Connect with us

Latin America

《“ကမ္ဘာ့တောင်ဘက်ခြမ်း” မီဒီယာ၊ တတ်သိပညာရှင်အဖွဲ့ အဆင့်မြင့် ဆွေးနွေးပွဲ ဆော်ပေါ်လို ကြေညာချက်》အဆိုပြုမှုက “ကမ္ဘာ့တောင်ဘက်ခြမ်း” ၏ ပြောရေးဆိုခွင့်နှင့် သက်ရောက်နိုင်စွမ်းကို မြှင့်တင်ပေး

ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုမြို့၌ ကျင်းပသည့် ပထမကြိမ် “ကမ္ဘာ့တောင်ဘက်ခြမ်း” မီဒီယာ၊ တတ်သိပညာရှင်အဖွဲ့ အဆင့်မြင့် ဆွေးနွေးပွဲအခမ်းအနားမြင်ကွင်းအား ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆော်ပေါ်လို၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)
”ကမ္ဘာ့တောင်ဘက်ခြမ်း” မီဒီယာ၊ တတ်သိပညာရှင်အဖွဲ့ အဆင့်မြင့် ဆွေးနွေးပွဲကို ဒေသစံတော်ချိန် နိုဝင်ဘာ ၁၁ ရက်မှ ၁၂ ရက်အထိ ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုမြို့တွင် ကျင်းပခဲ့သည်။ ဆွေးနွေးပွဲကာလတွင် 《“ကမ္ဘာ့တောင်ဘက်ခြမ်း” မီဒီယာ၊ တတ်သိပညာရှင်အဖွဲ့ အဆင့်မြင့် ဆွေးနွေးပွဲ ဆော်ပေါ်လို ကြေညာချက်》ကို ထုတ်ပြန်ခဲ့ရာ အဆိုပြုချက်က ကမ္ဘာရေးရာကိစ္စရပ်များတွင် “ကမ္ဘာ့တောင်ဘက်ခြမ်း” ၏ ပြောရေးဆိုခွင့်နှင့် သက်ရောက်နိုင်စွမ်းကို အတူတကွ တွန်းအားပေးမြှင့်တင်ခဲ့သည်။

ကြေညာချက်တွင် လက်ရှိ “ကမ္ဘာ့တောင်ဘက်ခြမ်း” သည် အုပ်စုလိုက် ဦးမော့လာပြီဖြစ်ပြီး နိုင်ငံတကာ ဇာတ်ခုံတွင် သက်ရောက်နိုင်စွမ်းနှင့် အရေးပါမှုမှာ နေ့စဉ်နှင့်အမျှ သိသာ ထင်ရှားလာရာ နိုင်ငံတကာစနစ် ပြုပြင်ပြောင်းလဲရေး၏ အရေးကြီးအင်အား ဖြစ်လျက်ရှိကြောင်း ထောက်ပြခဲ့သည်။ “ကမ္ဘာ့တောင်ဘက်ခြမ်း” မီဒီယာနှင့် တတ်သိပညာရှင်အဖွဲ့သည် “ကမ္ဘာ့တောင်ဘက်ခြမ်း” ဘုံအကျိုးစီးပွားကို အားပေးရမည် ဖြစ်ကြောင်း၊ နိုင်ငံတကာရေးရာများတွင် “ကမ္ဘာ့တောင်ဘက်ခြမ်း” ၏ ပြောရေးဆိုခွင့်နှင့် သက်ရောက်နိုင်စွမ်းကို စဉ်ဆက်မပြတ် အားဖြည့်ရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

ရှင်သန်ဖွံ့ဖြိုးရေးသည် “ကမ္ဘာ့တောင်ဘက်ခြမ်း” ၏ ဘုံလိုလားချက် ဖြစ်ပြီး မတူညီကွဲပြားသည့် ယဉ်ကျေးမှုများ သင့်မြတ်စွာ အတူယှဉ်တွဲနေထိုင်ခြင်း၊ နှီးနွှယ်ဖလှယ်လေ့လာသင်ယူခြင်းသည် လူ့ယဉ်ကျေးမှုတိုးတက်ရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းသာယာဝပြောရေး၏ အရေးကြီး တွန်းအားဖြစ်ကြောင်း၊ သိပ္ပံနည်းပညာတော်လှန်ရေးနှင့် စက်မှုလုပ်ငန်းပြုပြင်ပြောင်းလဲမှုအသစ်ပြုလုပ်ခြင်းသည် နိုင်ငံအသီးသီး၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအပေါ် သက်ရောက်မှု နက်ရှိုင်းသည့်တစ်ချိန်တည်းတွင်ပင် ခန့်မှန်းရခက်ခဲသည့် အန္တရာယ်စိန်ခေါ်မှုများကိုလည်း ဖြစ်ပေါ်စေကြောင်း ကြေညာချက်က ယူဆပေသည်။

