Connect with us

China

7th CIIE- သတ္တမမြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ၏ နှစ်အလိုက် ရည်ရွယ်ထားသည့် အရောင်းအဝယ်ပမာဏ ကန်ဒေါ်လာ ဘီလီယံ ၈၀ ကျော်လွန်

သတ္တမမြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ နည်းပညာစက်ပစ္စည်းပြခန်းဧရိယာအား ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)
သတ္တမမြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲတွင် အရောင်းအဝယ်များ သွက်လက်လျက်ရှိပြီး တစ်နှစ်တာအတွက် ရည်ရွယ်ထားသည့် အရောင်းအဝယ်ပမာဏမှာ ကန်ဒေါ်လာ ၈၀.၀၁ ဘီလီယံ ရှိရာ ယခင်ပြပွဲထက် ၂ ရာခိုင်နှုန်းတိုးလာခဲ့သည်။

အဆိုပါအချက်အလက်များအား နိုဝင်ဘာ ၁၀ ရက်၌ ကျင်းပသည့် သတ္တမမြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ ပိတ်ပွဲအခမ်းအနား သတင်းစာရှင်းလင်းပွဲမှ သိရခြင်းဖြစ်သည်။
တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲဗျူရို ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဝူကျိန့်ဖိန်က ယခုအကြိမ် CIIE ၏ နိုင်ငံအလိုက်ပြခန်းများတွင် ကုန်းမြေတိုက်ကြီး ၅ တိုက်မှ လာသော နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်း ၇၇ ခု လာရောက်စုစည်းခဲ့ကြရာ ပြပွဲ ဧရိယာ စတုရန်းမီတာ ၃၀,၀၀၀ ရှိကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ပါဝင်ပြသသည့် နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်းများက နိုင်ငံအလိုက်ပြခန်း၏ ပလက်ဖောင်းကို အထူးအလေးထားကြကြောင်း၊ ပြခန်း၏ဒီဇိုင်းတွင် နိုင်ငံအသီးသီး၏ ယဉ်ကျေးမှု၊ တိုင်းရင်းသားလူမျိုးများ၏ထူးခြားမှုနှင့် ယနေ့ခေတ်သိပ္ပံနည်းပညာများ ပေါင်းစပ်ထားပြီး စည်ကားသိုက်မြိုက်သည့် ပြခန်းအစီအစဉ် ၂၀၀ ကျော် ကျင်းပခဲ့ရာ သမိုင်းအမွေအနှစ်များစွာကို ပြသနိုင်ခဲ့သလို မတူညီသောကဏ္ဍများတွင် နိုင်ငံတိုင်း၏ တစ်မူထူးခြားသည့်အားသာချက်များကို ပရိသတ်များက နားလည်ခွင့်ရရှိခဲ့ကြောင်း သိရသည်။

ယခုအကြိမ် CIIE ၏ လုပ်ငန်းအလိုက်ပြခန်းဧရိယာမှာ အလွန်ကြီးမားသည့် ၃၆၀,၀၀၀ စတုရန်းမီတာ ပမာဏကို ဆက်လက်ထိန်းသိမ်းထားနိုင်ကြောင်း၊ နိုင်ငံနှင့် ဒေသပေါင်း ၁၂၉ ခုမှ လာရောက်သော ပြပွဲတွင် ပါဝင်သည့် လုပ်ငန်းပေါင်း ၃,၄၉၆ ခု ရှိပြီး လုပ်ငန်းနှင့် အဖွဲ့အစည်း ၁၈၆ ခုမှာ ၇ ကြိမ်ဆက်တိုက် “မပျက်မကွက်တက်ရောက်သူ” များ ဖြစ်ရာ ကမ္ဘာတစ်ဝန်းကုမ္ပဏီလုပ်ငန်းများက တရုတ်စီးပွားရေးတိုးတက်မှုအပေါ် ယုံကြည်မှုနှင့် တရုတ်၏ အလွန်တရာကြီးမားသော ဈေးကွက်၏ ဆွဲဆောင်စွမ်းကို အပြည့်အဝ ပြသခဲ့ကြောင်း၊ ထိုသို့ပါဝင်ပြသူများတွင် Fortune 500 စာရင်းနှင့် ထိပ်တန်းကုမ္ပဏီလုပ်ငန်း ၂၉၇ ခု ပါဝင်ရာ သမိုင်းစံချိန်သစ်တင်ခဲ့ကြောင်း သိရသည်။

“ဒီနှစ် နိုင်ငံစုံကုမ္ပဏီတွေက ထုတ်ကုန်အသစ်၊ နည်းပညာအသစ်၊ ဝန်ဆောင်မှုအသစ် ၄၅၀ ခုကို ပထမဆုံးပြသခဲ့ကြတယ်။ အဲဒီထဲက ကမ္ဘာမှာ ပထမဆုံးပြသတာက အခု ၁၀၀ ကျော်၊ အာရှမှာ ပထမဆုံးပြသတာက ၄၀ ၊ တရုတ်မှာ ပထမဆုံးပြသတာက ၂၀၀ ကျော်ရှိပြီး ‘စီးပွားရေးဦးဆုံးတာထွက်ခြင်း’ ကို တက်ကြွစွာ အားဖြည့်ပေးသလို စားသုံးမှုစွမ်းအင်သစ်ကိုလည်း နှိုးဆွပေးခဲ့ပါတယ် ” ဟု ဝူကျိန့်ဖိန်က ပြောကြားခဲ့သည်။

