China
၂၀၂၄ ခုနှစ်သည် ကျိန့်ချင်းဝန်အတွက် ထိုးဖောက် ကျော်လွှားနိုင်မှုများနှင့် ရပ်တန့်နေခြင်း မဟုတ်ပေ
ပေကျင်း၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ)
အမျိုးသမီးတင်းနစ်ကစားသမားများအသင်း (WTA) နှစ်ကုန်ဖိုင်နယ်တွင် ကျိန့်ချင်းဝန်သည် ဒုတိယဆု ဆုတံဆိပ်ကြီး ရယူဆွတ်ခူးနိုင်ခဲ့ရာ အသက် ၂၂ နှစ်အရွယ် ဟူပေပြည်နယ်မိန်းကလေး၏ ၂၀၂၄ ခုနှစ် ရာသီပြိုင်ပွဲမှာ ကောင်းမွန်ပြည့်စုံမှုများနှင့် ပွဲသိမ်းနိုင်ခဲ့သည်။
“Chinese Golden Flower”၊ လီနာ (တရုတ်တင်းနစ်ကစားသမားဟောင်း) ၏ ဆက်ခံသူ အဖြစ် ပြိုင်ပွဲများတွင် ထပ်ခါတလဲလဲ မိမိကိုယ်ကို သက်သေပြခဲ့ရာ ကျိန့်ချင်းဝန်၏ ၂၀၂၄ ခုနှစ် ရာသီပြိုင်ပွဲများတွင် မိမိကိုယ်ကို ကျော်လွှားနိုင်မှုများ ရှိခဲ့ပါသည်။ ဤ ကျော်လွှားနိုင်မှုများသည် ရလဒ်၊ အသက်အရွယ်နှင့် မိမိကိုယ်ကို ကန့်သတ်မှုများတွင် ရပ်တန့်နေခြင်း မဟုတ်ပေ။
ယခုရာသီပြိုင်ပွဲအစ၏ Australian Open ပြိုင်ပွဲတွင် ကျိန့်ချင်းဝန်သည် ဒုတိယအဆင့် ရလဒ်ဖြင့် တရုတ်လူမျိုးများကို အံ့အားသင့်စေခဲ့ပြီး ယင်းသည် ကျိန့်ချင်းဝန်၏ကစားသမားဘ၀တွင် ပထမဆုံးအကြိမ်အဖြစ် Grand Slam single runner-up ကိုရရှိခဲ့ခြင်းဖြစ်ပြီး ၎င်း၏ကမ္ဘာ့အဆင့်မှာလည်း သမိုင်းဝင် သတ္တမမြောက်နေရာသို့ ရောက်ရှိခဲ့သည်။
တရုတ်လူမျိုးများအား ပို၍ ဂုဏ်ယူဝင့်ကြွားမှုဖြစ်စေသည်မှာ ယခုနှစ် နွေရာသီ ပဲရစ်အိုလံပစ်က ကျိန့်ချင်းဝန်၏ စွမ်းဆောင်မှုဖြစ်သည်။ အမျိုးသမီးတစ်ဦးချင်းကွာတားဖိုင်နယ်တွင် ကျိန့်ချင်းဝန်သည် ၃ နာရီ ၄ မိနစ်ကြာ အပြင်းအထန်ယှဉ်ပြိုင်ခဲ့ပြီး ကမ္ဘာ့နံပါတ်တစ်၊ ဂျာမန်လက်ရွေးစင် Angelique Kerber ကို ၆-၇ (၄) ၊ ၆-၄၊ ၇-၆ (၆) အမှတ်များဖြင့်အနိုင်ရရှိကာ ထိပ်တန်း ၄ နေရာသို့ ရောက်ရှိခဲ့သည်။ ဒုတိယနေ့တွင် ၎င်းသည် ၆-၂၊ ၇-၅ အမှတ်များဖြင့် ထိပ်ဆုံး ဆန်ခါတင်လက်ရွေးစင်၊ ပိုလန်ကစားသမား Iga Swiatek ကိုလည်း အနိုင်ရရှိခဲ့ပြီး ဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့ရာ ၂၀၀၈ ခုနှစ် ပေကျင်းအိုလံပစ်တွင် လီနာ၏ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၌ စတုတ္ထနေရာရရှိခြင်းကို ကျော်လွန်၍ တရုတ်အသင်း၏ အိုလံပစ်အားကစား အမျိုးသမီးတစ်ဦးချင်း တင်းနစ်ပြိုင်ပွဲ၌ အကောင်းဆုံးပြိုင်ပွဲရလဒ်အသစ်ကို စံချိန်တင်ခဲ့သည်။
