Connect with us

China

သမုဒ္ဒရာ ဆားအငန်ဓာတ် ထောက်လှမ်းရေး ဂြိုဟ်တု အောင်မြင်စွာ လွှတ်တင်

တရုတ်နိုင်ငံ မြောက်ပိုင်း ဆန်းရှီးပြည်နယ် ထိုက်ယွမ် ဂြိုဟ်တုလွတ်တင်ရေး စင်တာမှ သမုဒ္ဒရာ ဆားအငန်ဓာတ် ထောက်လှမ်းရေး ဂြိုဟ်တုအား Long March-4B Y53 သယ်ဆောင်ရေးဒုံးပျံဖြင့် လွှတ်တင်လိုက်သည်ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ)
သမုဒ္ဒရာ ဆားအငန်ဓာတ် ထောက်လှမ်းရေး ဂြိုဟ်တုကို Long March-4B Y53 သယ်ဆောင်ရေးဒုံးပျံဖြင့် နိုဝင်ဘာ ၁၄ ရက် နံနက် ၆ နာရီ ၄၂ မိနစ်က ထိုက်ယွမ်ဂြိုဟ်တုလွှတ်တင်ရေး စင်တာမှ လွှတ်တင်ခဲ့ကြောင်း တရုတ်နိုင်ငံ အမျိုးသားအာကာသစီမံခန့်ခွဲမှုဦးစီးဌာန (CNSA) မှ သိရသည်။ သယ်ဆောင်ရေးဒုံးပျံ၏ ပျံသန်းမှုမှာ ပုံမှန်ဖြစ်ပြီး ဂြိုဟ်တုအား သတ်မှတ် ဂြိုဟ်ပတ်လမ်းကြောင်းသို့ အောင်မြင်စွာ ပို့ဆောင်နိုင်ခဲ့ရာ မစ်ရှင် အပြည့်အဝ အောင်မြင်ခဲ့ကြောင်း သိရသည်။

သမုဒ္ဒရာ ဆားအငန်ဓာတ် ထောက်လှမ်းရေး ဂြိုဟ်တုသည် တရုတ်နိုင်ငံ အရပ်ဘက်သုံး အာကာသ အခြေခံအဆောက်အဦများအနက် သိပ္ပံသုတေသနရေးရာဂြိုဟ်တု ဖြစ်ပြီး Haiyang 4-01 ဟု ခေါ်ပေသည်။

ဂြိုဟ်ပတ်လမ်းကြောင်းသို့ ဂြိုဟ်တုဝင်ရောက်ပြီးနောက် တရုတ်နိုင်ငံ၏ တိကျမှုမြင့်မားသည့် ကမ္ဘာလုံးဆိုင်ရာ သမုဒ္ဒရာ ဆားအငန်ဓာတ် ထောက်လှမ်းနိုင်စွမ်း လိုအပ်ချက် ဖြည့်ဆည်းနိုင်ခြင်း၊ အဏ္ဏဝါပြောင်းလဲနေသောပတ်ဝန်းကျင်ဒြပ်စင်ဒေတာရယူနိုင်စွမ်းကို ပြည့်စုံကောင်းမွန်အောင် ဆောင်ရွက်ခြင်း ပင်လယ် သမုဒ္ဒရာ ခန့်မှန်းထုတ်ကုန်များ၏ တိကျမှုနှင့် အရည်အသွေးကို မြှင့်တင်ခြင်း၊ အဏ္ဏဝါ ပတ်ဝန်းကျင် ကြိုတင်ခန့်မှန်းချက်၊ အဏ္ဏဝါ ဂေဟခန့်မှန်းချက်၊ ရေသံသရာ စောင့်ကြည့်စမ်းသပ်ခြင်း၊ ရေတို ရာသီဥတုကြိုတင်ခန့်မှန်းမှုနှင့် ကမ္ဘာလုံးဆိုင်ရာ ဥတုရာသီ ပြောင်းလဲမှု သုတေသန စသည့် ကဏ္ဍများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးသလို မြေဆီလွှာ အစိုဓာတ်တိုင်းတာခြင်းကိုပါ ဆောင်ရွက်နိုင်ရာ အဏ္ဏဝါ သမုဒ္ဒရာ ပင်မအသုံးပြုမှုနှင့် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ၊ ကပ်ဘေးအန္တရာယ် လျှော့ချရေး၊ မိုးလေဝသ စသည့် သက်ဆိုင်ရာ လုပ်ငန်းများ၏ အသုံးပြုရေးအတွက် အချက်အလက်များ ပံ့ပိုးပေးနိုင်ရာ အသုံးချထုတ်ကုန်စွမ်းရည် ဖြစ်စေသည်။

ယခုအကြိမ် မစ်ရှင်သည် Long March စီးရီး ဒုံးပျံများ၏ ၅၄၅ ကြိမ်မြောက် လွှတ်တင်ခြင်း ဖြစ်သည်။ (Xinhua)
…………………………..
(Chinese Version)
海洋盐度探测卫星成功发射
新华社北京11月14日电(记者宋晨)记者从国家航天局获悉,11月14日6时42分,海洋盐度探测卫星由长征四号乙遥五十三运载火箭在太原卫星发射中心发射升空。运载火箭飞行正常,成功将卫星送入预定轨道,发射任务取得圆满成功。
海洋盐度探测卫星是国家民用空间基础设施中的科研卫星,又称海洋四号01星。
该卫星发射入轨后,可填补中国高精度全球海洋盐度探测能力空白,完善海洋动力环境要素数据获取能力,提升海洋预报产品精度及质量,满足海洋环境预报、海洋生态预报、水循环监测、短期气候预测与全球气候变化研究等方面的业务需求,并兼顾土壤湿度测量,为海洋主体行业应用和农业农村、减灾、气象等相关行业应用提供支撑数据,形成应用产品能力。
此次任务是长征系列运载火箭第545次发射。
1. A Long March-4B Y53 carrier rocket carrying a satellite for ocean-salinity detection blasts off from the Taiyuan Satellite Launch Center in north China’s Shanxi Province, Nov. 14, 2024.