၇ နှစ်ကြာကာလတွင် CIIE ပြပွဲ၏ နိုင်ငံတကာ ဝယ်ယူမှုနှင့် ရင်းနှီးမြှုပ်နှံမှုကို မြှင့်သည့်စွမ်းအင်က ပို၍ ထင်ရှားလာခဲ့သည်။ အစိုးရ ကုန်သွယ်မှုအဖွဲ့ ၃၉ ခုနှင့် ကုန်သွယ်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်း ၄ ခုက မှတ်ပုံတင်သည့် ပညာရှင်ပေါင်း ၄၃၀,၀၀၀ ကျော် ရှိရာ ပြီးခဲ့သည့်နှစ်ကာလတူထက် ၄ ရာခိုင်နှုန်း တိုးမြင့်ခဲ့ကြောင်း၊ ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှု ချိတ်ဆက်ရေး ကွန်ဖရင့် က ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး အစီအစဉ် ၅၀ နီးပါး ကျင်းပခဲ့ပြီး အွန်လိုင်းဈေးဝယ်ခန်းနှင့် ဒစ်ဂျစ်တယ် CIIE ပလက်ဖောင်းက ဝယ်ယူရေး လိုအပ်ချက် ၁၂,၀၀၀ နီးပါး ထုတ်ပြန်ခဲ့ရာ ရောင်းသူ၊ ဝယ်သူ နှစ်ဖက် ကြိုတင်ချိတ်ဆက်ရန် အကူအညီပေးခဲ့ကြောင်း သိရသည်။
သတ္တမမြောက် ဟုန်ချောင် နိုင်ငံတကာ စီးပွားရေးဖိုရမ်သည် “အရည်အသွေးမြင့် တံခါးဖွင့်လှစ်ခြင်းကို ခိုင်မာစွာ လက်ကိုင်ထား၍ အများအကျိုးဖြစ်ထွန်းမှု၊ အားလုံးပါဝင်မှု ရှိသော ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအသွင်ပြောင်းခြင်းကို အတူတကွမြှင့်တင်ကြမည်” ဟူသောခေါင်းစဉ်ဖြင့် အဓိကဆွေးနွေးပွဲများနှင့် 《ကမ္ဘာလုံးဆိုင်ရာ တံခါးဖွင့်လှစ်မှု အစီရင်ခံစာ ၂၀၂၄》 ထုတ်ပြန်ခြင်းနှင့် နိုင်ငံတကာ ဆွေးနွေးပွဲစသည့် ဆွေးနွေးပွဲဖိုရမ် ၁၉ ခု ကျင်းပခဲ့သည်။

သတ္တမကြိမ် နိုင်ငံတကာသွင်းကုန်ပြပွဲကို ကောင်းမွန်စွာ ကျင်းပခဲ့သည့် တစ်ချိန်တည်းတွင်ပင် အဋ္ဌမအကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများကို ဘက်စုံ လမ်းခင်းဆောင်ရွက်နေပြီ ဖြစ်ရာ အသစ်ချုပ်ဆိုထားသော လုပ်ငန်းအလိုက်ပြခန်းဧရိယာမှာ စတုရန်း မီတာ ၁၀၀,၀၀၀ ကျော် ရှိကြောင်း သိရသည်။ (Xinhua)

စေတနာ့ဝန်ထမ်းတစ်ဦးက စက်ရုပ်ခွေးလေးနှင့် နှုတ်ဆက်နေသည်ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

သတ္တမမြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ နိုင်ငံအလိုက်ပြခန်းဧရိယာရှိ ဘီနင်နိုင်ငံပြခန်းတွင် ဘီနင်အရက်အား မြည်းစမ်းကြည့်နေသူများကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………….
第七届进博会|第七届进博会按年计意向成交突破800亿美元
新华社上海11月10日电(记者周蕊、谢希瑶)第七届中国国际进口博览会成交活跃,按一年计意向成交金额800.1亿美元,比上届增长2.0%。
这是记者从10日举行的第七届进博会闭幕新闻通气会上了解到的。中国国际进口博览局副局长吴政平在会上介绍,本届进博会国家展汇聚了来自五大洲的77个国家和国际组织,展览面积3万平方米。各参展国和国际组织高度重视国家展展示平台,展台设计融入各国文化、民族特色和现代科技,举办了200多场精彩纷呈的展台活动,既展现丰富的历史底蕴,也让观众了解到各国在不同领域的独特优势。
本届进博会的企业展继续保持36万平方米的超大规模,共有129个国家和地区的3496家展商参展,186家企业和机构成为七届“全勤生”,充分体现全球企业对中国经济发展的信心和中国超大规模市场的吸引力。其中,世界500强和行业龙头企业297家,创历史新高。
“今年,跨国企业带来450项新产品新技术新服务首发首展,包括100多项全球首发、40项亚洲首展、200多项中国首秀,积极助力‘首发经济’,激发消费新动能。”吴政平说。
七年来,进博会国际采购和投资促进功能凸显。39个政府交易团和4个行业交易团组织注册专业观众超过43万人,同比增长4%,贸易投资对接会举办近50场贸易和投资促进活动,网上供采大厅和数字进博平台还发布近1.2万条采购需求,助力供需双方预先对接。
第七届虹桥国际经济论坛以“坚持高水平开放,共促普惠包容的经济全球化”为主题,举办主论坛和《世界开放报告2024》发布暨国际研讨会等19场分论坛。
在办好第七届进博会的同时,第八届进博会筹备工作已全面铺开,新签企业展展览面积超10万平方米。(完)
1. 11月9日拍摄的第七届进博会技术装备展区。新华社记者 王翔 摄
2. 11月10日,志愿者在新闻中心与机器狗握手告别。新华社发(陈浩明摄)
3. 11月7日,人们在第七届进博会国家展贝宁馆体验贝宁美酒。新华社记者 王翔 摄