နှစ်ရက်အတွင်း ၇ နာရီကျော် ယှဉ်ပြိုင်ကစားပြီးနောက် ကျိန့်ချင်းဝန်သည် သမိုင်းကို ထပ်မံဖန်တီးခဲ့သည်။ ၎င်းသည် ၆-၂၊ ၆-၃ အမှတ်များဖြင့် ခရိုအေးရှားလက်ရွေးစင် Donna Vekić ကို အနိုင်ရရှိကာ တရုတ်တင်းနစ်သမိုင်းတွင် ပထမဆုံးသော အမျိုးသမီးတစ်ဦးချင်း အိုလံပစ်ရွှေတံဆိပ်ကို ဆွတ်ခူးခဲ့သည်။
အိုလံပစ်ချန်ပီယံ အရှိန်အဝါသည် ကျိန့်ချင်းဝန်၏ ၂၀၂၄ ခုနှစ် တင်းနစ် “China Season” အပေါ် ကြီးမားသော အာရုံစိုက်မှုများ ရရှိလာခဲ့ရာ ၎င်းကလည်း China Open တွင် စတုတ္ထအဆင့်၊ Wuhan Open တွင် ဒုတိယအဆင့်ရှိသော ၎င်း၏ ထူးချွန်သောစွမ်းဆောင်ရည်ဖြင့် ပရိသတ်များစွာကို တုံ့ပြန်ခဲ့သည်။ တစ်ချိန်တည်းမှာပင် WTA Finals တွင် နေရာတစ်ခုရရှိခဲ့ပြီး တိုကျို၌ ကျင်းပသည့် WTA500 ၏ ချန်ပီယံကိုလည်း ရရှိခဲ့သည်။
ကျိန့်ချင်းဝန်သည် WTA Finals ပြိုင်ပွဲတစ်လျှောက် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရာ ဖိုင်နယ်သို့ တက်လှမ်းကာ နောက်ဆုံးတွင် ဒုတိယဆု ရရှိခဲ့သည်။ အသက် ၂၂ နှစ်အရွယ် ကျိန့်ချင်းဝန်သည် တရုတ်ပြည်သူများ၏ မျှော်မှန်းချက်များကို ဖြည့်ဆည်းပေးနိုင်ခဲ့သည်။
ထူးချွန်သော ပြိုင်ပွဲရလဒ်များအပြင် ကျိန့်ချင်းဝန်သည် ကိုယ်ပေါ်တွင် မိမိကိုယ်ကိုယုံကြည်မှု၊ တည်ငြိမ်မှုနှင့် ကြံ့ခိုင်မူရှိသော ဇွဲလုံ့လတို့အပြင် မိသားစုနှင့် နိုင်ငံအပေါ်တွင် နက်ရှိုင်းသော သံယောဇဉ်လည်းရှိရာ ရိုးသားဖြောင့်မတ်သော၊ မိမိကိုယ်ကိုယုံကြည်မှုရှိသော၊ ရုန်းကန်လှုပ်ရှားသော၊ ကြိုးစားသော တရုတ်အားကစားသမားတစ်ဦး၏ ပုံရိပ်ကို ကမ္ဘာအားပြသခဲ့သည်။
“နိုင်ငံအတွက် အခု ကျွန်မကို နောက်ထပ် သုံးနာရီလောက် ပြိုင်ပွဲမှာ ဆက်ယှဉ်ပြိုင်ခိုင်းရင်တောင်မှ ကျွန်မ ထပ်ယှဉ်ပြိုင်သွားဖို့ ဆန္ဒရှိတယ်” ဟု အိုလံပစ်ပြိုင်ပွဲ၌ ကျိန့်ချင်းဝန်၏ ပြောကြားမှုများက မရေမတွက်နိုင်သည့် တရုတ်ပြည်သူများကို ရင်ထဲထိမိသွားစေခဲ့သည်။
၎င်းနာမည်၏ အသံထွက်ကြောင့် ပရိသတ်များက ကျိန့်ချင်းဝန်ကို “ဘုရင်မဝန် (Queen Wen)” ဟု ခေါ်ကြသည်။ ၎င်းအနေဖြင့် အရင်တည်းက ဤချစ်စနိုးခေါ်သည့် နာမည်ကို လက်ခံခဲ့ရုံသာမကဘဲ ပဲရစ်အိုလံပစ်ပြိုင်ပွဲတွင် ချန်ပီယံဆွတ်ခူးပြီးနောက် ယုံကြည်မှုရှိစွာ “‘ဘုရင်မဝန်’ ဆိုတဲ့ စကားလုံးနဲ့ ကျွန်မ ထိုက်တန်တယ်” ဟု တုံ့ပြန်ခဲ့သည်။
လူကြိုက်များကျော်ကြားလာမှု စဉ်ဆက်မပြတ်မြင့်တက်လာသည်နှင့်အမျှ ပြိုင်ပွဲဆုကြေးငွေ၊ စီးပွားရေးဆိုင်ရာ ကြော်ငြာများစသည့် အငြင်းပွားဖွယ်ရာပြဿနာများနှင့် ရင်ဆိုင်ရသည့်အခါ ကျိန့်ချင်းဝန်၏ ဖြေကြားမှုများသည်လည်း အပြစ်ဆိုဖွယ် မရှိအောင် ပြီးပြည့်စုံလှပေသည်။
