Connect with us

China

ဒုံးပျံတစ်စင်းတည်းဖြင့် ဂြိုဟ်တု ၁၅ လုံးလွှတ်တင်၊ Lijian-1 Y5 သယ်ဆောင်ရေးဒုံးပျံကို အောင်မြင်စွာ လွှတ်တင်

ကျိုချွမ်၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဒေသစံတော်ချိန် နိုဝင်ဘာ ၁၁ ရက်၊ နေ့လယ် ၁၂ နာရီ ၃ မိနစ်တွင် Lijian-1 Y5 သယ်ဆောင်ရေးဒုံးပျံကို တုန်းဖုန်းစီးပွားဖြစ်အာကာသ ဆန်းသစ်တီထွင်မှု စမ်းသပ်ဇုန်မှ အောင်မြင်စွာ လွှတ်တင်ခဲ့သည်။ အဆိုပါ ဒုံးပျံသည် Test-26A၊ B၊ C ဂြိုဟ်တုများ၊ Jilin-1 Gaofen-05B နှင့် Platform-02A03 ဂြိုဟ်တု၊ Yunyao-1 31-36 ဂြိုဟ်တု၊ Xiguang-1 04 နှင့် 05 ဂြိုဟ်တု၊ Oman-1 အဝေးထိန်း အာရုံခံဂြိုဟ်တု၊ Tianyan-24 ဂြိုဟ်တု အပါအဝင် စုစုပေါင်း ဂြိုဟ်တု ၁၅ လုံးကို သတ်မှတ်ဂြိုဟ်ပတ်လမ်းသို့ အဆင်ပြေချော့မွေ့စွာ ပို့ဆောင်နိုင်ပြီဖြစ်၍ ပျံသန်း စမ်းသပ်မှု မစ်ရှင်သည် အပြည့်အဝအောင်မြင်မှုရရှိခဲ့ကြောင်း သိရသည်။ (Xinhua)


………………………………….
(Chinese Version)
一箭15星!力箭一号遥五运载火箭发射成功
酒泉,2024年11月11日
11月11日12时03分,力箭一号遥五运载火箭在东风商业航天创新试验区发射升空,将搭载的试验二十六号A、B、C星,吉林一号高分05B星、平台02A03星,云遥一号31星-36星,西光壹号04星、05星,阿曼智能遥感卫星一号,天雁24星共15颗卫星顺利送入预定轨道,飞行试验任务获得圆满成功。
新华社发(汪江波 摄)