Connect with us

Asia

အမေရိကန်စစ်အခြေစိုက်စခန်းမှ “အဆိပ်သင့်ရေဆိုးများ” က တိုကျို၊ Fussa မြို့အထိ ယိုစိမ့်လာသည်ဟု သံသယရှိ

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် အမေရိကန် ယိုကိုတာ စစ်အခြေစိုက်စခန်းကို ၂၀၂၂ ခုနှစ် ဇွန် ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)
ဂျပန်နိုင်ငံတွင် တပ်စွဲထားသော အမေရိကန်စစ်တပ်၏ နောက်ဆုံးရသတင်းများအရ အမေရိကန် ယိုကိုတာ စစ်အခြေစိုက်စခန်းမှ ဩဂုတ်လအတွင်း ယိုစိမ့်ခဲ့သည့် အန္တရာယ်ရှိသော ရေဆိုးများသည် အနီးနားရှိ တိုကျို၊ Fussa မြို့သို့ စီးဆင်းသွားနိုင်ဖွယ်ရှိသည်ဟု ဂျပန်မီဒီယာများက အောက်တိုဘာ ၁၈ ရက်တွင် ဖော်ပြခဲ့သည်။ တိုကျိုမြို့တော်အစိုးရသည် အများပြည်သူသုံးရေနှင့် မြေအောက်ရေညစ်ညမ်းမှုအခြေအနေကို စုံစမ်းစစ်ဆေးရန် ဂျပန်ဗဟိုအစိုးရအား တောင်းဆိုခဲ့ကြောင်း သိရသည်။

ယခုနှစ် ဩဂုတ်လက မိုးသည်းထန်စွာ ရွာသွန်းမှုအတွင်း အမေရိကန် ယိုကိုတာ စစ်အခြေစိုက်စခန်း ရေသိုလှောင်ကန်မှ Per- and polyfluoroalkyl substances (PFAS) ပါဝင်သော လီတာ ၄၇,၀၀၀ ခန့် ရှိသည့် ညစ်ညမ်းရေ ယိုစိမ့်မှုဖြစ်ပွါးကာ ရေဆိုးတချို့သည် ရေနုတ်မြောင်းမှတစ်ဆင့် အခြေစိုက်စခန်းအပြင်သို့ စီးဆင်းသွားနိုင်ဖွယ်ရှိကြောင်း ဂျပန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ယခုလအစောပိုင်းတွင် တိုကျိုမြို့တော်အစိုးရကို အသိပေးခဲ့သည်။ တိုကျိုမြို့တော်အစိုးရနှင့် ယိုကိုတာစစ်အခြေစိုက်စခန်းအနီးအနားရှိ ဒေသန္တရအစိုးရများသည် ယင်းဖြစ်ရပ် ဖြစ်ပွားပြီး တစ်လကျော်ကြာမှ သိရှိရသောကြောင့် အမျက်ဒေါသထွက်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြသည်။

ရေဆိုးများသည် ယိုကိုတာအခြေစိုက်စခန်း၏ အနောက်တောင်ဘက်ရှိ ရေနုတ်မြောင်းများမှ အပြင်သို့ ယိုစိမ့်သွားဖွယ်ရှိကြောင်း အမေရိကန်စစ်တပ်က အောက်တိုဘာ ၁၆ ရက်တွင် ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ ပိုမိုများပြားသော အချက်အလက်များ ထုတ်ဖော်ပြောဆိုခဲ့သည်။ ထို့ကြောင့် ရေဆိုးများသည် အနီးအနားရှိ Fussa မြို့ထဲသို့ စိမ့်ဝင်လာခဲ့ပြီးဖွယ်ရှိကြောင်း မီဒီယာများက သုံးသပ်ခဲ့ကြသည်။ အမေရိကန်စစ်တပ်၏ အဆိုအရ ရေဆိုးများတွင် ပါဝင်သော Per- and polyfluoroalkyl substances (PFAS) ၏ ပါဝင်မှုသည် ရေတစ်လီတာလျှင် ၁,၆၂၀ နာနိုဂရမ် ဖြစ်ပြီး ဂျပန်နိုင်ငံ လက်ရှိစံနှုန်း၏ ၃၂ ဆခန့်ရှိကြောင်း သိရသည်။

