China
သမ္မတ ရှီကျင့်ဖိန်က ၃၁ ကြိမ်မြောက် APEC ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေးနှင့် ၁၉ ကြိမ်မြောက် G20 ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ပီရူးနိုင်ငံနှင့် ဘရာဇီးနိုင်ငံများသို့ အသီးအသီးသွားရောက်မည်
ပေကျင်း၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ)
ပီရူးသမ္မတနိုင်ငံ သမ္မတ Dina Boluarte ၏ ဖိတ်ကြားချက်အရ သမ္မတ ရှီကျင့်ဖိန်သည် နိုဝင်ဘာလ ၁၃ ရက်မှ ၁၇ ရက်အထိ လီမာမြို့တွင် ၃၁ ကြိမ်မြောက် APEC ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေး တက်ရောက်မည် ဖြစ်ပြီး ပီရူးနိုင်ငံသို့ နိုင်ငံတော်အလည်အပတ်ခရီးစဉ်သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းရင်က နိုဝင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။
ထို့အပြင် ဘရာဇီး ဖက်ဒရယ် သမ္မတနိုင်ငံ သမ္မတ Luiz Inácio Lula da Silva ၏ ဖိတ်ကြားချက်အရ သမ္မတ ရှီကျင့်ဖိန်သည် နိုဝင်ဘာ ၁၇ ရက်မှ ၂၁ ရက် အထိ ရီယိုဒီဂျနေးရိုးမြို့တွင် ၁၉ ကြိမ်မြောက် G20 ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ပြီး ဘရာဇီးနိုင်ငံသို့ နိုင်ငံတော်အလည်အပတ်ခရီးစဉ် သွားရောက်မည် ဖြစ်ကြောင်း ဟွာချွမ်းရင်က ပြောကြားခဲ့သည်။ (Xinhua)
……………………….
(Chinese Version)
习近平将赴秘鲁出席亚太经合组织第三十一次领导人非正式会议并对秘鲁进行国事访问、赴巴西出席二十国集团领导人第十九次峰会并对巴西进行国事访问
新华社北京11月8日电 外交部发言人华春莹8日宣布:
应秘鲁共和国总统博鲁阿尔特邀请,国家主席习近平将于11月13日至17日赴利马出席亚太经合组织第三十一次领导人非正式会议并对秘鲁进行国事访问。
应巴西联邦共和国总统卢拉邀请,国家主席习近平将于11月17日至21日赴里约热内卢出席二十国集团领导人第十九次峰会并对巴西进行国事访问。