Connect with us

Africa & Middle East

လူ့အသက်များကယ်တင်ရေး၊ ငြိမ်းချမ်းရေးပြန်လည်ရရှိရေးအတွက် အရှေ့အလယ်ပိုင်း အပစ်အခတ်ရပ်စဲရေးကို တွန်းအားပေးရန် တရုတ်ကိုယ်စားလှယ်က တိုက်တွန်း

နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ လုံခြုံရေးကောင်စီ၏ "နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအပေါ် သိပ္ပံပညာ ဖွံ့ဖြိုးတိုးတက်ရေး သက်ရောက်မှု" တံခါးဖွင့် အစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံး (ရှေ့တန်း၊ အလယ်) ဆွေးနွေးပြောကြားနေသည်ကို အောက်တိုဘာ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)
အရှေ့အလယ်ပိုင်း အခြေအနေများ ပို၍ ဆိုးရွားလာမှုအောက်တွင် ငြိမ်းချမ်းရေး အလားအလာများ မှေးမှိန်လာကာ ဘက်စုံစစ်ပွဲများ အမှောင်ထုက လွှမ်းခြုံနေကြောင်း၊ အရေးတကြီး ပြဿနာများကို ဖြေရှင်းရန်၊ အပစ်အခတ်ရပ်စဲရေး၊ လူ့အသက်များကယ်တင်ရေး၊ ငြိမ်းချမ်းရေးပြန်လည်ရရှိရေး တွန်းအားပေးရန် လုံခြုံရေးကောင်စီအနေဖြင့် ချက်ချင်းဆောင်ရွက်သင့်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးက အောက်တိုဘာ ၂၉ ရက် လုံခြုံရေးကောင်စီ အရှေ့အလယ်ပိုင်းအရေး တံခါးဖွင့် ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
ဖုချုံးက ရေရှည်တည်တံ့သော အပစ်အခတ်ရပ်စဲရေး ချက်ချင်းအကောင်အထည်ဖော်ခြင်းသည် အသက်များကယ်တင်ရန်၊ အခြေအနေ ပိုမိုဆိုးရွားလာမှုကို တားဆီးရန် မရှိမဖြစ်လိုအပ်ချက်ဖြစ်ကြောင်း အလေးထားပြောကြားခဲ့သည်။ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများကို ပြန်လည်မြှင့်တင်သွားမည်ဟု အမေရိကန်က ကြေညာခဲ့ကြောင်း၊ စေ့စပ်ညှိနှိုင်းမှုများသည် လွန်ခဲ့သည့်လအနည်းငယ်ကကဲ့သို့ တိုးတက်မှုမရှိသော သံသရာစက်ဝိုင်းထဲသို့ မကျရောက်ရန်နှင့် စစ်ပွဲများကို သက်ဆိုးရှည်ကြီးမားလာမှု၏ အကြောင်းပြချက် မဖြစ်လာရန် တရုတ်နိုင်ငံက မျှော်လင့်ကြောင်း၊ အပစ်အခတ်ရပ်စဲရေး တစ်ဆင့်တိုး ဖော်ဆောင်ရန် လုံခြုံရေးကောင်စီအနေဖြင့် ရရှိနိုင်သောနည်းလမ်းများနှင့် ရွေးချယ်မှုများအားလုံးကို အသုံးပြုခြင်းအပေါ် တရုတ်က ထောက်ခံကြောင်း ၎င်းက အလေးအနက် ပြောကြားခဲ့သည်။
ဖုချုံးက ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ ကယ်ဆယ်ရေးနှင့် လုပ်ငန်းများဆောင်ရွက်ရေးအဖွဲ့ (UNRWA) သည် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ တရားဝင်ခွင့်ပြုချက်နှင့်အညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေပြီး ဂါဇာရှိ လူသားချင်းစာနာထောက်ထားမှု အကူအညီများ၏ အားကိုးအားထားရာဖြစ်သည်ဟု ပြောကြားခဲ့သည်။ အစ္စရေးလွှတ်တော်သည် နိုင်ငံတကာအသိုက်အဝန်း၏ ပြင်းထန်သော ကန့်ကွက်မှုကို လျစ်လျူရှု၍ ဥပဒေကြမ်း နှစ်ရပ်ကို အတည်ပြုခဲ့ပြီး အဆိုပါ အေဂျင်စီအား ကန့်သတ်ပိတ်သိမ်းရန် ကြိုးပမ်းခဲ့ကြောင်း၊ ယင်းအပေါ် တရုတ်နိုင်ငံအနေဖြင့် ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း၊ UNRWA ကို ပိတ်လိုက်ခြင်းသည် ဒေသတွင်းရှိ သန်းနှင့်ချီသော ပါလက်စတိုင်း ဒုက္ခသည်များအား စုပေါင်းဒဏ်ခတ်မှုအသစ်ဖြစ်ပြီး ဒေသတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေ၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးတို့ကို ပြင်းထန်စွာ ထိခိုက်စေမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ဥပဒေကြမ်းအား