China
CIIE – တရုတ်နိုင်ငံနှင့် နိုင်ငံခြား ခရီးသွားလုပ်ငန်းများ လက်တွဲ၍ ခရီးသွား စီးပွားရေးကဏ္ဍ အရည်အသွေးမြင့် တိုးတက်ဖွံ့ဖြိုးရေး တွန်းအားပေး
ရှန်ဟိုင်း၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ)
သတ္တမမြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) ဝန်ဆောင်မှုကုန်သွယ်ရေးပြခန်းဧရိယာ Marriott International, Inc. ကုမ္ပဏီပြခန်း၏ မှန်ဘီရိုပြတင်းတွင် Alfred Gao ဟု ရေးသားထားသော ဝန်ထမ်းကတ်ကို ပြသရာ အချို့ကတ်ပြားများမှာ သံချေးတက် သို့မဟုတ် ပွန်းပဲ့ရာများ ရှိပေသည်။ ယင်းတို့မှာ Marriott International တွင် နှစ်ပေါင်း ၃၀ နီးပါး အလုပ်လုပ်ကိုင်ခဲ့ပြီး ယခုအခါ JW Marriott Marquis Hotel Shanghai တွင် တာဝန်ထမ်းဆောင်နေသည့် အထွေထွေမန်နေဂျာ ကောင်းဝေတုန်း၏ ဝန်ထမ်းကတ်များ ဖြစ်သည်။
တရုတ်ဈေးကွက်ကို Marriott International ဝင်ရောက်ခဲ့သည့် နှစ်ပေါင်း ၅၀ ပြည့် အခါသမယတွင် ကုမ္ပဏီ ဝန်ထမ်းကတ်များ၊ ဟိုတယ် စတင် ဖွင့်လှစ်စဉ်က ဓာတ်ပုံများ စသည့် “ရှေးယခင်က အမှတ်တရများ” ဖြင့် ၎င်းနှင့်အတူ တရုတ် ခရီးသွားစီးပွားရေးကဏ္ဍ ရှင်သန်ရင့်ကျက်လာပုံကို CIIE သို့ လာရောက်သည့် ဧည့်သည်တော်များအား ပြသခဲ့သည်။
“တရုတ်နိုင်ငံက Marriott ရဲ့ ကမ္ဘာတစ်ဝန်း အရေးကြီးတဲ့ဈေးကွက်တစ်ခု ဖြစ်နေပါပြီ။ လက်ရှိ ကျွန်မတို့ တရုတ်နိုင်ငံမှာ ဟိုတယ်ပေါင်း ၅၇၀ ကျော် ရှိတယ်။ အလုပ်အကိုင်နေရာ ၉၀,၀၀၀ ကျော် ဖန်တီးထားတယ်။ ဒေသခံ ဟိုတယ် အထွေထွေမန်နေဂျာက ၈၁ ရာခိုင်နှုန်းရှိပါတယ်။ အမှတ်တံဆိပ် ၂၄ ခုနဲ့ တစ်ကမ္ဘာလုံးက လာကြတဲ့ ခရီးသွားဧည့်သည်တွေကို ဝန်ဆောင်မှု ပေးပါတယ်” ဟု Marriott International၊ Greater China ဥက္ကဋ္ဌ မော်ရီပင်းက ပြောသည်။
၂၀၂၄ ခုနှစ် Marriott International ၏ တရုတ်နိုင်ငံရှိ လုပ်ငန်းများသည် လျင်မြန်စွာ တိုးတက်မှုကို ဖော်ဆောင်ခဲ့ကြောင်း မိတ်ဆက်ပြောကြားချက်များအရ သိရသည်။ ယခုနှစ် ပထမ သုံးလပတ် ကာလများတွင် ပျမ်းမျှအားဖြင့် ရက်သတ္တပတ်တိုင်း၌ လက်မှတ်ရေးထိုးသည့် စီမံကိန်း ၃ ခုကျော်၊ ဖွင့်လှစ်သည့် ဟိုတယ် ၁.၃ ခု ရှိရာ တရုတ်ဈေးကွက်၏ ရှင်သန်စွမ်းအားကို ထင်ဟပ်ပြသနေကြောင်း၊ ကုမ္ပဏီအဖွဲ့အနေဖြင့် တရုတ်နိုင်ငံတွင် အခင်းအကျင်းများကို လျင်မြန်စွာ ဖြန့်ကြက် သွားမည်ဖြစ်ပြီး ပြည်တွင်းပြည်ပ ဧည့်သည်တော်များကို ဝန်ဆောင်မှုကောင်းများ ပေးဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
