of the Lisbon Maru ဟုခေါ်သော မှတ်တမ်းရုပ်ရှင်တွင် ဒုတိယကမ္ဘာစစ်ကာလ တရုတ်တံငါသည်များက ဗြိတိန်စစ်သုံ့ပန်းများအား ရဲဝံ့စွာ ကူညီကယ်ဆယ်ခဲ့သည့် ဖြစ်ရပ်အား ဖော်ပြခဲ့ရာ တရုတ်-ဗြိတိန် ပခုံးချင်းယှဉ်ဆင်နွှဲခဲ့ရသည့် ဖက်ဆစ်ခုခံတော်လှန်ရေး တူညီသည့်အမှတ်တရများကို ပြန်လည်အောက်မေ့စေခဲ့ကြောင်း ပြောကြားခဲ့သည်။

တရုတ်-ဗြိတိန် ဆက်ဆံရေးသည် သမိုင်းကို ဖြတ်သန်းပြီး ယခုအခါ စမှတ်သစ်သို့ ရောက်ရှိနေပါကြောင်း၊ ဗြိတိန် အလုပ်သမားပါတီ အစိုးရအနေဖြင့် ရေရှည်၊ တည်ငြိမ်သော မဟာဗျူဟာအနက်အဓိပ္ပါယ်ရှိသည့် တရုတ်နိုင်ငံဆက်ဆံရေးကို အဆိုပြုခဲ့ရာ ထို့အပေါ် တရုတ်နိုင်ငံအနေဖြင့် အပြုသဘောသုံးသပ်ပါကြောင်း၊ အဘယ်ကြောင့်ဆိုသော် ၎င်းမှာ နှစ်နိုင်ငံ ဆက်ဆံရေး သမိုင်းယုတ္တိ၊ လက်တွေ့လိုအပ်ချက်နှင့် ကိုက်ညီမှု၊ နှစ်နိုင်ငံပြည်သူများ၏ အခြေခံအကျိုးစီးပွားနှင့် ကိုက်ညီမှု၊ သမိုင်းရေစီးကြောင်း၊ နိုင်ငံတကာအခြေအနေကြီးနှင့် ကိုက်ညီမှု ရှိပါကြောင်း၊ ထိုင်ဝမ်၊ ဟောင်ကောင်ရေးရာသည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေး ဖြစ်ပြီး ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်မှုမပြုရေးသည် နိုင်ငံတကာ ဆက်ဆံရေး၏ အခြေခံမူ ဖြစ်ကြောင်း၊ နှစ်ဖက်အနေဖြင့် စိုးရိမ်ပူပန်မှုများကို အပြန်အလှန်လေးစားခြင်း၊ တန်းတူညီမျှ ဆက်ဆံမှုပေါ်တွင် အခြေခံ၍ တွေ့ဆုံဆွေးနွေးမှုကို မြှင့်တင်ခြင်း၊ နားလည်မှုများ တိုးမြှင့်ခြင်းဖြင့် ပူးပေါင်းဖလှယ်ရေးအတွက် အခြေအနေကောင်းများ တည်ဆောက်ပေးသင့်ပါကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် နှစ်နိုင်ငံကဏ္ဍစုံ တွေ့ဆုံညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု ယန္တရားကို ဘက်စုံ ပြန်လည်ဖော်ဆောင်ရန် သဘောတူပါကြောင်း၊ ကုန်သွယ်ရေး၊ ဘဏ္ဍာရေး၊ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေး၊ သိပ္ပံနည်းပညာ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုယဉ်ကျေးမှု စသည့် ကဏ္ဍများတွင် အပြန်အလှန်အကျိုးဖြစ်ထွန်းရေး ပူးပေါင်းဆောင်ရွက်မှုများကို တက်ကြွစွာ ဆောင်ရွက်သွားလိုကြောင်း၊ ကမ္ဘာသည် ယခင်က မကြုံခဲ့ရဖူးသော စိန်ခေါ်မှုများကို ရင်ဆိုင်နေရရာ နိုင်ငံကြီးအားပြိုင်မှုသည် ယခုခေတ်၏ နောက်ခံအရောင် မဖြစ်သင့်ကြောင်း၊ တရုတ်နိုင်ငံသည် ဗြိတိန်အပါအဝင် နိုင်ငံအသီးသီးနှင့်အတူ တွေ့ဆုံညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ပြီး နိုင်ငံတကာတာဝန်ကို အတူတကွ ထမ်းဆောင်သွားလိုကြောင်း၊ စစ်မှန်သည့် နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒကို အခိုင်အမာ လက်ကိုင်ထားကာ နိုင်ငံတကာ တရားမျှတမှန်ကန်မှုနှင့် တံခါးဖွင့် ဖွံ့ဖြိုးတိုးတက်ရေးကို လက်တွေ့မြှင့်တင်သွားလိုကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