ငယ်ရွယ်သည့်အချိန်တွင် ငွေကြေးသည် တင်းနစ်ကစားရန် လုံလောက်သော လွတ်လပ်မှုရှိခြင်းကို ဆိုလိုကြောင်း၊ “အခုဆိုရင် ငွေကြေးက ပိုကောင်းတဲ့ အဖွဲ့တည်ဆောက်နိုင်မယ်၊ ကျွန်မအပါအဝင် ကျွန်မရဲ့ မိသားစုအတွက် ပိုကောင်းတဲ့ လူနေမှုဘဝရရှိနိုင်မယ်၊ ဒီထက်ပိုပြီးရှိမယ်ဆိုရင် ငွေကြေးနဲ့လည်း တခြားသူတွေကို ကူညီနိုင်မယ် ဆိုလိုတယ်” ဟု ကျိန့်ချင်းဝန်က ပြောကြားခဲ့သည်။
ခေတ်တစ်ခေတ်တွင် ယင်းခေတ်၏ ကြိုက်နှစ်သက်သော စံနမူနာပုဂ္ဂိုလ် ရှိကြသည်။
လီနာက ၂၀၁၁ ခုနှစ် French Open ပြိုင်ပွဲတွင် ချန်ပီယံဆု ဆွတ်ခူးခဲ့ရာ ထိုအချိန်တွင် အသက် ၉ နှစ်အရွယ်သာရှိသေးသော ကျိန့်ချင်းဝန်ကို “Grand Slam ချန်ပီယံဆု” ဆွတ်ခူးရန် အိပ်မက်မျိုးစေ့ချပေးခဲ့သည်။
“အဲဒီနေ့ကို ကျွန်မ မှတ်မိတယ်၊ နိုင်ငံတစ်ဝန်းက ပြည်သူတွေအားလုံး ဒီကိစ္စကို အာရုံစိုက်နေကြသလိုပဲ၊ အဲဒီတုန်းက ကျွန်မ ငယ်သေးတယ်၊ လီနာရဲ့ ချန်ပီယံဆွတ်ခူးခဲ့ခြင်းက ကျွန်မအတွက် အိပ်မက်တစ်ခု အစပျိုးပေးခဲ့တယ်။ တစ်နေ့ကျရင် ကျွန်မလည်း Grand Slam ရအောင် ဆွတ်ခူးမယ်” လို့ ကျိန့်ချင်းဝန်က ပြန်လည်အောက်မေ့လျက် ပြောကြားခဲ့သည်။
ကျိန့်ချင်းဝန်၏ အိုလံပစ် အမျိုးသမီး တစ်ဦးချင်း ရွှေတံဆိပ်သည် ကလေးများစွာ၏ နှလုံးသားထဲတွင်လည်း တင်းနစ်မျိုးစေ့များ ချခဲ့ပေးခဲ့သည်။ ကျိန့်ချင်းဝန်က အိုလံပစ်အားကစားပြိုင်ပွဲတွင် ချန်ပီယံရရှိပြီးနောက်တွင် ဝါရင့်တင်းနစ်ပရိသတ်များစွာက ၎င်းတို့အနီးတစ်ဝိုက်ရှိ တင်းနစ်ကွင်းများတွင် ကြိုတင်စာရင်းသွင်းရန် ပိုမိုခက်ခဲလာသည်ကို တွေ့ရှိခဲ့ရသည်။ ယခုနှစ်တွင် China Open၊ Shanghai Masters နှင့် Wuhan Open ပြိုင်ပွဲကြီး ၃ ခုတွင် ကြည့်ရှုသူအရေအတွက်နှင့် လက်မှတ်အရောင်းဝင်ငွေမှာလည်း အမြင့်ဆုံး စံချိန်သစ် ဖြစ်ခဲ့သည်။
WTA Finals တွင် ချန်ပီယံဆု နှင့်လွဲခဲ့သော်လည်း ကျိန့်ချင်းဝန်၏ ၂၀၂၄ ခုနှစ် ရာသီပြိုင်ပွဲများတွင် အလွန်ပြောင် မြောက်လှပြီ ဖြစ်ပေသည်။
“ဒါက တင်းနစ်ရဲ့ ဆွဲဆောင်မှုပဲ၊ သင့်အနေနဲ့ အကောင်းဆုံးကြိုးစားပေမဲ့ သင်က အောင်ပွဲကို အမြဲတမ်းပိုင်ဆိုင်နေမှာ မဟုတ်ဘူး။ ဒါပေမဲ့ အစဉ်အမြဲ မလျှော့သောဇွဲနဲ့ လျှောက်လှမ်းသွားမယ်ဆိုရင် သင့်နဲ့ ထိုက်တန်တဲ့အခွင့်အရေး ရောက်လာပါလိမ့်မယ်” ဟု ကျိန့်ချင်းဝန်က ဒုတိယဆုရရှိပြီးနောက် ပြောကြားခဲ့သည်။
ကျိန့်ချင်းဝန်၏ ၂၀၂၅ ခုနှစ် ရာသီပြိုင်ပွဲများမှာ စောင့်မျှော်ရန် ပို၍ ထိုက်တန်လှပေသည်။ (Xinhua)
…………………….
