China
သမ္မတ ရှီကျင့်ဖိန်က အမေရိကန်နိုင်ငံ ရွေးကောက်ခံ သမ္မတ ထရမ့်ထံသို့ ဝမ်းမြောက်ကြောင်း ဂုဏ်ပြုသဝဏ်လွှာ ပေးပို့
ပေကျင်း၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အမေရိကန်နိုင်ငံ ရွေးကောက်ခံ သမ္မတ ထရမ့်ထံသို့ နိုဝင်ဘာ ၇ ရက်တွင် ဝမ်းမြောက်ကြောင်း ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့သည်။
ရှီကျင့်ဖိန်က တရုတ်-အမေရိကန် သင့်မြတ်လျှင် နှစ်နိုင်ငံအတွက် အကျိုးရှိပြီး တိုက်ခိုက်လျှင် နှစ်ဖက်စလုံးအထိနာမည်ဖြစ်သည်ကို သမိုင်းက ရှင်းလင်းစွာ ပြသထားကြောင်း ထောက်ပြပြောကြားခဲ့သည်။ တည်ငြိမ်၊ ကောင်းမွန်၍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သည့် တရုတ်-အမေရိကန် ဆက်ဆံရေးသည် နှစ်နိုင်ငံ ဘုံအကျိုးစီးပွားနှင့် နိုင်ငံတကာ အသိုက်အဝန်း၏ မျှော်လင့်ချက်နှင့် ကိုက်ညီမှု ရှိကြောင်း၊ နှစ်ဖက်အနေဖြင့် အပြန်အလှန်လေးစားခြင်း၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်း၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်ခြင်း အခြေခံမူကို လက်ကိုင်ထားကာ တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများကို အားဖြည့်ဆောင်ရွက်ရန်၊ ကွဲလွဲမှုများကို ကောင်းမွန်စွာ စီမံထိန်းချုပ်ရန်၊ အပြန်အလှန်အကျိုးဖြစ်ထွန်းသည့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ရန်၊ ခေတ်ကာလသစ် တရုတ်-အမေရိကန် မှန်ကန်သည့် ဆက်ဆံရေးလမ်းကြောင်းတစ်ခုကို လျှောက်လှမ်းကာ နှစ်နိုင်ငံနှင့် ကမ္ဘာကို အကျိုးပြုရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ယင်းနေ့တွင်ပင် တရုတ်နိုင်ငံ ဒုတိယ သမ္မတ ဟန်ကျိန့်က အမေရိကန်နိုင်ငံ ရွေးကောက်ခံ ဒုတိယ သမ္မတ James David Vance ထံသို့ ဝမ်းမြောက်ကြောင်း ဂုဏ်ပြုသဝဏ်လွှာ ပေးပိုခဲ့သည်။ (Xinhua)
……………………..
(Chinese Version)
习近平向美国当选总统特朗普致贺电
新华社北京11月7日电 11月7日,国家主席习近平致电唐纳德·特朗普,祝贺他当选美国总统。
习近平指出,历史昭示我们,中美合则两利、斗则俱伤。一个稳定、健康、可持续发展的中美关系符合两国共同利益和国际社会期待。希望双方秉持相互尊重、和平共处、合作共赢的原则,加强对话沟通,妥善管控分歧,拓展互利合作,走出一条新时期中美正确相处之道,造福两国,惠及世界。 同日,国家副主席韩正致电詹姆斯·万斯,祝贺他当选美国副总统。(完)