Connect with us

China

တတိယ သုံးလပတ်ကာလတွင် တရုတ်နိုင်ငံ ပြည်ဝင်၊ ပြည်ထွက် သွားလာသူ အကြိမ်ရေ သန်း ၁၆၀ ရှိရာ ပြီးခဲ့သည့်နှစ်ကာလတူထက် ၃၀.၁ ရာခိုင်နှုန်းတိုးလာ

တရုတ်နိုင်ငံ ပေကျင်းမြို့တော် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြည်ဝင်ခွင့်ကဒ်ပြား ရေးသားနေသည့် အမေရိကန်ခရီးသွားတစ်ဦးအား ရဲတပ်ဖွဲ့ဝင်တစ်ဦးက ကူညီဆောင်ရွက်ပေးနေသည်ကို ၂၀၂၄ ခုနှစ် ဇူလိုင် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)
၂၀၂၄ ခုနှစ် တတိယ သုံးလပတ်ကာလ၌ တရုတ်နိုင်ငံတစ်ဝန်း လူဝင်မှုကြီးကြပ်ရေးဌာနများ၏ စုစုပေါင်းစစ်ဆေးတွက်ချက်ခဲ့သည့် ပြည်ဝင်၊ ပြည်ထွက် သွားလာသူ အကြိမ်ရေမှာ သန်း ၁၆၀ ဖြစ်ပြီး ပြီးခဲ့သည့်နှစ်ကာလတူထက် ၃၀.၁ ရာခိုင်နှုန်း တိုးတက်လာကြောင်း တရုတ်နိုင်ငံ အမျိုးသား လူဝင်မှုကြီးကြပ်ရေးဌာနက အောက်တိုဘာ ၁၈ ရက်တွင် နောက်ဆုံးကိန်းဂဏန်းအချက်အလက်များအား ထုတ်ပြန်ခဲ့သည်။
၎င်းတို့အနက် ပြည်မကြီးတွင် နေထိုင်သည့် သွားလာသူ အကြိမ်ရေမှာ ၇၈.၅၄၅ သန်း၊ ဟောင်ကောင်၊ မကာအိုနှင့် ထိုင်ဝမ်တွင် နေထိုင်သည့် သွားလာသူ အကြိမ်ရေ ၆၄.၆၉၄ သန်း၊ နိုင်ငံခြားသား သွားလာသူ အကြိမ်ရေ ၁၆.၄၆၁ သန်း ရှိကြောင်း သိရသည်။
နိုင်ငံတစ်ဝန်း ပြည်ဝင်၊ ပြည်ထွက် ဂိတ်များမှ တရုတ်နိုင်ငံအတွင်းသို့ နိုင်ငံခြားသား ဝင်ရောက်သူ အကြိမ်ရေ ၈.၁၈၆ သန်း ရှိပြီး ပြီးခဲ့သည့် ကာလတူထက် ၄၈.၈ ရာခိုင်နှုန်း မြင့်တက်လာကြောင်း သိရသည်။ ၎င်းတို့အနက် ဗီဇာကင်းလွတ်ခွင့်ဖြင့် တရုတ်နိုင်ငံအတွင်းသို့ ဝင်ရောက်သူ အကြိမ်ရေ ၄.၈၈၅ သန်း ရှိရာ ပြီးခဲ့သည့်နှစ်ကာလတူထက် ၇၈.၆ ရာခိုင်နှုန်း တိုးလာခဲ့သည်။

ဗီဇာကင်းလွတ်ဖြတ်သန်းသွားလာခွင့် မူဝါဒများကို ပြည့်စုံကောင်းမွန်အောင် တရုတ်နိုင်ငံ အမျိုးသား လူဝင်မှုကြီးကြပ်ရေးဌာနက ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ လှုပ်ရှားမှုနယ်ပယ်များကို တိုးချဲ့ခြင်း၊ ချိတ်ဆက်မှု ဧရိယာများကို များပြားအောင် ဆောင်ရွက်ခြင်း၊ တံခါးဖွင့်အခင်းအကျင်းကို ကောင်းမွန်သည့်အသွင်ဖော်ဆောင်ခြင်းဖြင့် မူဝါဒ၏ တန်ဖိုးနှင့် ဆွဲဆောင်မှုကို တစ်ဆင့် မြှင့်တင်ကာ နိုင်ငံခြားသားများ တရုတ်နိုင်ငံသို့ လာရောက်မှု၊ နေထိုင်မှုများ အဆင်ပြေလွယ်ကူသည့် အဆင့်ကို တိုးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)
……………………….
(Chinese Version)
新华社权威快报|三季度1.6亿人次出入境 同比上升30.1%
国家移民管理局10月18日发布最新数据
2024年三季度
全国移民管理机构累计查验出入境人员1.6亿人次
同比上升30.1%
其中内地居民7854.5万人次
港澳台居民6469.4万人次
外籍人员1646.1万人次

全国各口岸入境外国人818.6万人次
同比上升48.8%
其中通过免签入境488.5万人次
同比上升78.6%
国家移民管理局将持续优化完善过境免签等政策措施
扩大活动范围、增加联动区域、优化开放布局
进一步提高政策的含金量、吸引力
提升外国人来华在华便利度

记者:任沁沁、刘硕
设计:潘一景
新华社国内部出品
1. A police officer assists an American tourist fill out an entry registration card at the border check section of Beijing Capital International Airport in Beijing, capital of China, July 10, 2024. (Xinhua/Li Xin)