Connect with us

Latin America

“ကမ္ဘာ့တောင်ဘက်ခြမ်း” မီဒီယာ၊ တတ်သိပညာရှင်အဖွဲ့ အဆင့်မြင့်ဆွေးနွေးပွဲ ဘရာဇီးနိုင်ငံတွင် ကျင်းပ

ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုမြို့၌ ကျင်းပသည့် ပထမကြိမ် “ကမ္ဘာ့တောင်ဘက်ခြမ်း” မီဒီယာ၊ တတ်သိပညာရှင်အဖွဲ့ အဆင့်မြင့် ဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ကြသူများအား ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၁ ရက် က တွေ့ရစဉ် (ဆင်ဟွာ)

ဆော်ပေါ်လို၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)
“ကမ္ဘာ့တောင်ဘက်ခြမ်း” ကို အဓိကသံစဉ်ထား၍ “ဖွံ့ဖြိုးတိုးတက်ရေးခရီးစဉ်သစ်ကို ဖွင့်လှစ်မည်” ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပသည့် ပထမကြိမ် “ကမ္ဘာ့တောင်ဘက်ခြမ်း” မီဒီယာ၊ တတ်သိပညာရှင်အဖွဲ့ အဆင့်မြင့်ဆွေးနွေးပွဲကို ဒေသစံတော်ချိန် နိုဝင်ဘာ ၁၁ ရက်မှ ၁၂ ရက်ထိ ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုမြို့တွင် ကျင်းပခဲ့သည်။ ယင်းဆွေးနွေးပွဲတွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဘရာဇီးနိုင်ငံသမ္မတ လူလာတို့၏ ဂုဏ်ပြုသဝဏ်လွှာများကို ဖတ်ကြားခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားတွင် Global South Media News Network စာမျက်နှာကို တရားဝင်ဖွင့်လှစ်ခဲ့ပြီး 《“ကမ္ဘာ့တောင်ဘက်ခြမ်း” မီဒီယာ၊ တတ်သိပညာရှင် အဆင့်မြင့် ဆွေးနွေးပွဲ ဆော်ပေါ်လို ကြေညာချက်》နှင့် 《လူမှုယဉ်ကျေးမှုသဏ္ဌာန်သစ်၏ ကမ္ဘာ့အနက်အဓိပ္ပါယ်》တတ်သိပညာရှင်အဖွဲ့အစီရင်ခံစာ၊ 《တောင်ဘက်ခြမ်း၏ နိုးကြားမှု》ဘာသာစကားမျိုးစုံ အစီအရင်ခံစာများကို ထုတ်ပြန်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲကို တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံး (SCIO) ၏ လမ်းညွှန်မှု၊ ဆင်ဟွာသတင်းဌာနနှင့် Brazil Communication Company တို့ အတူတကွ ကြီးမှူးကျင်းပခြင်းဖြစ်ရာ နိုင်ငံနှင့်ဒေသပေါင်း ၇၀ ကျော်မှ မီဒီယာ၊ တတ်သိပညာရှင်အဖွဲ့၊ အစိုးရဌာနနှင့် ကုမ္ပဏီလုပ်ငန်း ၁၇၀ မှ ကိုယ်စားလှယ် ၃၅၀ ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုမြို့၌ ကျင်းပသည့် ပထမကြိမ် “ကမ္ဘာ့တောင်ဘက်ခြမ်း” မီဒီယာ၊ တတ်သိပညာရှင်အဖွဲ့ အဆင့်မြင့် ဆွေးနွေးပွဲအခမ်းအနားမြင်ကွင်းအား ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၁ ရက် က တွေ့ရစဉ် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုမြို့၌ ကျင်းပသည့် ပထမကြိမ် “ကမ္ဘာ့တောင်ဘက်ခြမ်း” မီဒီယာ၊ တတ်သိပညာရှင်အဖွဲ့ အဆင့်မြင့် ဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ကြသူများအား ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၁ ရက် က တွေ့ရစဉ် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုမြို့၌ ကျင်းပသည့် ပထမကြိမ် “ကမ္ဘာ့တောင်ဘက်ခြမ်း” မီဒီယာ၊ တတ်သိပညာရှင်အဖွဲ့ အဆင့်မြင့် ဆွေးနွေးပွဲအခမ်းအနားမြင်ကွင်းအား ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၁ ရက် က တွေ့ရစဉ် (ဆင်ဟွာ)

……………………….
(Chinese Version)
“全球南方”媒体智库高端论坛在巴西举行
新华社圣保罗11月12日电(记者孙奕 周永穗)当地时间11月11日至12日,以“唱响‘全球南方’主旋律 开启发展振兴新征程”为主题的首届“全球南方”媒体智库高端论坛在巴西圣保罗举行,会上宣读了中国国家主席习近平和巴西总统卢拉的贺信。
开幕式上,“全球南方”媒体新闻网正式上线,并发布了《“全球南方”媒体智库高端论坛圣保罗宣言》和《人类文明新形态的世界意义》智库报告、《南方觉醒》多语种报告。
论坛由中国国务院新闻办公室指导,新华社联合巴西通讯公司共同主办,来自70多个国家和地区的170家媒体、智库、政府部门及企业的约350名代表出席。(完)
1,3. 11月11日,在巴西圣保罗,与会者参加首届“全球南方”媒体智库高端论坛。新华社记者 王天聪 摄
2,4. 这是11月11日在巴西圣保罗拍摄的首届“全球南方”媒体智库高端论坛现场。新华社记者 王天聪 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.