သတ္တမမြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) ကို နိုဝင်ဘာ ၅ ရက်မှ ၁၀ ရက်အထိ ရှန်ဟိုင်းမြို့တွင် ကျင်းပခြင်း ဖြစ်သည်။ တရုတ်ပြည်တွင်း၊ ပြည်ပ ခရီးသွားလုပ်ငန်းရှင်းများ စုစည်းကာ နောက်ဆုံးပေါ် ဝန်ဆောင်မှုများကို ပြသခဲ့ပြီး နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှုများ ရရှိခဲ့ရာ တရုတ်နိုင်ငံသာမက ကမ္ဘာ့ စီးပွားရေး ပြန်လည်ရှင်သန် ဖွံ့ဖြိုးတိုးတက်ရေး အတူတကွ တွန်းအားပေး ဆောင်ရွက်ခဲ့ကြသည်။
Marriott International, Inc. ၏ ကပ်ရပ်ပြခန်းတွင် ဗြိတိန်၌ ရုံးချုပ်ထိုင်သည့် IHG Hotels & Resorts ကလည်း “ဟိုတယ် ခန်းမဆောင်များ စုဝေး အလှပြ” သည့် ပုံစံဖြင့် Holiday Inn Express၊ Holiday Inn နှင့် EVEN Hotel အမှတ်တံဆိပ် သုံးခုကို တစ်စုတစ်စည်းတည်း ပြသခဲ့သည်။ ၎င်းတို့အနက် Holiday Inn Express ဟိုတယ်များ၏ တည်နေရာကို တရုတ်နိုင်ငံ မြန်နှုန်းမြင့်ရထားလမ်းဘူတာ တစ်လျှောက်တွင် ရွေးချယ်ထားခြင်း ဖြစ်ရာ တရုတ်နိုင်ငံ၏ လမ်းပန်းဆက်သွယ်ရေး နေ့စဉ်နှင့်အမျှ လွယ်ကူမြန်ဆန်လာခြင်းနှင့်အတူ တရုတ်ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ “မြန်နှုန်းမြင့် ရထားလမ်းတစ်လျှောက် တရုတ်နိုင်ငံကို လေ့လာလည်ပတ်” ကြသည့် ခေတ်ရေစီးကြောင်းကို မျက်မြင်သက်သေပြုခဲ့သည်။
IHG Greater China အမှုဆောင်အရာရှိချုပ် Daniel Aylmer က “ CIIE မှာ ၇ နှစ်ဆက်တိုက်ပါဝင်ပြသလာတဲ့အခါမှာ CIIE က တရုတ်အခွင့်အရေးတွေကို ကမ္ဘာတစ်ဝန်းအား မျှဝေတဲ့ အရေးကြီးပလက်ဖောင်း ဖြစ်လာတာကို မျက်မြက်သက်သေတွေ့ခဲ့တယ်။ တရုတ်ဈေးကွက်မှာ ကျွန်တော်တို့ အရှိန်မြှင့် တိုးတက်အောင် ဆောင်ရွက်ဖို့နဲ့ တရုတ်မှာ နက်နက်ရှိုင်းရှိုင်း အခြေတည်ဆောင်ရွက်မယ့် သန္နိဋ္ဌာန်ကို ဒီပလက်ဖောင်းကပဲ ပြသလိုက်ပါတယ်” ဟု ဆိုသည်။
