Connect with us

China

သမ္မတ ရှီကျင့်ဖိန်က ဂျပန်ဝန်ကြီးချုပ်အဖြစ်ရွေးချယ်ခံရသည့် ရှိဂဲရု အီရှီဘာ ထံသို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့၊ ဝန်ကြီးချုပ် လီချန်ကလည်း ရှိဂဲရု အီရှီဘာ ထံသို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့

ပေကျင်း၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဂျပန်နိုင်ငံဝန်ကြီးချုပ်အဖြစ်ရွေးချယ်ခံရသော ရှိဂဲရု အီရှီဘာ ထံသို့ အောက်တိုဘာလ ၁ ရက်က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့သည်။
ရှီကျင့်ဖိန်က တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံသည် ရေကြောင်းလမ်းအနည်းငယ်သာခြားသည့် အိမ်နီးချင်းနိုင်ငံဖြစ်ကြောင်း ပြောကြားခဲ့သည်။ နှစ်နိုင်ငံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်း၊ ခေတ်အဆက်ဆက် ချစ်ကြည်ရင်းနှီးခြင်း၊ အပြန်အလှန် အကျိုးဖြစ်ထွန်းရေး ပူးပေါင်းဆောင်ရွက်ခြင်း၊ ဘုံဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ်ကို လျှောက်လှမ်းခြင်းသည် နှစ်နိုင်ငံ ပြည်သူများ၏ အခြေခံ အကျိုးစီးပွားနှင့်ကိုက်ညီကြောင်း၊ ဂျပန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ရည်မှန်းချက်အတူထားရှိကာ တရုတ်-ဂျပန် နိုင်ငံရေးသဘောတူညီချက် လေးခု၏ မူဝါဒများနှင့် သဘောတူညီမှုများကို စောင့်စည်းလိုက်နာပြီး နှစ်နိုင်ငံ မဟာဗျူဟာ အပြန်အလှန်အကျိုးဖြစ်ထွန်းသည့် ဆက်ဆံရေးကို ဘက်စုံတွန်းအားပေးရန်၊ ခေတ်သစ်နှင့်လျော်ညီသော အပြုသဘောဆောင်မှု၊ တည်ငြိမ်မှု ရှိသည့် တရုတ်-ဂျပန် ဆက်ဆံရေးကို အားထားတည်ဆောက်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ထိုနေ့တွင်ပင် တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်က ရှိဂဲရု အီရှီဘာ ထံသို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ရာ နှစ်ဖက်အနေဖြင့် နှစ်နိုင်ငံ ဆက်ဆံမှု နိုင်ငံရေးအခြေခံကို ကာကွယ်ထိန်းသိမ်းပြီး ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန် ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ကာ နှစ်နိုင်ငံ ပြည်သူများအတွက် ပိုမိုကောင်းမွန်သော အကျိုးစီးပွားကို ဆောင်ကြဉ်းသင့်ပါကြောင်း ပြောကြားခဲ့သည်။ (Xinhua)
………………………..
(Chinese Version)
习近平致电祝贺石破茂当选日本首相 李强向石破茂致贺电
新华社北京10月2日电 10月1日,国家主席习近平致电石破茂,祝贺他当选日本首相。
习近平指出,中国和日本是一衣带水的邻邦。两国走和平共处、世代友好、互利合作、共同发展之路,符合两国人民根本利益。希望日方同中方相向而行,恪守中日四个政治文件的原则和共识,全面推进两国战略互惠关系,致力于构建契合新时代要求的建设性、稳定的中日关系。
同日,国务院总理李强向石破茂致贺电,表示双方应维护两国关系政治基础,加强友好、互信与合作,更好造福两国人民。