Asia
ရေနံအဓိကထုတ်လုပ်သည့်နိုင်ငံများက မိမိဆန္ဒအလျောက် ထုတ်လုပ်မှုလျှော့ချရေးအစီအမံများကို ဒီဇင်ဘာလကုန်အထိ ထပ်တိုးဆောင်ရွက်မည် ဖြစ်ကြောင်း ကြေညာ

ဗီယင်နာ၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ)
ရေနံတင်ပို့သော နိုင်ငံများအသင်း (OPEC)နှင့် OPEC အသင်းဝင်နိုင်ငံ မဟုတ်သော ရေနံထုတ်လုပ်သည့်နိုင်ငံ စုစုပေါင်း ၈ နိုင်ငံသည် မူလသတ်မှတ်ထားသည့် နိုဝင်ဘာလကုန်အထိ နေ့စဉ်ပျမ်းမျှ ရေနံစည် ၂.၂ သန်း မိမိဆန္ဒအလျောက် လျှော့ချထုတ်လုပ်မည့် အစီအမံကို ဒီဇင်ဘာ လကုန်အထိ သက်တမ်းတိုးရန် ဆုံးဖြတ်လိုက်ကြောင်း OPEC က နိုဝင်ဘာ ၃ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ဆော်ဒီအာရေဗျ၊ ရုရှား၊ အီရတ်၊ ယူအေအီး၊ ကူဝိတ်၊ ကာဇက်စတန်၊ အယ်လ်ဂျီးရီးယားနှင့် အိုမန် “OPEC +” ၈ နိုင်ငံက မိမိဆန္ဒအလျောက် ထုတ်လုပ်မှုလျှော့ချရေး အစီအမံများကို သက်တမ်းတိုးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ ယင်းနိုင်ငံ ၈ နိုင်ငံက လာမည့်နှစ် ဇန်နဝါရီလတွင် လျှော့ချသည့်ပမာဏကို ပြန်လည်ဖြည့်တင်းဆောင်ရွက်ခြင်း ပြုမပြုကိုမူ ဖော်ပြထားခြင်း မရှိပေ။
နိုင်ငံ ၈ နိုင်ငံအနေဖြင့် မိမိဆန္ဒအလျောက် လျှော့ချ ထုတ်လုပ်ရေး ရည်မှန်းချက်၏ ဆုံးဖြတ်ချက်ကို အပြည့်အဝလိုက်နာမည် ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သလို ယခုနှစ်ဆန်းပိုင်းမှစ၍ ထုတ်လုပ်မှုပမာဏ ခွဲတမ်းထက် ကျော်လွန်သည့် နိုင်ငံများအနေဖြင့် ၂၀၂၅ ခုနှစ် စက်တင်ဘာလမတိုင်မီ လျှော့ချထုတ်လုပ်ရမည့်တာဝန်ပမာဏကို ပြည့်ဝအောင် ဆောင်ရွက်ရမည်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
အဆိုပါ ၈ နိုင်ငံသည် ကနဦးအနေဖြင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် နေ့စဉ် ပျမ်းမျှ ရေနံစည် ၂.၂ သန်း မိမိဆန္ဒအလျောက် လျှော့ချထုတ်လုပ်မည့် အစီအမံများကို ကြေညာခဲ့သည်။ ယခုနှစ် ဇွန်လဆန်းတွင် ယင်းအစီအမံများကို စက်တင်ဘာလကုန်အထိ သက်တမ်းတိုးမည် ဖြစ်ကြောင်းနှင့် စက်တင်ဘာလဆန်းပိုင်းတွင် နိုဝင်ဘာလကုန်အထိ သက်တမ်းတိုးမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ (Xinhua)

ကင်ညာနိုင်ငံ မွမ်ဘာဆာမြို့ရှိ မွမ်ဘာဆာ ရေနံဆိပ်ကမ်းမြင်ကွင်းအား ၂၀၂၄ ခုနှစ် ဩဂုတ် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
………………………
(Chinese Version)
主要产油国宣布延长自愿减产措施至12月底
新华社维也纳11月3日电(记者刘昕宇)石油输出国组织(欧佩克)3日发表声明说,8个欧佩克和非欧佩克产油国决定将原定11月底到期的日均220万桶的自愿减产措施延长至12月底。
声明说,沙特阿拉伯、俄罗斯、伊拉克、阿拉伯联合酋长国、科威特、哈萨克斯坦、阿尔及利亚和阿曼8个“欧佩克+”成员国决定延长自愿减产措施。声明未提及8国是否将于明年1月开始回撤这部分减产力度。
声明说,8国重申了完全遵守自愿减产目标的决心,今年初以来产量超出配额的相关国家将在2025年9月之前完成补偿性减产义务。
上述8国最初于2023年11月宣布日均220万桶的自愿减产措施。今年6月初,8国宣布将这部分自愿减产措施延长至9月底,并于9月初决定再次延长至11月底。(完)
1. Photo taken on Nov. 30, 2023 shows the headquarters of the Organization of the Petroleum Exporting Countries (OPEC) in Vienna, Austria. (Xinhua/He Canling)
2. This photo taken on Aug. 15, 2024 shows a view of the Kenya Mombasa Oil Terminal in Mombasa, Kenya. (Xinhua/Wang Guansen)