Connect with us

China

ကဗျာဆန်သော တရုတ်နိုင်ငံ- စိမ်းပြာရောင် ပိုးဖဲကြိုးအသွင် နူးညံ့ပျော့ပျောင်းစွာ တသွင်သွင် စီးဆင်းနေသောမြစ်ရေနှင့်ကျောက်စိမ်းဆံထိုးပမာ စိမ်းမြနေသည့် တောင်တန်းများ

တရုတ်နိုင်ငံ ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ကွေ့လျင်မြို့ ယန်ရှို့ခရိုင်၊ လီကျန်းမြစ်တစ်လျှောက် မောင်းနှင်နေသော အပျော်စီးသင်္ဘောတစ်စင်းကို အောက်တိုဘာ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကွေ့လျင် (ကွမ်ရှီး)၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ)

“စိမ်းပြာရောင် ပိုးဖဲကြိုးအသွင် နူးညံ့ပျော့ပျောင်းစွာ တသွင်သွင် စီးဆင်းနေသောမြစ်ရေနှင့် ကျောက်စိမ်းဆံထိုးပမာ စိမ်းမြနေသည့် တောင်တန်းများ” ဟု ထန်မင်းဆက် ကဗျာဆရာဟန်ယွိက ကွေ့လျင်မြို့ တောတောင်ရေမြေအသွင်၏ သာယာလှပသော ရှုမြင်ကွင်းများအား သက်ဝင်စွာ တင်စားဖော်ကျူးရေးသားခဲ့သည်။
ကွေ့လျင်မြို့သည် ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၏ အရှေ့မြောက်ဘက်တွင် တည်ရှိပြီး ချင်ရှီဟွမ်က လျင်နန်ဒေသတွင် ကွေ့လျင် ၊ ရှန့်၊ နန်ဟိုင် ဟူ၍ ပြည်နယ် ၃ ခုသတ်မှတ်ခဲ့ရာမှ ကွေ့လျင်ဟူ၍ အမည်တွင်ခဲ့ခြင်း ဖြစ်သည်။ယွိကွေ့ (ပင်လုံးကြိုင်) အပင်များ ပေါများခြင်းကြောင့် အမည်တွင်ရခြင်းလည်း ဖြစ်သည်။ ဤနေရာရှိ ရေမြေတောတောင်များက ပန်းချီကားသဖွယ် အလွန်သာယာလှပရာ “စိမ်းလန်းသော တောင်တန်းများ၊ သာယာသော မြစ်ကြောင်းရေ၊ ထူးဆန်းသော လိုဏ်ဂူများနှင့် လှပသော ကျောက်ဆောင်များ” ဖြင့် နာမည်ကျော်ကြားသည်။ စုန့်မင်းဆက် ကဗျာဆရာ ဝမ်ကျိန့်ကုန်း၏ “ကွေ့လျင် တောတောင်ရေမြေရှုမျှော်ခင်းက ကမ္ဘာပေါ်တွင် အလှဆုံးဖြစ်ပြီး ၎င်း၏သာယာလှပမှုက ကိုယ်ရောစိတ်ပါ ကြည်နူးရွှင်လန်းစေသလို စိတ်ကူးစိတ်သန်းများ ကွန့်မြူးစေသည်” ဟူသော ကဗျာစာသားကြောင့် ကမ္ဘာတစ်ဝန်းတွင် ကျော်ကြားစေခဲ့သည်။

“တရုတ်ပြည်တောင်ပိုင်းရှိ ပထမဆုံးတောင်ထွတ်” ဖြစ်သည့် မောင်းအယ်တောင်မှ မြစ်ဖျားခံလာသော လီကျန်းမြစ်သည် ကွေ့လျင်ရှုမျှော်ခင်း၏ အသက်ဖြစ်ပြီး ရန်ထီမှ ရှင်းဖျင် အပိုင်းသည် ယင်းမြင်ကွင်း၏ အနှစ်သာရဖြစ်ပေသည်။ လီကျန်းမြစ်ထဲတွင် အပြာရောင်ရေလှိုင်းများက ပြေးလွှားနေသည်။ မြစ်ထဲတွင် ဝါးဖောင်များ၊ အပျော်စီးသင်္ဘောများ ဖြတ်သန်းသွားလာမှုများရှိသလို မြစ်ကမ်းစပ်တွင် စိမ်းလန်းသောတောင်တန်းများမြင့်မားစွာ တည်ရှိနေပြီး ရှေးဟောင်းကျေးရွာ၊ မြို့လေးများကလည်း ဤနေရာတွင် တန်ဆာဆင်လျက်ရှိခြင်းကြောင့် မြစ်အတွင်း လှေစီးနေခြင်းက ပန်းချီကားထဲတွင် သွားရောက်လည်ပတ်သည့်နှယ် ခံစားရစေသည်။

ကွေ့လျင်သည် တရုတ်နိုင်ငံ၏ ပထမဆုံးအသုတ် အမျိုးသားသမိုင်းဝင်နှင့် ယဉ်ကျေးမှုဆိုင်ရာ ထင်ရှားသောမြို့ဖြစ်ပြီး တရုတ်နိုင်ငံက ပြည်ပနိုင်ငံများအား လာရောက်လည်ပတ်ရန် အစောဆုံး တံခါးဖွင့်လှစ်ခဲ့သည့် ခရီးသွားမြို့များအနက် တစ်ခု ဖြစ်သလို လက်ရှိတွင် ကမ္ဘာ့အဆင့် ခရီးသွားမြို့တစ်ခုအဖြစ်တည်ဆောက်ရန် အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသည်။ (Xinhua)

တရုတ်နိုင်ငံ ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ကွေ့လျင်မြို့ ယန်ရှို့ခရိုင်ရှိ တောင်ကုန်းတောင်တန်းများကို နိုဝင်ဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

 

……………………….
(Chinese Version)
诗意中国丨江作青罗带 山如碧玉篸
新华社照片,桂林(广西),2024年11月7日
“江作青罗带,山如碧玉篸。”唐代诗人韩愈形象地写出了桂林山水迤逦峻秀的风姿。
桂林位于广西东北部,名字始于秦始皇在岭南设置桂林、象、南海三郡,桂林郡因盛产玉桂而得名。这里山清水秀,风景如画,以“山青、水秀、洞奇、石美”著称,宋人王正功的诗句“桂林山水甲天下,玉碧罗青意可参”让桂林山水名扬天下。发源于“华南第一峰”猫儿山的漓江是桂林山水的灵魂,杨堤至兴坪段是其精华,江中碧波荡漾,竹筏游船穿梭往来,江边翠峰挺拔,古村古镇点缀其间,行舟江上,如在画中游。
桂林是首批国家历史文化名城,也是我国最早对外开放的旅游城市之一,目前正在加快打造世界级旅游城市。
图说 1:10月24日,游船在广西桂林市阳朔县兴坪镇漓江河段航行。新华社记者 马宁 摄
图说 2:11月1日在广西桂林市阳朔县拍摄的群山(无人机照片)。新华社发(黄勇丹摄)