David Lammy က ဗြိတိန်အစိုးရသည် စဉ်ဆက်မပြတ်ဖြစ်သော အပြန်အလှန်လေးစားမှု၊ နှစ်ဖက်ရေရှည် အကျိုးစီးပွားနှင့် ကိုက်ညီသည့် နည်းလမ်းကို အားထုတ်ဆောင်ရွက်လျက်ရှိရာ တရုတ်နိုင်ငံနှင့်အတူ ဆွေးနွေးညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ကာ ကွဲလွဲမှုများကို ထိရောက်စွာ ထိန်းချုပ်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုင်ဝမ်အရေးတွင် ဗြိတိန်သည် သံတမန်ဆက်ဆံရေး ထူထောင်စဉ်ကာလ ကတိကဝတ်များကို လိုက်နာစောင့်ထိန်းကာ ရေရှည် ခိုင်မာစွာ လက်ကိုင်ထားမည် ဖြစ်ကြောင်း၊ ဗြိတိန်-တရုတ် နှစ်နိုင်ငံသည် ကျယ်ပြန့်သည့် ဘုံအကျိုးစီးပွားများ ရှိရာ မည်သည့် “သံကန့်လန့်ကာ” မျှ မခြားထားသင့်ကြောင်း၊ ဗြိတိန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ အဆင့်မြင့်အရာရှိ ဆက်ဆံရေး၊ အလွှာစုံ ကူးလူးဖလှယ်ဆွေးနွေးညှိနှိုင်းမှုများကို အားဖြည့်ဆောင်ရွက်သွားလိုကြောင်း၊ ဥတုရာသီပြောင်းလဲမှု၊ စွမ်းအင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သိပ္ပံနှင့်နည်းပညာ၊ ကုန်သွယ်စီးပွား၊ ရင်းနှီးမြှုပ်နှံရေး၊ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး စသည့် ကဏ္ဍများ၏ ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့၍ ဗြိတိန်-တရုတ် ဆက်ဆံရေး အားကောင်းစွာ ဖွံ့ဖြိုးတိုးတက်ရေး ခရီးစဉ်သစ်ကို ဖွင့်လှစ်သွားလိုကြောင်း၊ ဗြိတိန်-တရုတ် နှစ်နိုင်ငံသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများ ဖြစ်ကြရာ ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့်လုံခြုံရေးကို ထိန်းသိမ်းကာကွယ်မည့် ထူးခြားသည့်တာဝန်ရှိသလို လွတ်လပ်သော ကုန်သွယ်ရေးကို အတူတကွကာကွယ်သင့်ပြီး ပထဝီအကျပ်အတည်းနှင့် ရှုပ်ထွေးသည့်စိန်ခေါ်မှုများကို သံတမန်ရေးနည်းလမ်းဖြင့် ကိုင်တွယ်စီမံရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

နှစ်ဖက်တွေ့ဆုံမှုတွင် ယူကရိန်းအကျပ်အတည်း၊ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ၊ မြန်မာ့နိုင်ငံရေး စသည့် နိုင်ငံတကာနှင့် ဒေသရေးရာ အရေးကြီးကိစ္စရပ်များအား အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရသည်။ (Xinhua)


………………………………
(Chinese Version)
王毅同英国外交发展大臣拉米会谈
新华社北京10月18日电 10月18日,中共中央政治局委员、外交部长王毅在京同英国外交发展大臣拉米举行会谈。
王毅表示,中英同为联合国安理会常任理事国和世界主要经济体,应当成为以联合国为核心的国际秩序的维护者、应对全球性挑战的合作者、实现国家发展的同行者。今年8月,习近平主席同斯塔默首相通话,就两国增进接触、深化合作达成重要共识,提振了双边合作信心。中方愿同英方一道,以两国领导人共识为引领,坚持相互理解尊重,坚持把开放合作作为主基调,深化战略沟通,促进务实合作,推动中英关系进入稳定发展的新阶段。
王毅说,最近一部叫做《里斯本丸沉没》的纪录电影讲述了二战期间中国渔民奋勇救助英军俘虏的故事,让人们得以重温中英并肩作战抗击法西斯的共同记忆。中英关系从历史中走来,现在站在新的起点上。英国工党政府提出发展长期、稳定、有战略意义的对华关系,中方对此积极评价,因为这符合两国关系的历史逻辑和现实需要,符合两国人民的根本利益,符合历史潮流和国际大势。台湾、香港事务是中国内政,不干涉内政是国际关系基本准则。双方应相互尊重彼此关切,在平等相待基础上加强对话,增进了解,为交流合作营造氛围。中方同意全面恢复两国各领域对话合作机制,积极开展贸易、金融、绿色发展、科技、卫生、教育人文等领域互利合作。世界正面临前所未有挑战,大国竞争不应成为这个时代的底色。中方愿同包括英国在内的各国一道,加强对话合作,共担国际责任,坚持真正的多边主义,切实促进国际公平正义和开放发展。
拉米表示,英国政府致力于以连贯、相互尊重、符合双方长期利益的方式,加强同中国对话合作,有效管控分歧。英方在台湾问题上恪守建交时的承诺,并将长期坚持。英中有着广泛共同利益,两国间不应该有什么“铁幕”。英方期待同中方加强高层及各级别交往对话,扩大气候变化、能源、环保、科技、经贸、投资、国际发展等领域合作,开启英中伙伴关系强劲发展的新征程。英中同为联合国安理会常任理事国,对维护世界和平与安全担负特殊责任,应共同维护自由贸易,致力于通过外交手段应对地缘危机和复杂挑战。
双方就乌克兰危机、巴以冲突、缅甸局势等国际和地区热点问题交换意见。(完)
1. 10月18日,中共中央政治局委员、外交部长王毅在北京同英国外交发展大臣拉米举行会谈。 新华社记者 刘彬 摄