မိတ်ဆက်ပြောကြားချက်များအရ လွန်ခဲ့သည့် ဆယ်စုနှစ်အချို့တွင် IHG Hotels & Resorts က အမှတ်တံဆိပ် ၁၂ ခု တရုတ်သို့ ဝင်ရောက်ခဲ့ကြောင်း၊ ဖွင့်လှစ်လည်ပတ်နေသည့် ဟိုတယ်နှင့် တည်ဆောက်နေဆဲဟိုတယ် ၁,၃၀၀ ကျော် ရှိပြီး မြို့ပေါင်း ၂,၀၀ ကျော် နေရာအနှံ့တွင် ဖြန့်ကြက်ထားကြောင်း သိရသည်။ အဆိုပါ နိုင်ငံတကာ ဟိုတယ်လုပ်ငန်းစုက အချက်အချာမြို့များ၏ အခင်းအကျင်းများကို နက်ရှိုင်းစွာ ဆောင်ရွက်နေသည့်တစ်ချိန်တည်းတွင်ပင် ဖရန်ချိုက်လုပ်ငန်းစနစ်ဖြင့် တတိယအဆင့်မှ ပဉ္စမအဆင့် မြို့များနှင့် လူနည်းစု ခရီးသွားနေရာများတွင် ဆက်တိုက် ထဲထဲဝင်ဝင်ဆောင်ရွက်ကာ ခရီးသွားစားသုံးမှု တိုးတက်အောင် တွန်းအားပေးရန် စီစဉ်ထားကြောင်း သိရသည်။
CIIE တွင် ပထမဆုံး ပါဝင်ပြသသည့် H World Group Limited က ၎င်း သွင်းယူလာသည့် အမှတ်တံဆိပ်နှင့် တရုတ်ပြည်တွင်း အမှတ်တံဆိပ် ဟိုတယ်များ၏ နောက်ဆုံးပေါ် တိုးတက်မှုအခြေအနေများ၊ အထူးသဖြင့် self-service laundry၊ self-service delivery၊ self-service lockers စသည့် စမတ်ဟိုတယ်အသုံးပြုများကို ပြသခဲ့သည်။ ယင်းဟိုတယ်အဖွဲ့သည် CIIE တွင် ကွမ်ရှီး ခရီးသွားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအဖွဲ့ စသည့် လုပ်ငန်းများနှင့် မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်များ လက်မှတ်ရေးထိုးခဲ့ရာ ယဉ်ကျေးမှုခရီးသွားထုတ်ကုန်လုပ်ငန်း၊ ထောက်ပံ့ရေးကွင်းဆက် ၊ ဟိုတယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုပ်ငန်းဆောင်ရွက်ရေး စသည့် ကဏ္ဍများတွင် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
H World Group Limited အမှုဆောင်အရာရှိချုပ် ကျင်းဟွေးက တရုတ် ခရီးသွား ဟိုတယ်လုပ်ငန်းသည် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ကုမ္ပဏီလုပ်ငန်းအဖွဲ့အနေဖြင့် တရုတ်နိုင်ငံ၏ တိုးချဲ့တံခါးဖွင့်လှစ်သည့်အခွင့်အလမ်းများကို ပြည်တွင်းပြည်ပ ခရီးသွားလုပ်ငန်းများနှင့်အတူ မျှဝေသွားမည် ဖြစ်သလို ပူးပေါင်းဆောင်ရွက်မှုနှင့် ဆန်းသစ်ဖန်တီးမှုများ အားဖြည့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် တရုတ်ခရီးသွားလုပ်ငန်းအဖွဲ့ ကုန်သွယ်ရေးအဖွဲ့ခွဲသည် CIIE တွင် Estee Lauder ၊ Hennessy၊ Pernod Ricard ပြည်ပသွင်းကုန် စီးပွားရေးလုပ်ငန်းရှင်များနှင့် သဘောတူလက်မှတ်များရေးထိုးခဲ့ကြောင်း၊ လက်မှတ်ရေးထိုးသည့် စီမံကိန်းတွင် အလှကုန်ပစ္စည်း၊ သွင်းကုန်ဆေးလိပ်၊ အဖျော်ယမကာ၊ စားသောက်ကုန် စသည့် ကုန်ပစ္စည်းအမျိုးအစားများ ပါဝင်ပြီး အရောင်းအဝယ်စုစုပေါင်း ပမာဏမှာ ကန်ဒေါ်လာ ၁.၁ ဘီလီယံရှိပေသည်။
ကမ္ဘာ့ထိပ်တန်း အပျော်စီး သင်္ဘော ကုမ္ပဏီကြီးဖြစ်သော MSC Cruises ၏ CIIE တွင် ထုတ်ပြန်သည့် ၂၀၂၅ – ၂၀၂၆ ခုနှစ် ရွက်လွှင့်ရာသီ သုံးခုတွင် တရုတ်စားသုံးသူများအတွက် ဆန်ခါတင်ရွေးချယ်ထားခြင်း ဖြစ်ပြီး ယင်းပြည်ပရေကြောင်းခရီးစဉ် ၁၂၇ ခုသည် ရေကြောင်းဧရိယာ ၈ ခု၊ နိုင်ငံနှင့် ဒေသပေါင်း ၃၀ ကျော်ကို လွှမ်းခြုံထားကြောင်း သိရသည်။
အဆိုပါလုပ်ငန်းလုပ်ကိုင်သူများက CIIE အပါအဝင် နိုင်ငံတကာ ပြပွဲများ ကျင်းပခြင်းသည် ခရီးသွား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မျက်မြင်သက်သေပြုခြင်းနှင့် မြှင့်တင်ခြင်း ဖြစ်သည်ဟု ရှုမြင်ကြသည်။
သတ္တမမြောက် CIIE ပြပွဲကာလတွင် ရှန်ဟိုင်းရှိ ဟိုတယ်များ၏ အမှာစာမှာ ဆဋ္ဌမမြောက် ပြပွဲထက် ၈၀ ရာခိုင်နှုန်း တိုးတက်လာကြောင်း၊ ပြည်ပမှ ရှန်ဟိုင်းသို့ လာရောက်သည့် နိုင်ငံတကာလေယာဉ်လက်မှတ် အမှာစာမှာ ယမန်နှစ် အလားတူကာလထက် တစ်ဆကျော် မြင့်တက်သွားကြောင်း Qunar ပလက်ဖောင်း၏ ကိန်းဂဏန်း အချက်အလက်များတွင် ဖော်ပြထားသည်။
ကောင်းဝေတုန်းက CIIE ပြပွဲ ကျင်းပစဉ်ကာလတွင် JW Marriott Marquis Hotel Shanghai ၏ နေထိုင်မှုသည် ၈၅ ရာခိုင်နှုန်းအထိရှိပြီး တစ်နှစ်တာအတွင်း လုပ်ငန်းအကောင်းဆုံးဖြစ်ရာ ယခုကာလများ၌ ပြည်ပဧည့်သည်များ သိသိသာသာ တိုးလာသည်ဟု ဆိုသည်။ ဟိုတယ်က နိုင်ငံခြားငွေလဲလှယ်ရေး စသည့် စက်ပစ္စည်းတွေ ထပ်တိုးထားသလို စားသောက်ဆိုင် ဟင်းလျာပြင်ဆင်မှုအနေဖြင့်လည်း နိုင်ငံအသီးသီး ဧည့်သည်များ၏ နှစ်ခြိုက်မှုကို အပြည့်အဝ ထည့်သွင်းစဉ်းစားထားကြောင်း ၎င်းက ပြောကြားခဲ့သည်။
CIIE ပြပွဲအပြင် တရုတ်နိုင်ငံနှင့် ပြည်ပ ခရီးသွားလုပ်ငန်းကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ ရှေ့သို့ တက်လှမ်းရန် စိုင်းပြင်းလျက်ရှိကြသည်။ တရုတ်နိုင်ငံ ပြည်ပမကြီးဒေသ အဆင့်မြင့် ဟိုတယ်များနှင့် ခရီးသွား အပန်းဖြေနေရာများကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးရန် ရည်ရွယ်ကာ Hilton Worldwide Holdings Inc.နှင့် Ssaw Hotels & Resorts Group Co.,Ltd. တို့သည် မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး LOI စာလွှာကို နိုဝင်ဘာ ၆ ရက်က လက်မှတ်ရေးထိုးခဲ့သည်။
ဒေသစံတော်ချိန် နိုဝင်ဘာ ၅ ရက်မှ ၇ ရက်အထိ၊ ရှန်ဟိုင်းမြို့ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဌာနသည် Juneyao Airlines ၊ ရှန်ဟိုင်း နိုင်ငံတကာ ခရီးသွားကုမ္ပဏီ၊ ဖုသန့်တက္ကသိုလ် ဟွာဆန်းဆေးရုံ စသည်တို့နှင့် ပူးတွဲ၍ World Travel Market London 2024 သို့ တက်ရောက်ကာ အနုပညာနှင့် စာပေ၊ ပွဲတော်လှုပ်ရှားမှုများ၊ အထူးစားကောင်းသောက်ဖွယ်များ၊ နိုင်ငံတကာ ဆေးကုသရေး ဝန်ဆောင်မှု စသည် တို့ကို ပြသကာ ပို၍ များပြားသော ပြည်ပခရီးသွားဧည့်သည်များ တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ခဲ့သည်။ ၂၀၂၄ ခုနှစ် ပထမ သုံးလပတ် ကာလများတွင် ရှန်ဟိုင်းသည် ပြည်ပမှ ဝင်ရောက်သော ခရီးသွားဧည့်သည် ခရီးစဉ် အကြိမ်ရေ ၄.၆၁၂၈ သန်း လက်ခံခဲ့ရာ ပြီးခဲ့သည့် ကာလတူထက် ၁၀၀.၆၆ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။
တရုတ်နိုင်ငံ ခရီးသွားကဏ္ဍ သုတေသနဌာန အကြီးအကဲ သိုက်ပင်းက တရုတ်နိုင်ငံ၏ ပြည်ပ တံခါးဖွင့်လှစ်မှု တိုးချဲ့လာခြင်း၊ တရုတ်နိုင်ငံနှင့် ပြည်ပခရီးသွားလုပ်ငန်းနယ်ပယ် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လာသည်နှင့်အညီ ကမ္ဘာတစ်ဝန်းလုံး ယဉ်ကျေးမှုခရီးသွားလုပ်ငန်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အရည်အသွေးမြင့် တိုးတက်ရေးကို တွန်းအားပေးမည် ဖြစ်သလို အပြန်အလှန် သွားလာမှုများအတွင်း ပြည်သူ့ဆက်ဆံရေးဖလှယ်မှုများ၊ အပြန်အလှန် နားလည်မှုနှင့် နီးစပ်မှုများကို မြှင့်တင်ပေးမည်ဟု ယူဆပေသည်။ (Xinhua)
…………………………………
(Chinese Version)
第七届进博会丨中外旅游业界携手推动旅游经济高质量发展
