Connect with us

Africa & Middle East

အီရန်၏ နျူကလီးယား အဆောက်အဦများအား အစ္စရေးတိုက်ခိုက်မှုကို အမေရိကန် အားမပေးဟု ဘိုင်ဒန် ပြောကြား

အစ္စရေးလေကြောင်းရန် ကာကွယ်ရေးစနစ်မှ ကြားဖြတ်ဟန့်တားသော ဒုံးကျည်များ ဂျေရုဆလမ်မြို့ အထက်ဝေဟင်တွင် ဖြတ်သန်းသွားသည်ကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက် တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)

အီရန်က အစ္စရေးကို ဒုံးကျည်တိုက်ခိုက်မှုအပေါ် လက်တုံ့ပြန်သည့် တစ်စိတ်တစ်ပိုင်းအဖြစ် အီရန်၏ နျူကလီယားအဆောက်အဦများအား အစ္စရေးတိုက်ခိုက်မည်ကို အမေရိကန်နိုင်ငံအနေဖြင့် အားမပေးကြောင်း အမေရိကန် သမ္မတ ဘိုင်ဒန်က အောက်တိုဘာ ၂ ရက်တွင် ပြောကြားခဲ့သည်။

ဘိုင်ဒန်သည် ယင်းနေ့တွင် တောင်ကယ်ရိုလိုင်းနားပြည်နယ်နှင့် မြောက်ကယ်ရိုလိုင်းနားပြည်နယ်သို့ သွားရောက်ပြီး “Helene” ဟာရီကိန်းမုန်တိုင်းအလွန် ကပ်ဘေး စီမံမှုလုပ်ငန်းများကို သွားရောက်ညွှန်ကြားခဲ့သည်။ ထိုသို့ မသွားရောက်မီ အီရန်၏ နျူကလီးယား အဆောက်အဦများအား အစ္စရေးတိုက်ခိုက်မှုကို အမေရိကန် အားမပေးဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။ အမေရိကန်အနေဖြင့် အစ္စရေးက မည်သို့မည်ပုံ လက်တုံ့ပြန်မည်ကို အစ္စရေးနှင့် ညှိနှိုင်းနေကြောင်း သိရသည်။ အစ္စရေးကို အီရန် ဒုံးကျည်ဖြင့်တိုက်ခိုက်ခဲ့မှုအပေါ် အစ္စရေးအနေဖြင့် တုံ့ပြန်ခွင့်ရှိသော်လည်း အသေးစိတ်လှုပ်ရှားမှုမှာ သင့်လျော်သည့် အတိုင်းအတာကို ထိန်းထားသင့်ကြောင်း G7 အဖွဲ့ဝင် နိုင်ငံ့ခေါင်းဆောင်များက တစ်ပြေးညီ ယူဆကြသည်။

အစ္စရေးအား အီရန်တိုက်ခိုက်သည့် လုပ်ဆောင်မှုမှာ “တရားလွန်” ဖြစ်ကြောင်း၊ G7 အနေဖြင့် အီရန်အပေါ် ပိတ်ဆို့အရေးယူသွားမည် ဖြစ်ကြောင်းလည်း ဘိုင်ဒန်က ပြောကြားခဲ့သည်။ ယင်းနေ့ အစောပိုင်းတွင် G7 အဖွဲ့ဝင် နိုင်ငံ့ခေါင်းဆောင်များက အရှေ့အလယ်ပိုင်းဒေသ တင်းမာမှုအခြေအနေဆိုင်ရာ တယ်လီဖုန်းဖြင့် အစည်းအဝေး ကျင်းပခဲ့ကြကြောင်း သိရသည်။ G7 အဖွဲ့ဝင် နိုင်ငံ့ခေါင်းဆောင်များက ယခုကာလများအတွင်း အရှေ့အလယ်ပိုင်းအခြေအနေ အရှိန်အဟုန် မြင့်တက်လာမှုအပေါ် အထူးစိုးရိမ်ကြောင်း၊ အကျပ်အတည်းကို သံတမန်ရေးနည်းလမ်းအရ ဖြေရှင်းနိုင်သည်ဟု ယူဆပြီး “ဒေသတွင်းတင်းမာမှုအခြေအနေ ပြေလျော့ရေး အတူတကွ ကြိုးပမ်း တွန်းအားပေးကြရန်” သဘောတူညီခဲ့ကြကြောင်း G7 အလှည့်ကျ ဥက္ကဋ္ဌနိုင်ငံ အီတလီဝန်ကြီးချုပ်ရုံးက ကြေညာချက် ထုတ်ပြန်ခဲ့သည်။
အစ္စရေးအနေဖြင့် “ရက်အနည်းငယ်အတွင်း” အီရန်အပေါ် “ ကြီးကြီးမားမား လက်တုံ့ပြန်” သွားမည် ဖြစ်ကြောင်း၊ “အီရန် နယ်နိမိတ်အတွင်းရှိ ရေနံလုပ်ကွက်နှင့် အခြားသော မဟာဗျူဟာကျသည့် နေရာများ” ကို တိုက်ခိုက်သွားနိုင်ကြောင်း အမေရိကန် Axios News ဝက်ဘ်ဆိုက်က အမည်မဖော်လိုသည့် အစ္စရေးအရာရှိ နှစ်ဦး၏စကားကို ကိုးကား၍ ဖော်ပြထားသည်။ အကယ်၍ အစ္စရေး၏ လက်တုံ့ပြန်လှုပ်ရှားမှုအပြီး အီရန်က အစ္စရေးကို ထပ်မံတိုက်ခိုက်ခဲ့ပါက အီရန်၏ နျူကလီးယားအဆောက်အဦအား တိုက်ခိုက်ခြင်းအပါအဝင် “အခြားသော ရွေးချယ်စရာ အားလုံး”ကို အစ္စရေးက စဉ်းစားသွားမည် ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။ (Xinhua)

……………………………
(Chinese Version)
拜登:美国不支持以色列打击伊朗核设施
新华社华盛顿10月2日电(记者邓仙来)美国总统拜登2日表示,美国不支持以色列将打击伊朗核设施作为报复伊朗向以色列发动导弹袭击的一部分。
拜登当天前往南卡罗来纳州和北卡罗来纳州指导飓风“海伦妮”的灾后应对工作。他在临行前对媒体表示,美国不支持以色列打击伊朗的核设施。美方将就以色列采取何种报复措施与以方进行沟通。七国集团领导人一致认为,以色列有权对伊朗针对以色列的导弹袭击作出反应,但具体行动应保持在适当程度。
拜登还说,伊朗袭击以色列的行为是“过激的”,七国集团将会对伊朗实施制裁。   当天早些时候,七国集团领导人就中东紧张局势举行电话会议。根据七国集团轮值主席国意大利总理府发表的声明,七国集团领导人对最近中东局势升级表示强烈关切,认为危机仍有可能通过外交途径解决,同意“共同努力促进地区紧张局势的缓和”。
美国阿克西奥斯新闻网站2日援引匿名以色列官员的话报道,以色列将在“数日内”对伊朗实施“重大报复”,可能打击“伊朗境内的油田和其他战略要地”。报道说,如果伊朗在以色列采取报复行动后再次袭击以色列,以方将考虑“所有选项”,包括打击伊朗的核设施。(完)
1. 10月1日,以军防空系统拦截的发射物从耶路撒冷上空飞过。新华社记者 陈君清 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.