China
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှိဂဲရု အီရှီဘာ တွေ့ဆုံဆွေးနွေး
လီမာ၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် လီမာမြို့၌ အာရှ ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ (APEC) ခေါင်းဆောင်များ အလွတ်သဘော ဆွေးနွေးပွဲသို့ တက်ရောက်စဉ်ကာလ၊ နိုဝင်ဘာ ၁၅ ရက် ညနေပိုင်းတွင် ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှိဂဲရု အီရှီဘာနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် သမ္မတ ရှီကျင့်ဖိန်က လက်ရှိ နိုင်ငံတကာနှင့် ဒေသအခြေအနေများ ပြောင်းလဲရှုပ်ထွေးနေရာ တရုတ်-ဂျပန် ဆက်ဆံရေးကို တိုးတက်ကောင်းမွန်အောင် ပြောင်းလဲဆောင်ရွက်ရမည့် အရေးကြီးအချိန်အခါတွင် ရှိကြောင်း ပြောကြားခဲ့သည်။
တရုတ်-ဂျပန်သည် အပြန်အလှန်အားဖြင့် အိမ်နီးချင်းနိုင်ငံများ ဖြစ်သလို အာရှတိုက်နှင့် ကမ္ဘာ၏ အရေးကြီးနိုင်ငံများ ဖြစ်ကြရာ နှစ်နိုင်ငံ ဆက်ဆံရေးသည် နှစ်ဖက်ဆက်ဆံရေး အရေးကြီးအနက်အဓိပ္ပါယ်ထက် သာလွန်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဂျပန်နိုင်ငံနှင့်အတူ တရုတ်-ဂျပန် နိုင်ငံရေး သဘောတူညီချက်၊ ကြေညာချက် ၄ ခု အတည်ပြုသည့် အခြေခံမူနှင့် ဦးတည်ချက်များအတိုင်း တရုတ်-ဂျပန် “အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ပြုခြင်း၊ အပြန်အလှန် ခြိမ်းခြောက်မှု မပြုခြင်း” ဟူသော အရေးကြီး သဘောတူညီချက်များကို ခိုင်မာစွာ စောင့်ထိန်းပြီး တရုတ်-ဂျပန် မဟာဗျူဟာမြောက် အပြန်အလှန်အကျိုးဖြစ်ထွန်းသော ဆက်ဆံရေးကို အတူတကွ ဘက်စုံ တွန်းအားပေး ဆောင်ရွက်ကာ ခေတ်ကာလနှင့်လျော်ညီသော အပြုသဘောဆောင်မှု၊ တည်ငြိမ်မှု ရှိသည့် တရုတ်-ဂျပန် ဆက်ဆံရေးကို အားထားတည်ဆောက်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ကမ္ဘာ၏ အခွင့်အလမ်းဖြစ်ပြီး ဂျပန်စသည့် အနီးပတ်ဝန်းကျင် အိမ်နီးချင်းနိုင်ငံများအတွက် ပို၍ပင် အခွင့်အလမ်းဖြစ်ကြောင်း ရှီကျင့်ဖိန်က အလေးထားပြောကြားခဲ့သည်။ ဂျပန်နိုင်ငံက တရုတ်နိုင်ငံနှင့်အတူ မှန်ကန်စွာ အပြန်အလှန် သိမြင်မှုကို ထားရှိ၍ မဟာဗျူဟာအမြင်၊ အခင်းအကျင်း တစ်ရပ်လုံး၏ အမြင်ဖြင့် နှစ်နိုင်ငံဆက်ဆံရေး မှန်ကန်သည့် ဦးတည်ရာကို ကောင်းမွန်စွာ ထိန်းညှိရန်၊ နှစ်ဖက်ရရှိပြီးသော အရေးကြီး နိုင်ငံရေး သဘောတူညီချက်များ မူဝါဒနှင့် လက်တွေ့လှုပ်ရှားမှုတွင် အသေးစိတ် ပေါ်လွင်ထပ်ဟပ်လာစေရန်၊ သမိုင်းကို တည့်မတ်စွာ ရှုမြင်ကာ အနာဂတ်ကို မျက်နှာမူရမည် ဖြစ်ကြောင်း၊ သမိုင်းကြောင်းနှင့် ထိုင်ဝမ် စသည့် အရေးကြီး အခြေခံမူရေးရာ ကိစ္စရပ်များကို သင့်လျော်ကောင်းမွန်စွာ စီမံရန်၊ ကွဲလွဲမှုများကို အပြုသဘော ထိန်းချုပ်စီမံရန်၊ နှစ်နိုင်ငံ ဆက်ဆံမှု နိုင်ငံရေးအခြေခံကို ကောင်းမွန်စွာ ကာကွယ်ထိန်းသိမ်းရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