ကြေညာချက်တွင် “ကမ္ဘာ့တောင်ဘက်ခြမ်း” မီဒီယာနှင့် တတ်သိပညာရှင်အဖွဲ့အနေဖြင့် တရားမျှတ၊ စနစ်ကျသည့် ကမ္ဘာ့ဗဟုအသွင်ပြောင်းရေး၊ အများအကျိုးဖြစ်ထွန်း၍ အားလုံးပါဝင်မှုရှိသော ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအသွင်ပြောင်းရေး၏ စကားသံကို ပို၍ကျယ်လောင်စွာ ဖွင့်ဟသင့်ကြောင်း၊ ကမ္ဘာ့ယဉ်ကျေးမှုစုံလင်ကြွယ်ဝမှုကို လေးစားရန်၊ ယဉ်ကျေးမှုဖလှယ်ဆွေးနွေးမှုများ ထပ်တိုးဆောင်ရွက်ရေး တိုက်တွန်းရန်၊ အားလုံးပါဝင်မှု အပြန်အလှန် သင်ယူလေ့လာမှုဖြင့် လူ့ယဉ်ကျေးမှုတိုးတက်ရေးကို မြှင့်တင်ရန်၊ ကမ္ဘာ့နိုင်ငံအသီးသီး လူမှုယဉ်ကျေးမှုဖလှယ်ရေး၊ ယဉ်ကျေးမှုနှီးနွှယ်ပေါင်းစည်းရေး၊ ပြည်သူချင်းစိတ်ချင်းဆက်နွှယ်ရေး အခင်းအကျင်းသစ် ဖွင့်လှစ်ရေးကြိုးပမ်းရန် အဆိုပြုသင့်ကြောင်း၊ အခွင့်အလမ်းများကို အတူတကွ ဆုပ်ကိုင်ကာ အခက်အခဲများကို အတူကျော်လွှားသင့်ကြောင်း၊ လုပ်ငန်းကျင့်ဝတ်ကို ကာကွယ်ထိန်းသိမ်းရမည် ဖြစ်သလို နည်းပညာဆန်းသစ်ဖန်တီးမှုကို ကြိုဆိုရမည် ဖြစ်ကြောင်း၊ အတုအယောင်အကြောင်းအရာများအား တိုက်ဖျက်ကာ မီဒီယာနှင့် တတ်သိပညာရှင်များ၏ ဩဇာအရှိန်အဝါနှင့် အများယုံကြည်နိုင်စွမ်းကို အတူတကွ ကာကွယ်ထိန်းသိမ်းရမည် ဖြစ်ကြောင်း အဆိုပြု ဖော်ပြထားသည်။ (Xinhua)

ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုမြို့၌ ကျင်းပသည့် ပထမကြိမ် “ကမ္ဘာ့တောင်ဘက်ခြမ်း” မီဒီယာ၊ တတ်သိပညာရှင်အဖွဲ့ အဆင့်မြင့် ဆွေးနွေးပွဲအခမ်းအနားမြင်ကွင်းအား ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုမြို့၌ ကျင်းပသည့် ပထမကြိမ် “ကမ္ဘာ့တောင်ဘက်ခြမ်း” မီဒီယာ၊ တတ်သိပညာရှင်အဖွဲ့ အဆင့်မြင့် ဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ကြသူများအား ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၁ ရက် က တွေ့ရစဉ် (ဆင်ဟွာ)

……………………………………

(Chinese Version)
《“全球南方”媒体智库高端论坛圣保罗宣言》倡议提升“全球南方”话语权和影响力
新华社圣保罗11月12日电(记者孙奕 周永穗)当地时间11日至12日,“全球南方”媒体智库高端论坛在巴西圣保罗举行。论坛期间发布了《“全球南方”媒体智库高端论坛圣保罗宣言》,倡议共同推动提升“全球南方”在全球事务中的话语权和影响力。
宣言指出,当前“全球南方”实现群体性崛起,在国际舞台的影响力和重要性日益凸显,正在成为推动国际秩序变革的重要力量。“全球南方”媒体和智库应为坚定维护“全球南方”共同利益鼓与呼,不断增强“全球南方”在全球事务中的话语权和影响力。
宣言认为,发展振兴是“全球南方”的共同诉求;不同文明和谐共存、交流互鉴,是推动人类文明进步和世界和平发展的重要动力;新一轮科技革命和产业变革,对各国经济社会发展产生深远影响,同时也带来难以预知的风险挑战。
宣言倡议,“全球南方”媒体和智库应当放大声量,倡导平等有序的世界多极化、普惠包容的经济全球化;应当倡导尊重世界文明多样性,呼吁增进文明交流对话,在包容互鉴中促进人类文明进步,努力开创世界各国人文交流、文化交融、民心相通新局面;应当共抓机遇、共克挑战,捍卫职业伦理,拥抱技术创新,打击虚假叙事,共同维护媒体和智库的权威性和公信力。(完)

1,2. 这是11月11日在巴西圣保罗拍摄的首届“全球南方”媒体智库高端论坛现场。新华社记者 王天聪 摄
3. 11月11日,在巴西圣保罗,与会者参加首届“全球南方”媒体智库高端论坛。新华社记者 王天聪 摄