တွန်းအားပေး လုပ်ဆောင်မှုကို ရပ်တန့်၊ ရုပ်သိမ်းပြီး UNRWA အပါအဝင် ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အေဂျင်စီများ၏ လုပ်ငန်းဆောင်ရွက်မှုများတွင် ဂုဏ်သိက္ခာ၊ လုံခြုံရေးနှင့် အဆင်ပြေမှု ရှိစေရန် အစ္စရေးကို တရုတ်နိုင်ငံက တောင်းဆိုထားကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဖုချုံးက လက်ရှိအခြေအနေတွင် သက်ဆိုင်ရာနိုင်ငံများက အစ္စရေးနိုင်ငံသို့ လက်နက်များ စဉ်ဆက်မပြတ် အကြီးအကျယ် တင်သွင်းနေခြင်းသည် လုံခြုံရေးကောင်စီ အစည်းအဝေးဆုံးဖြတ်ချက် ရည်မှန်းချက် ဖော်ဆောင်ရေးအပေါ် အကျိုးရှိ၊ မရှိဆိုသည်မှာ အလေးနက်ထား ကိုင်တွယ်ရန် လိုအပ်သည့် ကိစ္စရပ်ဖြစ်ကြောင်း ထောက်ပြခဲ့သည်။ သက်ဆိုင်ရာနိုင်ငံအနေဖြင့် လက်နက်များ အကြီးအကျယ် တင်သွင်းခြင်း၏ ဆိုးရွားသော အကျိုးဆက်ကို မှန်ကန်စွာရှုမြင်၍ စစ်ရေးအန္တရာယ်မီးအပေါ် ဆီလောင်းခြင်းကို ရပ်တန့်ရန် တရုတ်နိုင်ငံက မျှော်လင့်ကြောင်း ၎င်းက ထောက်ပြခဲ့သည်။
ဒေသတွင်း ဘက်စုံစစ်ပွဲသည် အရှိန်အဟုန်ဖြင့် နီးကပ်လာလျက်ရှိကြောင်း ဖုချုံးက အလေးပေးပြောကြားခဲ့သည်။ လက်ဘနွန်သို့ အစ္စရေးဝင်ရောက် ကျူးကျော်ခြင်း၊ ခွဲခြားခြင်းမရှိသော ဗုံးကြဲမှုများ ဆက်တိုက် လုပ်ဆောင်ခြင်း၊ အီရန်နှင့် ဆီးရီးယားနိုင်ငံများအား လေကြောင်းတိုက်ခိုက်မှုများ ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းတို့သည် သက်ဆိုင်ရာနိုင်ငံများ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက် ပြည့်စုံမှုကို ထိပါးခြင်း ဖြစ်သလို ဒေသတွင်းအခြေအနေများ ပိုမို မတည်မငြိမ်ဖြစ်လာစေကြောင်း၊ အခြေအနေသည် အန္တရာယ်နှင့် လက်တစ်ကမ်းသာဖြစ်၍ တာဝန်ယူခြင်းမရှိသော အရဲစွန့်လှုပ်ရှားမှုအားလုံးသည် အလွန်ပင် အန္တရာယ်များကာ ကပ်ဘေးသဖွယ် အကျိုးဆက်များ ယူဆောင်လာမည်ဖြစ်ကြောင်း၊ ဘက်အသီးသီး အနေဖြင့် အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း ရှိရန်၊ 《ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း》နှင့် နိုင်ငံတကာ ဥပဒေအခြေခံမူများကို အတူတကွလိုက်နာရန်၊ နိုင်ငံရေးနှင့် သံတမန်ရေးနည်းလမ်းများအရ ပဋိက္ခများကို ဖြေရှင်းမည့် မှန်ကန်သော လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း ၎င်းက အလေးအနက် ပြောကြားခဲ့သည်။ (Xinhua)
……………………….
(Chinese Version)
中国代表呼吁推动中东停火拯救生命恢复和平
新华社联合国10月29日电(记者施春)中国常驻联合国代表傅聪29日在安理会中东问题公开辩论会上表示,中东局势每况愈下,和平前景暗淡,全面战争阴霾笼罩。安理会应立即行动,解决迫在眉睫的问题,推动停火、拯救生命、恢复和平。
傅聪强调,立即实现持久停火,这是拯救生命、阻止局势恶化的前提。美国宣布将重新推动停火谈判,中方希望谈判不会陷入过去几个月原地踏步的怪圈,不会成为延长和扩大战事的借口。中方支持安理会运用工具箱中的所有选项,为实现停火采取进一步行动。
傅聪说,联合国近东巴勒斯坦难民救济和工程处依据联大授权提供救济,是加沙人道援助的支柱。以色列议会罔顾国际社会强烈反对,通过两项法案,试图限制和关闭工程处,中方对此予以强烈谴责。关闭工程处是对地区几百万巴勒斯坦难民新的集体惩罚,将严重冲击地区人道局势和安全稳定。中方要求以色列停止推进并撤销有关法案,为包括工程处在内的联合国人道机构开展工作保障尊严、安全和便利。
傅聪指出,当前形势下,有关国家源源不断地向以色列大规模供应武器,是否有利于安理会决议目标的实现,是一个需要严肃对待的问题。中方希望有关国家正视大规模武器供应带来的严重后果,停止为军事冒险火上浇油。
傅聪强调,一场地区全面战争正在迫近。以色列入侵黎巴嫩、持续开展无差别轰炸,多次发动对伊朗和叙利亚的空袭,侵犯有关国家主权和领土完整,使地区局势更加动荡。形势岌岌可危,任何不负责任的冒险行动都极端危险,将带来灾难性后果。中方呼吁所有各方保持最大克制,共同遵守《联合国宪章》和国际法原则,回到通过政治和外交手段解决争端的正确轨道。(完)
图说:10月21日,在位于纽约的联合国总部,中国常驻联合国代表傅聪(前中)在安理会“科学发展对国际和平与安全的影响”公开会上发言。