Connect with us

Africa & Middle East

ကူညီကယ်ဆယ်ရေးနှင့် ကျန်းမာရေးဝန်ထမ်းများကို အစ္စရေးစစ်တပ် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့သည်ဟု လက်ဘနွန် ကျန်းမာရေးဝန်ကြီး ပြောကြား

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ တောင်ဘက် ဆင်ခြေဖုံးတွင် အစ္စရေးစစ်တပ် လေကြောင်းတိုက်ခိုက်ခဲ့သည့် အချင်းဖြစ်နေရာအား ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ)

ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ ပေါက်ကွဲ ဖြစ်ပွားပြီး တစ်နှစ်ကျော်ကြာကာလတွင် အစ္စရေးစစ်တပ်က လက်ဘနွန်ရှိ လက်ဘနွန်ဆေးကုသရေးနှင့် ကျန်းမာရေးဌာနများကို “တိုက်ရိုက်၊ ရည်ရွယ်ချက်ရှိစွာ” တိုက်ခိုက်ခဲ့ခြင်းကြောင့် ကူညီကယ်ဆယ်ရေးနှင့် ကျန်းမာရေးဝန်ထမ်း ၁၆၀ ဦးကျော် အသက်ဆုံးရှုံးခဲ့ရပြီး ဖြစ်ရာ “စစ်ရာဇဝတ်မှုမြောက်” ကြောင်း လက်ဘနွန်ကျန်းမာရေးဝန်ကြီး Firass Abiad က အောက်တိုဘာ ၂၅ ရက်တွင် ပြောကြားခဲ့သည်။

Firass Abiad က အောက်တိုဘာ ၂၅ ရက်တွင် သတင်းစာရှင်းလင်းပွဲ ကျင်းပ၍ အစ္စရေးစစ်တပ်က လက်ဘနွန် ကျန်းမာရေးစနစ်ကို တိုက်ခိုက်မှုကြောင့် ပျက်စီးမှုများအား အသေးစိတ် ရှင်းလင်း ပြောကြားခဲ့သည်။ အစ္စရေးစစ်တပ်၏ တိုက်ခိုက်မှုကြောင့် ကူညီကယ်ဆယ်ရေးနှင့် ကျန်းမာရေးဝန်ထမ်း သေဆုံးသူ ၁၆၃ ဦး၊ ဒဏ်ရာရသူ ၂၇၂ ဦး ရှိကြောင်း ၎င်းက ဆိုသည်။ အစ္စရေးစစ်တပ်က ဆေးရုံ ၅၅ ခု၊ လူနာတင်ယာဉ် ၁၅၈ စီး၊ မီးသတ်ကား ၅၇ စီးနှင့် ကူညီကယ်ဆယ်ရေးယာဉ် ၁၅ စီး ကိုလည်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

လက်ဘနွန် စစ်ရေးအခြေအနေနှင့်စပ်လျဉ်း၍ အသေးစိတ် သတင်းအချက်အလက်များကို ရရှိထားကြောင်း အစ္စရေးစစ်တပ်က ပြောကြားခဲ့ကြောင်း၊ ထို့ကြောင့် ကူညီကယ်ဆယ်ရေးနှင့် ကျန်းမာရေးဝန်ထမ်းများ အပေါ်တိုက်ခိုက်မှုမှာ “မှားယွင်းမှု မဖြစ်နိုင်” ကြောင်း Firass Abiad က ပြောကြားခဲ့သည်။

