Connect with us

China

လုံခြုံရေးကောင်စီက ဂါဇာပဋိပက္ခ ဖိအားစမ်းသပ်မှုတွင် “ကျရှုံး” ခဲ့သည်ဟု တရုတ်နိုင်ငံ ကိုယ်စားလှယ်ပြောကြား

နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ရိုက်ကူးသည့် လုံခြုံရေးကောင်စီမဲပေးဆုံးဖြတ်မှု မြင်ကွင်းအား ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ)

နိုင်ငံတချို့၏ အနုတ်လက္ခဏာ သဘောထားများကြောင့် လုံခြုံရေးကောင်စီက ဂါဇာပဋိပက္ခ ဖိအားစမ်းသပ်မှုတွင် “ကျရှုံး” ခဲ့သည်ဟု ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးက နိုဝင်ဘာ ၂၅ ရက်၌ ကျင်းပသည့် လုံခြုံရေးကောင်စီ ပါလက်စတိုင်း-အစ္စရေးအရေး တံခါးဖွင့် ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

ဖုချုံးက ယခုအကြိမ် ဂါဇာပဋိပက္ခသည် အရှေ့အလယ်ပိုင်းအရေးတွင် ကုလသမဂ္ဂ ရင်ဆိုင်နေရသည့် အကြီးဆုံး ဖိအားစမ်းသပ်မှုဖြစ်ကြောင်း၊ ဤစမ်းသပ်မှုမှာ လုံခြုံရေးကောင်စီအဖွဲ့ဝင်များကို စမ်းသပ်ခြင်း ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် တချို့နိုင်ငံများက မိမိ၏တာဝန်ကို တည့်မတ်စွာ ရှုမြင်ရန်၊ လုံခြုံရေးကောင်စီက ကိရိယာသေတ္တာထဲရှိ ရွေးချယ်နိုင်စရာ အားလုံးကို အသုံးပြု၍ ချက်ချင်းအပစ်ရပ်ရေး၊ ပြန်လည်ငြိမ်းချမ်းရေးကို ဖော်ဆောင်ရန်အတွက် တစ်ဆင့်တိုး လှုပ်ရှားရေးကို ထောက်ခံရန် တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။

နိုဝင်ဘာ ၂၀ ရက်က အမေရိကန် တစ်နိုင်ငံတည်း ဗီတိုအာဏာဖြင့် ပယ်ချမှုကြောင့် လုံခြုံရေးကောင်စီ၏ ဂါဇာချက်ချင်း အပစ်ရပ်ရေး တွန်းအားပေး ကြိုးပမ်းမှုမှာ ထပ်မံ အခက်ကြုံခဲ့ရသည်ဟု ဖုချုံးက ပြောကြားခဲ့သည်။ ထို့နောက် အခြေအနေများမှာ နေ့စဉ် ဆိုးရွားလာရာ ပို၍ အန္တရာယ်များသော အလားအလာသို့ ဖြစ်ပွားရန် ဦးတည်နေကြောင်း၊ လုံခြုံရေးကောင်စီ၏ ဆက်လက်အချိန်ဆွဲစောင့်ဆိုင်းနေခြင်းသည် ပို၍ကြီးမားသော အပျက်အစီးများနှင့် အရပ်သားသေဆုံးဒဏ်ရာရမှုများကို ဖြစ်ပွားစေသည်ကို အဖြစ်မှန်က ဖော်ပြနေကြောင်း၊ လုံခြုံရေးကောင်စီအနေဖြင့် ရပ်တန့်စောင့်ကြည့်နေ၍မရဘဲ မိနစ်စက္ကန့်မခြားအချိန်လု၍ လိုအပ်သည့်လှုပ်ရှားမှုမှန်သမျှကို ဆောလျင်စွာ ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထို့အပြင် ချက်ချင်း ခြွင်းချက်မရှိ ထာဝရ အပစ်ရပ်ရေး တွန်းအားပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း ဖုချုံးက အလေးထားပြောကြားခဲ့သည်။ အပစ်ရပ်ခြင်းသည် အသက်ကိုကယ်တင်ခြင်း၏ အရေးကြီး လိုအပ်ချက်ဖြစ်ပြီး မည်သည့်ပြဿနာနှင့်မျှ ချိတ်ဆက်၍ မရကြောင်း၊ အပစ်ရပ်ရေးအတွက် ကြိုတင်သတ်မှတ်ချက်များ အခိုင်အမာ ချမှတ်ထားခြင်းသည် အပြစ်မဲ့ အရပ်သားသတ်ဖြတ်မှုကို ဆက်လက် လက်လွတ်စပယ်ပြုခြင်း၊ စစ်ပွဲသက်တမ်းတိုးရန် “မီးစိမ်းပြခြင်း” ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဖုချုံးက လူသားချင်းစာနာမှုအကူအညီများ ဝင်ရောက်ရေး အတားအဆီးများကို ဖယ်ရှားရမည် ဖြစ်ကြောင်း ထောက်ပြ ပြောဆိုခဲ့သည်။ အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှု ဥပဒေကို ကျင့်သုံးဆောင်ရွက်ရန်မှာ ညှိနှိုင်းဆွေးနွေးရမည့်ဝတ္တရားမရှိကြောင်း၊ အပေးအယူလုပ်ရမည့်အရာဖြစ်၍ မရကြောင်း၊ အစ္စရေးအနေဖြင့် ထောက်ပံ့ရေးပစ္စည်းများ ဝင်ရောက်မှု၏ အကန့်အသတ် အလုံးစုံကို ဖယ်ရှားရမည် ဖြစ်ပြီး ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ ကယ်ဆယ်ရေးနှင့် လုပ်ငန်းများဆောင်ရွက်ရေးအဖွဲ့ (UNRWA) အပေါ် ပစ်မှတ်ထားသည့် ဥပဒေမူကြမ်း ဖော်ဆောင်မှုကို ရပ်တန့် ရုပ်သိမ်းရမည် ဖြစ်ကြောင်း၊ လူသားချင်းစာနာမှု အထောက်အပံ့ပစ္စည်းများ ဂါဇာနယ်နိမိတ်တစ်ခုလုံးသို့ ကျယ်ကျယ်ပြန့်ပြန့် ဝင်ရောက်နိုင်ရေးနှင့် လုံခြုံစွာ ခွဲဝေပေးနိုင်ရေး လက်တွေ့အာမခံထားဆောင်ရွက်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“နှစ်နိုင်ငံ ဖြေရှင်းမှု နည်းလမ်း” အား ဖျက်ဆီးခြင်းကို အခြေခံသည့် တစ်ဖက်သတ်လှုပ်ရှားမှုများကို ဟန့်တားရမည် ဖြစ်ကြောင်း၊ နိုင်ငံတကာ ဥပဒေနှင့် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို အခြေခံ၍ “နှစ်နိုင်ငံ ဖြေရှင်းမှု နည်းလမ်း” ကို ဖော်ဆောင်ခြင်းသည် ပါလက်စတိုင်းအရေးတွင် တစ်ခုတည်းသော ဆောင်ရွက်နိုင်မည့် ထွက်ပေါက် ဖြစ်ကြောင်း ဖုချုံးက အလေးထား ပြောကြားခဲ့သည်။