新华社上海11月9日电(记者陈爱平、许晓青)在第七届中国国际进口博览会服务贸易展区万豪国际集团展台设立的橱窗内,放置着8枚写着“Alfred Gao”的员工名牌,有的表面有一些生锈或磨损——它们来自在集团工作了近30年、现上海鲁能JW万豪侯爵酒店总经理高炜东。
在万豪国际集团进入中国市场50年之际,该集团通过展示员工名牌、酒店开业照片等“老物件”,向进博会来宾展示其与中国旅游经济一起成长的足迹。
“中国已成为万豪全球的重要市场之一。目前,我们在中国运营570多家酒店,提供9万多个就业岗位,本土酒店总经理占比81%,以24个品牌为来自全球的旅行者服务。”万豪国际集团大中华区总裁毛怡冰说。
据介绍,2024年万豪在中国的业务实现快速增长。今年前三季度平均每周签约超过3个项目、开业1.3家酒店,印证中国市场的活力。集团将加速在华布局,服务好海内外宾客。
第七届中国国际进口博览会于11月5日至10日在上海举办。中外旅游业者云集,展示最新服务,达成深度合作,共同推动中国乃至世界旅游经济的复苏和发展。
与万豪展台相邻,总部位于英国的洲际酒店集团以“酒店大堂荟萃”形式,集中展示智选假日酒店、假日酒店和逸衡酒店三个品牌。其中智选假日酒店选址以中国高铁沿线站点为主,见证随着中国交通日益便捷,中外游客“沿着高铁探访中国”的热潮。
洲际酒店集团大中华区首席执行官爱默尔说:“连续参展进博会七年来,我们见证了进博会成为全球共享中国机遇的重要平台,也通过这一平台展示我们在中国市场的飞速发展和深耕中国的决心。”
据介绍,在过去几十年间,洲际酒店集团已将12个品牌引入中国,开业及在建酒店超过1300家,遍布200余个城市。这家国际酒店集团计划,在深化布局核心城市的同时,借助特许经营模式持续深入三至五线城市和小众目的地,推动旅游消费增长。
首次参展进博会的华住集团集中展示其引进品牌和中国本土品牌酒店的最新发展,特别是自助洗衣、自助送物、自助存柜等智慧酒店应用。这家酒店集团在进博会上与广西旅游发展集团等多家企业达成了战略合作签约,将在文旅产业、供应链、酒店开发运营等方面展开深度合作。
华住集团首席执行官金辉说,中国旅游酒店行业正追求高质量发展,集团将与海内外旅游企业共享中国扩大对外开放机遇,加强合作和创新。
此外,中国旅游集团交易分团在进博会上与包括雅诗兰黛、轩尼诗、保乐力加等20家海外供应商签约,签约项目涵盖美妆、进口烟酒、食品等品类,签约成交总额11亿美元。
全球邮轮巨头MSC地中海邮轮在进博会上发布2025年至2026年的三个航季专为中国消费者精选的127条海外航线,覆盖全球8个航区和30多个国家和地区。
在业内人士看来,包括进博会举办在内的国际会展举办,本身就见证和促进旅游经济发展。去哪儿平台数据显示,第七届进博会期间上海酒店订单量同比第六届增长了八成;从国外赴上海的国际航班机票订单量较去年同期增长超过一倍。
高炜东介绍,上海鲁能JW万豪侯爵酒店在进博会期间入住率达到85%左右,是年内的旺季水平,近期外宾明显增多。酒店增加了外币兑换等设备,餐厅备菜也会充分考虑到不同国家宾客的喜好。
进博会以外,中外旅游业界合作也正在紧锣密鼓推进。11月6日,希尔顿集团与君亭酒店集团签署战略合作意向书,旨在推动在中国大陆地区高端酒店及目的地度假村方面的发展。
当地时间11月5日至7日,上海市文化和旅游局联合吉祥航空、上海国旅、复旦大学附属华山医院等各方亮相2024伦敦世界旅游交易会,展示艺术文博、节庆活动、特色美食、国际医疗服务等,欢迎更多海外游客到访中国。2024年前三季度,上海接待入境游客461.28万人次,同比增长100.66%。
中国旅游研究院院长戴斌认为,随着中国扩大对外开放,中外旅游业界加强合作,将推动全球文旅产业可持续发展和高质量发展,也将在你来我往中,促进人民交往交流、相知相近。
1. 这是11月4日拍摄的中国国际进口博览会举办场地——国家会展中心(上海)(无人机照片)。新华社记者 凡军 摄
2. 11月5日,在英国伦敦,人们在伦敦世界旅游交易会中国展区参观。新华社记者 李颖 摄