လူနာတင်ယာဉ် သုံးစီးတွင် လိုက်ပါလာသည့် ကူညီကယ်ဆယ်ရေးသမား ၈ ဦး သည် လက်ဘနွန်နယ်စပ် ကျေးရွာတစ်ခုကို အစ္စရေး တိုက်ခိုက်စဉ်အတွင်း သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း၊ ယနေ့ဆိုလျှင် အချင်းဖြစ်ရပ်မှာ ရက်သတ္တပတ် နှစ်ပတ်ရှိပြီဖြစ်ရာ “အစ္စရေးတွေက ကျွန်တော်တို့ကို အလောင်းကောက် မြေမြှုပ်ခွင့်တောင် မပေးကြဘူး” ဟု ၎င်းက ဥပမာပေး ပြောကြားခဲ့သည်။ လက်ဘနွန်နိုင်ငံ တောင်ပိုင်း အခြားနေရာ တစ်ခုတွင် မီးသတ်သမား ၆ ဦး အပျက်အစီများကြား ပိတ်မိနေဆဲဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သည့်နှစ် အောက်တိုဘာလ အစ္စရေးနှင့် ပါလက်စတိုင်း အစ္စလာမ်မစ် တော်လှန်ရေး လှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) ပဋိပက္ခ ပေါက်ကွဲဖြစ်ပွားခဲ့ရာ လက်ဘနွန် ဟစ်ဇ်ဘိုလာတို့က ဟားမက်စ်ကို ချိတ်ဆက် အထောက်အကူပြုရန်အတွက် လက်ဘနွန်-အစ္စရေး နယ်စပ်တွင် အစ္စရေးနှင့် အပြန်အလှန်ပစ်ခတ်ခဲ့သည်။ စက်တင်ဘာလက လက်ဘနွန်တွင် ဆက်သွယ်ရေးကိရိယာ ပေါက်ကွဲမှုများ အကြီးအကျယ် ဖြစ်ပွားခဲ့ခြင်း၊ ဟစ်ဇ်ဘိုလာ၏ ထိုစဉ်က အထွေထွေအတွင်းရေးမှူးချုပ် Hassan Nasrallah အစ္စရေး လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ခြင်းတို့နှင့်အတူ လက်ဘနွန်-အစ္စရေး တင်းမာမှုအခြေအနေ အရှိန်အဟုန် မြင့်တက်လာခဲ့သည်။ အစ္စရေးစစ်တပ်က ယခုလ ၁ ရက်တွင် လက်ဘနွန်နိုင်ငံ တောင်ပိုင်း၌ မြေပြင်လှုပ်ရှားမှုများ စတင်ခဲ့ရာ လက်ဘနွန်မြို့တော် ဘေရွတ် စသည့် နေရာအများအပြားကို ဆက်တိုက် လေကြောင်းတိုက်ခိုက်ခဲ့သလို ဟစ်ဇ်ဘိုလာတို့ကလည်း အစ္စရေး မြောက်ပိုင်းဒေသ အများအပြားကို ဒုံးကျည်၊ အမြောက် စသည်တို့ဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့သည်။

လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန်သည့် ကိန်းဂဏန်းများတွင် ယခုအကြိမ် ပဋိပက္ခကြောင့် လက်ဘနွန်ဘက်က သေဆုံးသူ ၂,၅၀၀ ကျော်၊ ဒဏ်ရာရသူ ၁၂,၀၀၀ ရှိပြီးဖြစ်ကြောင်း ဖော်ပြထားသည်။ ကုလသမဂ္ဂ၏ ကိန်းဂဏန်းအချက်အလက်များတွင် ပဋိပက္ခကြောင့် လက်ဘနွန်တွင် အိုးအိမ်မဲ့ဖြစ်ပွားသူ ၁.၂ သန်းရှိရာ ၎င်းတို့အနက် ၄၀၀,၀၀၀ ကျော်မျာ ကလေးသူငယ်များ ဖြစ်ကြောင်း ဖော်ပြထားသည်။ (Xinhua)

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ တောင်ဘက် ဆင်ခြေဖုံးတွင် အစ္စရေးစစ်တပ် လေကြောင်းတိုက်ခိုက်ခဲ့သည့် အချင်းဖြစ်နေရာအား ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………….
(Chinese Version)
黎卫生部长指认以军故意袭击救援和医护人员
新华社北京10月26日电 黎巴嫩卫生部长菲拉斯·阿卜亚德25日说,新一轮巴以冲突爆发一年多来,以色列军队在黎巴嫩“直接、故意”袭击黎方医疗卫生部门,已导致160余名救援和医护人员死亡,构成“战争罪”。
阿卜亚德25日召开记者会,详细介绍以军袭击对黎巴嫩医疗卫生系统造成的破坏。他说,以军袭击累计导致救援和医护人员163人死亡、272人受伤。以军袭击了55座医院、158辆救护车、57辆消防车和15辆救援车。
阿卜亚德说,以军方声称掌握有关黎巴嫩战事的详细情报,因此对救援和医护人员的袭击“不可能是失误”。
他举例说,三辆救护车内的8名救援人员在以军对黎以边境地区一座村庄的袭击中遇难,如今事发已两周,“以色列人甚至不让我们去殓尸”。在黎巴嫩南部另一处地点,6名消防员仍被埋在废墟下。
以色列与巴勒斯坦伊斯兰抵抗运动(哈马斯)去年10月爆发冲突,黎巴嫩真主党为策应哈马斯在黎以边境与以军交火。9月,随着黎巴嫩发生大范围通信设备爆炸事件、真主党时任总书记赛义德·哈桑·纳斯鲁拉在以军空袭中死亡,黎以局势骤然升温。以军本月1日对黎巴嫩南部发起地面行动,持续空袭黎首都贝鲁特等多地;真主党则持续对以色列北部多地发射火箭弹、炮弹等。
黎巴嫩卫生部最新数据显示,本轮冲突已导致黎方超过2500人死亡,1.2万人受伤。联合国数据显示,冲突已致黎巴嫩120万人流离失所,其中超过40万是儿童。(包雪琳)
1. 这是10月22日在黎巴嫩贝鲁特南郊拍摄的以军空袭现场。新华社发(比拉尔·贾维希摄)