ဖုချုံးက ပိုမိုကြီးမားကျယ်ပြန့်လာသည့် ဒေသတွင်း ပဋိပက္ခများကို တားဆီးရမည် ဖြစ်ကြောင်း၊ အရှေ့အလယ်ပိုင်း အခြေအနေ အလွန်အမင်း အန္တရာယ်များနေပြီဖြစ်ရာ အစ္စရေးအနေဖြင့် လက်နက်သုံးမည့် တစ်ယူသန်အတွေးကို စွန့်လွှတ်ရမည်ဖြစ်ပြီး လက်ဘနွန်၊ ဆီးရီးယား၊ အီရန် စသည့် အခြားနိုင်ငံများအပေါ် ကျူးကျော်ထိပါးမှုကို ရပ်တန့်ရမည် ဖြစ်သလို အန္တရာယ်စွန့်စားသည့် ရန်စမှုများကို ရပ်တန့်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ ကျင်းပသည့် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်မူကြမ်း မဲပေးဆုံးဖြတ်ပွဲတွင် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်နိုင်ငံ ဒုတိယ အမြဲတမ်း ကိုယ်စားလှယ် Robert A. Wood ဆန့်ကျင်မဲပေးနေသည်ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ ကျင်းပသည့် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်မူကြမ်း မဲပေးဆုံးဖြတ်ပွဲတွင် ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးက ထောက်ခံမဲပေးနေသည်ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………………..
(Chinese Version)
中国代表:安理会在加沙冲突的压力测试中“不合格”
新华社联合国11月25日电 中国常驻联合国代表傅聪25日在安理会巴以问题公开会上表示,由于个别国家的消极态度,安理会在加沙冲突的压力测试中表现“不合格”。
傅聪表示,此次加沙冲突是联合国在中东问题上面临的最大压力测试,这项测试首先是向安理会成员提出来的。中方呼吁个别国家正视自身责任,支持安理会运用工具箱中的所有选项,为实现立即停火、恢复和平采取进一步行动。
傅聪说,20日,因美国独家否决,安理会推动加沙立即停火的努力再次受挫。此后,局势每天都在恶化,朝更加危险的方向发展。事实表明,安理会继续拖延等待,将意味着更大破坏和平民伤亡。安理会不能停顿观望,必须争分夺秒,尽早采取一切必要行动。
傅聪强调,必须推动立即无条件持久停火。停火是拯救生命的重要前提,不能同任何问题挂钩。坚持为停火设置前提条件,意味着纵容继续对无辜平民的杀戮,为延续战争“开绿灯”。
傅聪指出,必须消除人道准入障碍。履行国际人道法是不容谈判的义务,不能成为讨价还价的筹码。以色列必须解除物资准入的一切限制,停止实施并撤销针对联合国近东巴勒斯坦难民救济和工程处的法案,切实保障人道物资在加沙全境大规模准入和安全分发。   傅聪强调,必须抵制破坏“两国方案”基础的单边行动。在国际法和安理会决议基础上落实“两国方案”是解决巴勒斯坦问题的唯一可行出路。
傅聪表示,必须制止更大范围的地区冲突。中东局势已岌岌可危,以色列必须放下使用武力的执念,停止对黎巴嫩、叙利亚、伊朗等其他国家的侵犯,停止挑衅冒险行径。(完)
1. 这是11月20日在位于纽约的联合国总部拍摄的安理会投票现场。新华社记者 谢锷 摄
2. 11月20日,在位于纽约的联合国总部,美国常驻联合国副代表罗伯特·伍德(前中)在安理会就决议草案进行表决时投反对票。新华社记者 谢锷 摄
3. 11月20日,在位于纽约的联合国总部,中国常驻联合国代表傅聪(前中)在安理会就决议草案进行表决时投赞成票。新华社记者 谢锷 摄