ထို့ကြောင့် တိုကျိုမြို့တော်အစိုးရသည် အခင်းဖြစ်ပွားရာနေရာအနီးရှိ အများပြည်သူသုံးရေနှင့် မြေအောက်ရေ ညစ်ညမ်းမှုအခြေအနေကို စုံစမ်းစစ်ဆေးရန်နှင့် ရလဒ်များကို ထုတ်ပြန်ရန် ဗဟိုအစိုးရအား တောင်းဆိုခဲ့သည်။ အခြေစိုက်စခန်းဝန်းကျင်ရှိ ဒေသန္တရအစိုးရများနှင့် ပူးပေါင်းဆောင်ရွက်ကာ လိုအပ်သောတုံ့ပြန်မှုအစီအမံများလုပ်ဆောင်ရန် ကြိုးပမ်းရှာဖွေသွားမည်ဟု တိုကျိုမြို့တော်အစိုးရက ပြောကြားခဲ့သည်။

ယိုကိုတာ အခြေစိုက်စခန်းသည် တိုကျိုမြို့လယ်မှ ကီလိုမီတာ ၄၀ ခန့်အကွာတွင် တည်ရှိသည်။ လွန်ခဲ့သည့်နှစ် ဇူလိုင်လတွင် အဆိုပါအခြေစိုက်စခန်း၌ PFAS ပါဝင်သော အမြှုပ်ထမီးသတ်ဆေးဘူးမှ ယိုစိမ့်မှုဖြစ်ပွားခဲ့ကြောင်း အမေရိကန်စစ်တပ်က ဝန်ခံခဲ့သည်။ အခြေစိုက်စခန်းအနီးအနားရှိ တိုကျိုမြို့ Tama ဒေသတွင် စမ်းသပ်စစ်ဆေးခံရသူ ထက်ဝက်ကျော်၏ သွေးစစ်ဆေးမှုတွင် အဆိုပါဒြပ်များ အလွန်အကျွံပါဝင်ကြောင်း ဖော်ပြနေရာ ယင်းသက်ရောက်မှုကြောင့် ဖြစ်ပေါ်သည်ဟု ယုံကြည်ကြသည်။

PFAS များသည် လျော့နည်းပပျောက်ရန် ခဲယဉ်းပြီး ပတ်ဝန်းကျင်နှင့် လူ့ခန္ဓာကိုယ်တွင် စုပုံလာတတ်ရာ ၎င်းတို့ကို “ထာဝရဓာတုပစ္စည်းများ” ဟူ၍ ခေါ်ဆိုကြသည်။ ထိုကဲ့သို့သော ဓာတုများ၏ ညစ်ညမ်းမှုခံထားရသည့် ရေများကို ရေရှည် အများအပြားသောက်သုံးခြင်းသည် မျိုးဆက်ပွားမှုဆိုင်ရာ ကျန်းမာရေးနှင့် ကလေးငယ်များ၏ ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပြီး ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ စသည့်ရောဂါများကိုပင် ဖြစ်စေနိုင်ကြောင်း ပညာရှင်များက ထောက်ပြခဲ့သည်။ (Xinhua)

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် အမေရိကန် ယိုကိုတာ စစ်အခြေစိုက်စခန်းကို ၂၀၂၂ ခုနှစ် ဇွန် ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………………………………..
(Chinese Version)
美军基地“毒废水”疑外泄至东京都福生市
新华社北京10月19日电 日本媒体18日报道,根据驻日美军提供的最新信息,美军横田基地8月外泄的有害污水可能已流入附近的东京都福生市。东京都政府要求日本中央政府对公共用水和地下水受污染情况展开调查。
日本防卫省本月初告知东京都政府,今年8月暴雨期间,美军横田基地储水池中含全氟和多氟烷基物质的约4.7万升污水溢出,部分污水可能通过排水口流到基地外。东京都政府和横田基地周边地方政府对事发后一个多月才知情表示愤慨。
美军16日就此事提供更多信息,称污水可能从横田基地西南部的排水口外泄。媒体由此推断,污水可能已流入附近的福生市。依照美军说法,污水中所含全氟和多氟烷基物质浓度为每升水1620纳克,约为日本暂定国家标准的32倍。
对此,东京都政府要求中央政府对事发区域附近的公共用水和地下水受污染情况展开调查,并公布结果。东京都政府表示,将与基地周边地方政府合作,寻求采取必要应对措施。

横田基地距离东京市中心大约40公里。去年7月,美军承认该基地发生过含有全氟和多氟烷基物质的灭火剂泄漏。在基地附近的东京都多摩地区,超半数受检者血液检测显示这类物质超标,据信是受此影响。
全氟和多氟烷基物质难以降解,会在环境和人体中累积,被称为“永久性化学物”。专家指出,长期大量饮用遭这类物质污染的水可能影响生殖健康和儿童生长发育,甚至引发乳腺癌、前列腺癌等疾病。(张旌)
图说1-2:这是2022年6月19日在日本东京拍摄的美军横田基地资料照片。新华社记者张笑宇摄