(Chinese Version)
郑钦文的2024,不止于突破
新华社北京11月10日电(记者王春燕、李博闻)随着郑钦文捧起女子网球选手协会(WTA)年终总决赛亚军的奖盘,这名22岁湖北姑娘的2024赛季迎来完美收官。
从被视为“中国金花”李娜的接班人,到在赛场上反复证明自己,郑钦文的2024赛季有无数次自我突破,这些突破不止于成绩、年龄和自我的限定。
本赛季初的澳大利亚网球公开赛上,郑钦文用亚军的成绩惊艳了国人,这是郑钦文职业生涯首次夺得大满贯单打亚军,她的世界排名也来到历史性的第七位。
而更令国人感到骄傲和自豪的,是郑钦文今年夏天在巴黎奥运会上的表现。在女单四分之一决赛中,郑钦文经历3小时4分钟的鏖战,以6:7(4)、6:4、7:6(6)战胜前世界第一、德国选手科贝尔,闯入四强。第二天,她又以6:2、7:5战胜赛会头号种子、波兰选手斯维亚特克,闯入决赛,超越了李娜在2008年北京奥运会上取得的女单第四名,刷新中国队在奥运网球女单项目上的最佳战绩。
两天打了超过7个小时的比赛之后,郑钦文再次创造历史,她以6:2、6:3战胜了克罗地亚选手维基奇,为中国网球赢得史上首枚女单奥运金牌。
奥运冠军的光环为郑钦文的2024网球“中国赛季”带来极大关注,而她也用中网四强、武网亚军的出色表现回馈广大球迷,同时锁定了WTA年终总决赛的席位,还拿到了WTA500东京站的冠军。
在WTA年终总决赛一路过关斩将闯入决赛,并最终拿到亚军,22岁的郑钦文,足够争气。
除了出色的成绩,郑钦文身上洋溢的自信、从容及坚韧不拔的意志,还有浓浓的家国情怀,也让全世界看到了一个率真、自信、拼搏、努力的中国运动员形象。
“即使你现在让我为我的国家再打三个小时,我也愿意再来一次。”郑钦文在奥运赛场的发言感动了无数国人。
因为名字的发音,郑钦文被球迷们称为“Queen(女王) Wen”。她不仅早就接受了这一昵称,更是在巴黎奥运会夺冠后自信地回应了这个名字,“‘Queen Wen’这个词——我,实至名归!”
随着热度不断攀升,面对赛事奖金、商业代言等这些易引起争议的问题时,郑钦文的回答也堪称完美。
郑钦文说,青少年时代,金钱意味着有足够的自由去打网球。“现在金钱意味着可以组建更好的团队,也可以让我的家人、包括我自己,有更好的生活;再有多余的时候,我觉得可以用金钱来帮助别人。”
一代人有一代人的偶像。
李娜在2011年法国网球公开赛夺冠,给当时年仅9岁的郑钦文埋下了“拿大满贯冠军”的梦想种子。
“我记得那一天,好像全国人民都在关注这件事情,那时候我还小,李娜的夺冠给我种下了梦想,有一天我也要夺得大满贯。”郑钦文回忆说。
郑钦文的奥运女单金牌,也在很多孩子心中种下了网球的种子。在郑钦文奥运会夺冠后,很多资深网球迷发现,身边的网球场地越来越不好预约了。今年中网、上海大师赛、武网三大赛事的观众人数与门票收入也都创新高。
尽管在WTA年终总决赛无缘冠军,但郑钦文的2024赛季已足够出色。
正如郑钦文在获得亚军后所说的,“这就是网球的魅力——你拼尽全力,但胜利并不总是属于你。不过,如果你始终坚持下去,你会等到属于你的机会。”
郑钦文的2025赛季更加值得期待!
图说1:11月9日,郑钦文在WTA年终总决赛颁奖仪式上。新华社记者 王海洲 摄
图说4:2011年6月4日,李娜与法网女单冠军奖杯合影。新华社记者 高静 摄