Connect with us

China

ဗီယက်နမ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် တိုလမ်၊ ဗီယက်နမ်နိုင်ငံ သမ္မတ Luong Cuong၊ ဝန်ကြီးချုပ် ဖမ်မင်းချင်တို့ တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ ကျန်းယို့ရှာနှင့် သီးခြားစီ တွေ့ဆုံဆွေးနွေး

ဟနွိုင်း၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ ကျန်းယို့ရှာသည် ဖိတ်ကြားချက်အရ ဗီယက်နမ်နိုင်ငံကို အောက်တိုဘာ ၂၄ ရက်မှ ၂၆ ရက်အထိ အလည်အပတ်ခရီးစဉ် သွားရောက်ခဲ့ရာ ဗီယက်နမ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် တိုလမ်၊ ဗီယက်နမ်နိုင်ငံ သမ္မတ Luong Cuong၊ ဝန်ကြီးချုပ် ဖမ်မင်းချင် တို့နှင့် သီးခြားစီ တွေ့ဆုံဆွေးခဲ့သည်။

ဗီယက်နမ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် တိုလမ်က အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်အား ရင်းနှီးစွာ နှုတ်ခွန်းဆက်ကြောင်းနှင့် ဆုမွန်ကောင်း တောင်းစကားအား ကျန်းယို့ရှာမှတစ်ဆင့် ပြောကြားခဲ့သည်။
ဗီယက်နမ်-တရုတ် နှစ်နိုင်ငံ တော်လှန်ရေးသည် နီးကပ်စွာ ဆက်စပ်လျက်ရှိကြောင်း၊ ဗီယက်နမ်နိုင်ငံ၏ အမျိုးသားလွတ်လပ်ရေးနှင့် ဆိုရှယ်လစ်ဝါဒ တည်ဆောက်ရေးတွင် တရုတ်နိုင်ငံ၏ ကြီးမားလှသော အကူအညီများကို ဗီယက်နမ်နိုင်ငံအနေဖြင့် အမှတ်ရလျက်ရှိပါကြောင်း၊ တရုတ်နိုင်ငံနှင့် ချစ်ကြည်ရင်းနှီးသည့်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးမှာ နိုင်ငံခြားရေး မူဝါဒ၏ မဟာဗျူဟာ ရွေးချယ်မှုနှင့် ထိပ်တန်း ဦးစားပေးဖြစ်ရာ တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အစဉ်အမြဲ ခိုင်မာစွာ လိုက်နာကျင့်သုံးကြောင်း၊ လက်ရှိ နှစ်ဖက်ကာကွယ်ရေးကဏ္ဍ ဆက်ဆံရေး ခြေလှမ်းသစ် လျှောက်လှမ်းရာတွင် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ စဉ်ဆက်မပြတ် နက်ရှိုင်းစေရန်၊ မဟာဗျူဟာ အပြန်အလှန်ယုံကြည်မှု တိုးပွားစေရန်၊ ခြိမ်းခြောက်မှုနှင့် စိန်ခေါ်မှုများကို စည်းလုံးညီညွတ်စွာ ရင်ဆိုင်ဖြေရှင်းရန်၊ ဒေသတွင်းနှင့် ကမ္ဘာ တည်ငြိမ်အေးချမ်းရေးကို အတူတကွ ကာကွယ်ထိန်းသိမ်းရန် မျှော်လင့်ကြောင်း ဗီယက်နမ်နိုင်ငံဘက်မှ ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ ကျန်းယို့ရှာက အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်၏ တိုလမ်အား ရင်းနှီးစွာ နှုတ်ခွန်ဆက်ကြောင်းနှင့် ဆုမွန်ကောင်းစကားကို တစ်ဆင့်ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ပါတီနှစ်ရပ်၊ နှစ်နိုင်ငံ၊ တပ်မတော်နှစ်ရပ်၏ အစဉ်အလာချစ်ကြည်ရေးကို တန်ဖိုးထားရာ ဗီယက်နမ်နိုင်ငံနှင့်အတူ နှစ်ပါတီ၊ နှစ်နိုင်ငံ အဆင့်မြင့်ခေါင်းဆောင်များ ရရှိခဲ့သည့် အရေးကြီး သဘောတူညီချက် များကို ဘက်စုံ အကောင်အထည်ဖော်ဆောင်ရွက်သွားလိုကြောင်း၊ သမိုင်း၏အခြေအနေနှင့် လျော်ညီအောင်၊ ခေတ်ကာလ၏အခွင့်အလမ်းကို ဆုပ်ကိုင်ကာ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး၊ လူမှုယဉ်ကျေးမှု စသည့် ကဏ္ဍစုံ ပူးပေါင်းဖလှယ်မှုများကို အဆက်မပြတ် အားဖြည့် ဆောင်ရွက်သွားလိုကြောင်း၊ တပ်မတော်နှစ်ရပ် ဆက်ဆံရေး တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရေးကို ဆက်တိုက် တွန်းအားပေးဆောင်ရွက်သွားကာ တရုတ်-ဗီယက်နမ် အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး ကဏ္ဍသစ်သို့ တက်လှမ်းရာတွင် အားကောင်းသည့် အထောက်အပံ့ ဖြစ်လိုကြောင်း ၎င်းပြောကြားခဲ့သည်။

အလည်အပတ်ခရီးစဉ်ကာလတွင် ကျန်းယို့ရှာသည် ဗီယက်နမ် ကာကွယ်ရေးဝန်ကြီး Phan Van Giang နှင့် တွေ့ဆုံခဲ့ရာ နိုင်ငံတကာနှင့်ဒေသတွင်းအခြေအနေ၊ တပ်မတော်နှစ်ရပ် ဆက်ဆံရေးအပေါ် အမြင်သဘောထားချင်း နက်ရှိုင်းစွာ ဖလှယ်ခဲ့ပြီး ကာကွယ်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ အားဖြည့်ဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးခြင်းအား သက်သေပြုခဲ့ကြကြောင်း သိရသည်။ (Xinhua)
……………………………..
(Chinese Version)
越共中央总书记苏林、国家主席梁强、政府总理范明政分别会见张又侠
新华社河内10月26日电(记者胡佳丽)24日至26日,中央军委副主席张又侠应邀率团访问越南,越共中央总书记苏林、国家主席梁强、政府总理范明政分别会见。
苏林请张又侠转达对习近平总书记的诚挚问候和美好祝福。越方表示,越中两国革命事业紧密相连,越南铭记中国在其争取民族独立和社会主义建设事业中给予的巨大帮助,将发展对华友好关系作为对外政策的战略选择和头等优先,始终坚定奉行一个中国政策。当前,双边防务关系迈出新步伐,希望继续深化务实合作,增进战略互信,团结应对威胁挑战,共同维护地区和世界和平稳定。
张又侠转达了习近平总书记对苏林的亲切问候和良好祝愿,表示中方珍视两党、两国、两军传统友谊,愿同越方一道,全面落实两党两国最高领导人达成的重要共识,顺应历史大势,把握时代机遇,不断加强政治、经济、安全、人文等各领域交流合作,持续推动两军关系健康稳定发展,有力支撑中越命运共同体建设迈上新台阶。
访问期间,张又侠还与越南国防部长潘文江举行会谈,就国际与地区形势及两军关系深入交换意见,并见证签署加强防务合作的相关协议文件。(完)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.