နှစ်ဖက်အနေဖြင့် လူမှုယဉ်ကျေးမှုနှင့် ဒေသန္တရ ဖလှယ်ရေးကို နက်ရှိုင်းစွာ တိုးချဲ့ကာ နှစ်နိုင်ငံ ပြည်သူများ အထူးသဖြင့် လူငယ်မျိုးဆက်၏ အပြန်အလှန် နားလည်မှုကို မြှင့်တင်ရမည် ဖြစ်ကြောင်း၊ တရုတ်-ဂျပန်၏ စီးပွားရေးအကျိုးစီးပွားနှင့် ကုန်ထုတ်လုပ်မှုကွင်းဆက်၊ ကုန်စည်ထောက်ပံ့ရေးကွင်းဆက်မှာ နက်ရှိုင်းစွာ ယှက်နွှယ်ပေါင်းစည်းလျက်ရှိရာ နှစ်ဖက်အနေဖြင့် ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွား ဖော်ဆောင်ရေးကို အခိုင်အမာ လက်ကိုင်ထားရမည် ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ လွတ်လပ်စွာ ကုန်သွယ်ရေး စနစ်နှင့် ထုတ်လုပ်မှု၊ ပံ့ပိုးမှု ကွင်းဆက် တည်ငြိမ် ချောမွေ့ရေးကို ကာကွယ်ထိန်းသိမ်းရမည် ဖြစ်ကြောင်း၊ နိုင်ငံတကာနှင့် ဒေသရေးရာကိစ္စရပ်ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ရမည်ဖြစ်ပြီး စစ်မှန်သည့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို ဖော်ဆောင်ရမည် ဖြစ်ကြောင်း၊ တံခါးဖွင့်လှစ်သည့် ဒေသရေးရာဝါဒကို ကျယ်ပြန့်စွာ မြှင့်တင်ကာ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို အတူတကွ ရင်ဆိုင်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှိဂဲရု အီရှီဘာက ဂျပန်-တရုတ် နှစ်နိုင်ငံသည် ဒေသတွင်း အေးချမ်းသာယာဝပြောရေးအတွက် တာဝန်ရှိကြကြောင်း၊ နှစ်ဖက်အနေဖြင့် ဂျပန်-တရုတ် မဟာဗျူဟာ အပြန်အလှန် အကျိုးဖြစ်ထွန်းမှု ဆက်ဆံရေးနှင့် အပြုသဘောဆောင်မှု၊ တည်ငြိမ်မှုရှိသည့် ဂျပန်-တရုတ် ဆက်ဆံမှု တည်ဆောက်ရေးကိုအား အတူတကွဘက်စုံ တွန်းအားပေးခြင်းသည် ဒေသတွင်းနှင့် ကမ္ဘာအတွက် အရေးကြီးသည့် အနက်အဓိပ္ပါယ်ရှိကြောင်း ပြောကြားခဲ့သည်။
ထိုင်ဝမ်အရေးတွင် ဂျပန်နိုင်ငံအနေဖြင့် ၁၉၇၂ ခုနှစ် ဂျပန်-တရုတ် ပူးတွဲကြေညာချက်ကို ခိုင်မာစွာ စောင့်ထိန်းသည့် ရပ်တည်ချက်မှာ အနည်းငယ်မျှ ပြောင်းလဲမည် မဟုတ်ကြောင်း၊ ဂျပန်နိုင်ငံက ဂျပန်-တရုတ် နိုင်ငံရေး သဘောတူညီချက်နှင့် ကြေညာချက် ၄ ခု အတည်ပြုသည့် အခြေခံမူနှင့် သဘောတူညီချက်များကို ခိုင်မာစွာ လက်ကိုင်ထားကာ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ်ကို အခိုင်အမာ လျှောက်လှမ်းမည်ဖြစ်ကြောင်း၊ သမိုင်းကို တည့်မတ်စွာ ရှုမြင်၍ အနာဂတ်ကို မျက်နှာမူသော စိတ်ဓာတ်ကို အခြေခံ၍ တရုတ်နိုင်ငံနှင့်အတူ အလွှာအသီးသီး ရိုးသားပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးကာ အပြန်အလှန် နားလည်မှု၊ အပြန်အလှန် ယုံကြည်မှုများကို တိုးမြှင့်သွားလိုကြောင်း၊ ဂျပန်-တရုတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အလားအလာ ဧရာမကြီးမားရာ ဂျပန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် “ကွင်းဆက်ဖြတ်တောက်ရန်” ဆန္ဒမရှိကြောင်း၊ နှစ်ဖက်အနေဖြင့် လူမှုယဉ်ကျေးမှု ဖလှယ်ရေးကို အားဖြည့် ဆောင်ရွက်သွားလိုကြောင်း၊ ကုန်သွယ်စီးပွား၊ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေး၊ ဆေးကုသမှုနှင့် ကျန်းမာရေး စောင့်ရှောက်မှု စသည့် ကဏ္ဍအသီးသီး၏ ပူးပေါင်းဆောင်ရွက်မှုရလဒ်များ ပိုမို ရရှိအောင် တွန်းအားပေးဆောင်ရွက်ကာ နှစ်နိုင်ငံပြည်သူများ ပို၍ အကျိုးဖြစ်ထွန်းစေရန် ဆောင်ရွက်သွားလိုကြောင်း၊ ဂျပန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ APEC စသည့် မူဘောင်အတွင်း နီးကပ်သည့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားလိုကြောင်း ၎င်းက ပြောကြားသည်။
နှစ်ဖက်အနေဖြင့် အဆင့်မြင့်ဖလှယ်မှုများကို ဆက်လက်ထိန်းသိမ်းသွားရန်၊ စီးပွားရေး၊ လူမှုယဉ်ကျေးမှု စသည့် ကဏ္ဍများ၏ အဆင့်မြင့်တွေ့ဆုံဆွေးနွေးမှု ယန္တရားကို ကောင်းမွန်စွာ အသုံးချရန်၊ ဂျပန် ဖူကူရှီးမား နျူကလီးယားရေဆိုး စွန့်ထုတ်မှုဆိုင်ရာ ပြဿနာများနှင့်စပ်လျဉ်း၍ ရရှိခဲ့သည့် သဘောတူညီချက်များကို အမြန်ဆုံး လှုပ်ရှားသွားရန် သဘောတူညီခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲကို ချိုက်ချီ၊ ဝမ်ရိ စသည်တို့ ပါဝင်တက်ရောက်ခဲ့ကြသည်။ (Xinhua)
…………………………….
(Chinese Version)
习近平会见日本首相石破茂
新华社利马11月15日电(记者陆佳飞 王钟毅)当地时间11月15日下午,国家主席习近平在利马出席亚太经合组织领导人非正式会议期间会见日本首相石破茂。
习近平指出,当前,国际和地区形势变乱交织,中日关系处于改善发展的关键时期。中日互为近邻,同为亚洲和世界重要国家,两国关系具有超越双边的重要意义。中方愿同日方一道,按照中日四个政治文件确立的原则和方向,坚守中日“互为合作伙伴、互不构成威胁”的重要共识,共同努力全面推进中日战略互惠关系,致力于构建契合新时代要求的建设性、稳定的中日关系。
习近平强调,中国的发展是世界的机遇,对日本等周边邻国更是如此。希望日方同中方一道,树立正确相互认知,从战略高度和全局视野把握好两国关系正确方向,将双方达成的重要政治共识体现到具体政策和实际行动中,正视历史、面向未来,妥善处理好历史、台湾等重大原则问题,建设性管控分歧,维护好两国关系政治基础。双方要深化拓展人文和地方交流,促进两国人民特别是青年一代的相互了解。中日经济利益和产业链供应链深度交融,双方要坚持合作共赢,维护全球自由贸易体系和产供链稳定畅通。加强国际和地区事务协作,践行真正的多边主义,弘扬开放的区域主义,共同应对全球性挑战。
石破茂表示,日中两国对于地区和平繁荣负有责任,双方共同努力全面推进日中战略互惠关系和构建建设性、稳定的日中关系,对于地区和世界具有重要意义。在台湾问题上,日方坚守1972年日中联合声明的立场丝毫没有改变。日方坚持日中四个政治文件确立的原则和共识,坚持走和平发展道路,愿本着正视历史、面向未来的精神,同中方开展各层次坦诚对话,增进相互理解和互信。日中经济合作潜力巨大,日方无意同中方“脱钩断链”,希望双方加强人文交往,推动经贸、绿色发展、医疗康养等各领域合作取得更多成果,更好惠及两国人民。日方愿同中方在亚太经合组织等框架内密切合作。
双方同意保持高层交往,用好经济、人文等领域高级别对话机制,尽快将关于日本福岛核污染水排海问题达成的共识转化为行动。
蔡奇、王毅等参加会见。(完)
1. 当地时间11月15日下午,国家主席习近平在利马出席亚太经合组织领导人非正式会议期间会见日本首相石破茂。 新华社记者 黄敬文 摄