China
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် စင်ကာပူနိုင်ငံ အတိုင်ပင်ခံပုဂ္ဂိုလ် လီရှန်လွန်း တွေ့ဆုံဆွေးနွေး
ပေကျင်း၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် စင်ကာပူနိုင်ငံ အတိုင်ပင်ခံပုဂ္ဂိုလ် လီရှန်လွန်းနှင့် နိုဝင်ဘာ ၂၆ ရက် ညနေပိုင်းက ပေကျင်းမြို့ တျောက်ယွီထိုင် နိုင်ငံတော်ဧည့်ဂေဟာတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က လီရှန်လွန်း စင်ကာပူဝန်ကြီးချုပ်ရာထူး သက်တမ်းအတွင်း စင်ကာပူနိုင်ငံကို ဦးဆောင်ကာ သိသာထင်ရှားသည့် အောင်မြင်မှုများရရှိခဲ့ခြင်းနှင့် တရုတ်-စင်ကာပူ ပူးပေါင်းဆောင်ရွက်ရေး ရေရှည် ဂရုစိုက်ထောက်ခံအားပေးသည့်အပေါ် အကောင်းမြင်သုံးသပ်ပြောကြားခဲ့သည်။
ရှီကျင့်ဖိန်က ပြီးခဲ့သည့်နှစ်တွင် တရုတ်-စင်ကာပူ ဘက်စုံအရည်အသွေးမြင့် အနာဂတ်သို့ ရှေးရှုသည့် မိတ်ဖက် ဆက်ဆံရေးကို မိမိတို့ အတူတကွ အတည်ပြုခဲ့ရာ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ရန်အတွက် မဟာဗျူဟာ ဦးတည်ချက်ကို တိကျရှင်းလင်းစွာ ချမှတ်နိုင်ခဲ့ကြောင်း ထောက်ပြ ပြောကြားခဲ့သည်။ လာမည့်နှစ်သည် တရုတ်-စင်ကာပူ သံတမန်ဆက်ဆံရေး ထူထောင်သည့် ၃၅ နှစ်ပြည့် ဖြစ်ရာ နှစ်ဖက်အနေဖြင့် အဆင့်မြင့်အလွှာ သွားလာမှုများကို နီးကပ်စွာ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ မဟာဗျူဟာချိတ်ဆက်မှုများကို တစ်ဆင့်တိုးအားကောင်းအောင် ၊ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းအောင် ဆောင်ရွက်ကာ နှစ်နိုင်ငံ ပြည်သူများအတွက် ပိုမိုများပြားသော အကျိုးစီးပွားကို ဆောင်ကြဉ်းပေး၍ ဒေသ ငြိမ်းချမ်းစည်ပင်ဝပြောရေးအတွက် ပိုမို ကြီးမားသောအခန်းကဏ္ဍမှ ပါဝင်သွားရမည် ဖြစ်ပါကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယခုနှစ်သည် စူးကျိုးစက်မှုဥယျာဉ် ဖွင့်လှစ်တည်ဆောက်သည့် ၃၀ ပြည့်နှစ် ဖြစ်သည်ဟု ရှီကျင့်ဖိန်က ထောက်ပြ ပြောကြားခဲ့သည်။ နှစ်ပေါင်း ၃၀ ကြာကာလတွင် စူးကျိုးစက်မှုဥယျာဉ်သည် “ရေကန်မြေနိမ့်ချိုင့်ဝှမ်း” မှ “ဆန်းသစ်တီထွင်သည့် မြို့ပြ” အဖြစ်သို့ ပြောင်းလဲလာရာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု၏ သက်ဝင်ထင်ရှားသော နမူနာပုံစံအဖြစ် ထူထောင်နိုင်ခဲ့သလို တရုတ်နိုင်ငံ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်လှစ်မှုတွင် စင်ကာပူနိုင်ငံ ထဲထဲဝင်ဝင် ပါဝင်လာခြင်း၏ မျက်မြင်သက်သေပင် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် မိမိနိုင်ငံအခြေအနေနှင့်ကိုက်ညီသော တရုတ်ဝိသေသလက္ခဏာဆောင် ဆိုရှယ်လစ်ဝါဒလမ်းစဉ်ကို အခိုင်အမာ လျှောက်လှမ်းလျက်ရှိရာ တစ်ဆင့်တိုး ဘက်စုံ နက်ရှိုင်းစွာ ပြုပြင်ပြောင်းလဲမှုကို ဖွင့်လှစ်ပြီး ဖြစ်သလို တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းမှု၏ ခရီးစဉ်သစ်ကို တွန်းအားပေး ဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် မိမိ၏ကိစ္စကို ကောင်းမွန်အောင် အစဉ်အမြဲ အာရုံစိုက်အားထုတ် ဆောင်ရွက်သွားမည် ဖြစ်ရာ စီးပွားရေးရေရှည်တိုးတက်မှုကို ထိန်းထားနိုင်သည့် ယုံကြည်ချက်ရှိသလို အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်သွားမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု၏ ရှေ့ဆောင်အဖြစ် ဆက်လက်ဆောင်ရွက်ရန် စင်ကာပူနိုင်ငံအား ကြိုဆိုကြောင်း၊ နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှု ယန္တရား အစည်းအဝေး ပလက်ဖောင်းကို ကောင်းမွန်စွာ အသုံးချရန်၊ အရေးကြီးအဓိက ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများကို အဆင့်မြင့် ကောင်းမွန်စွာ လည်ပတ်ဆောင်ရွက်ရန်၊ ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများကို ဒစ်ဂျစ်တယ် အသွင်၊ အစိမ်းရောင်အသွင်ပြောင်းခြင်းကို လက်ကိုင်ထားကာ ခေတ်သစ် တရုတ်-စင်ကာပူ ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍသစ်ကို ဆက်လက်ရေးဆွဲသွားရန် ကြိုဆိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
ရှီကျင့်ဖိန်က ယနေ့ခေတ်ကမ္ဘာသည် ရာစုနှစ်အတွင်း မကြုံတွေ့ခဲ့ရဖူးသော အပြောင်းအလဲကြီးများကို ဖြတ်သန်းနေရကြောင်း ထောက်ပြ ပြောကြားခဲ့သည်။ အန္တရာယ်နှင့် စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် မည်သည့်နိုင်ငံကမျှ တစ်နိုင်ငံတည်း ကောင်းမွန်အောင် နေ၍မရကြောင်း၊ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှု၊ တံခါးဖွင့် အားလုံးပါဝင်စေမှုကို ခိုင်မာစွာ ဆောင်ရွက်ခြင်းကသာ လူ့လောက၏ မှန်ကန်သည့် လမ်းကြောင်း ဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် စင်ကာပူနိုင်ငံနှင့်အတူ စစ်မှန်သော နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒကို လက်တွေ့ဖော်ဆောင်သွားလိုကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအသွင်ပြောင်းမှု ခေတ်ရေစီးကြောင်းနှင့်အညီ နိုင်ငံတကာ တရားမျှတမှုကို ကာကွယ်ထိန်းသိမ်းသွားမည် ဖြစ်သလို အုပ်စုဖွဲ့ အတိုက်အခံလုပ်မှု၊ ခွဲထွက်၍ ထိပ်တိုက်ရင်ဆိုင်မှု တို့ကို ဟန့်တားကာ အာရှ အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
လီရှန်လွန်းက လွန်ခဲ့သည့်နှစ် မတ်လတွင် မိမိအနေဖြင့် တရုတ်နိုင်ငံသို့ အလည်အပတ်ခရီးစဉ် လာရောက်ပြီး သမ္မတ ရှီကျင့်ဖိန်နှင့်အတူ စင်ကာပူ-တရုတ် ဆက်ဆံရေး အနေအထားကို ဘက်စုံ အရည်အသွေးမြင့် အနာဂတ်သို့ ရှေးရှုသည့် မိတ်ဖက်ဆက်ဆံရေးအဖြစ် မြှင့်တင်ရန် ကြေညာခဲ့ကြကြောင်း ပြောကြားခဲ့သည်။ နှစ်နိုင်ငံ ဆက်ဆံရေးသည် တစ်ဆင့်တိုး အားကောင်းလာသလို နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှု ယန္တရား အစည်းအဝေးများ အဆင်ပြေချောမွေ့စွာ ကျင်းပခဲ့ရာ လက်တွေ့အောင်မြင်မှုရလဒ်များစွာ ဖြစ်ပေါ်ခဲ့ကြောင်း၊ စူးကျိုး စက်မှု ဥယျာဉ်သည် ဖွင့်လှစ်တည်ဆောက်သည့် နှစ်ပေါင်း ၃၀ ကြာကာလတွင် ခေတ်မီမြို့ပြအဖြစ်သို့ တိုးတက်ပြောင်းလဲလာပြီဖြစ်ရာ စင်ကာပူ-တရုတ် အရည်အသွေးမြင့် ပူးပေါင်းဆောင်ရွက်မှု၏ အောင်မြင်သည့်လက်တွေ့ဖော်ဆောင်မှုနှင့် ရွှေရောင်ဆိုင်းဘုတ် ဖြစ်လာသည့် တစ်ချိန်တည်းတွင်ပင် တရုတ်နိုင်ငံ၏ အဆက်မပြတ် ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်လှစ်မှု သဘောထားကို ကမ္ဘာအား ပြသခဲ့ပါကြောင်း၊ အောင်မြင်သည့် ခေတ်မီအသွင် ဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ်ကို တရုတ်နိုင်ငံက ရှာဖွေတွေ့ရှိပြီး ဖြစ်ကြောင်း၊ စင်ကာပူနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ အနာဂတ်အပေါ် ယုံကြည်မှု အပြည့်အဝ ရှိသလို တရုတ်နိုင်ငံသည် စည်ပင်သာယာဝပြောမှုကို ဆက်လက်ထိန်းသိမ်းသွားပြီး ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုကြီးမားသော အခန်းကဏ္ဍမှ ပါဝင်သွားမည်ဟု ယုံကြည်ကြောင်း လီရှန်လွန်းက ပြောကြားခဲ့သည်။
စင်ကာပူနိုင်ငံသည် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းအောင် ဆက်လက်ကြိုးပမ်းသွားမည် ဖြစ်ပြီး တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းရေး ဖြစ်စဉ်တွင် တက်ကြွစွာ ပါဝင်သွားမည် ဖြစ်ကြောင်း၊ လက်ရှိ ရှုပ်ထွေးနေသည့် နိုင်ငံတကာအခြေအနေအောက်တွင် နိုင်ငံအသီးသီးအနေဖြင့် ရေရှည်အမြော်အမြင်ကို လက်ကိုင်ထားသင့်ကာ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို အခိုင်အမာ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုကို အားထုတ်ကြိုးပမ်းကာ အန္တရာယ်စိန်ခေါ်မှုများကို အတူတကွ ရင်ဆိုင်ပြီး ပြည်သူများအကျိုးကို ပိုမိုကောင်းမွန်စွာ ဖန်တီးရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
နှစ်ဖက်အနေဖြင့် တရုတ်-အမေရိကန် ဆက်ဆံရေး၊ ဒေသတွင်းအခြေအနေ စသည့် ဘုံဂရုပြုကြသည့် အရေးကြီးကိစ္စရပ်များအပေါ် အမြင်သဘောထားချင်း ဖလှယ်ခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို ဝမ်ရိ ပါဝင်တက်ရောက်ခဲ့သည်။ (Xinhua)
……………………………….
(Chinese Version)
习近平会见新加坡国务资政李显龙
新华社北京11月26日电(记者曹嘉玥、冯歆然)11月26日下午,国家主席习近平在北京钓鱼台国宾馆会见新加坡国务资政李显龙。
习近平积极评价李显龙担任新加坡总理期间带领新加坡取得显著成就,并长期关心和支持中新合作。习近平指出,去年我们共同确立了中新全方位高质量的前瞻性伙伴关系,为两国关系发展明确了战略方向。明年是中新建交35周年,双方要密切高层往来,进一步加强发展战略对接,深化各领域合作,为两国人民带来更多福祉,为地区和平繁荣作出更大贡献。
习近平指出,今年是苏州工业园区开发建设30周年。30年间,苏州工业园区从“池塘洼地”变成“创新之城”,树立了两国合作的生动样板,也是新加坡深度参与中国改革开放的见证。中国坚持走符合自己国情的中国特色社会主义道路,已经开启进一步全面深化改革、推进中国式现代化的新征程。中国将始终坚持集中精力办好自己的事情,有信心保持经济长期向好,实现高质量发展。欢迎新方继续做对华合作的先行者,用好中新双边合作机制会议平台,高水平运营好重大合作项目,把握数字化、绿色化发展机遇,续写新时代中新合作新篇章。
习近平指出,当今世界正经历百年未有之大变局。面对风险和挑战,任何国家都不可能独善其身,坚持团结合作、开放包容才是人间正道。中方愿同新方一道,践行真正的多边主义,顺应经济全球化潮流,维护国际公平正义,抵制集团对立、分裂对抗,构建亚洲命运共同体。
李显龙表示,去年3月我成功访华,同习近平主席共同宣布将新中关系定位提升为全方位高质量的前瞻性伙伴关系。两国关系进一步加强,双边合作机制会议顺利召开,产生很多务实成果。苏州工业园区开发建设30年来,已经发展成为现代化城镇,成为新中高质量合作的成功实践和金字招牌,同时也向世界展现了中国不断改革开放的姿态。中国已经找到了成功的现代化发展道路,新方对中国的未来充满信心,相信中国将保持发展繁荣,为世界的和平和发展作出更大贡献。新方将继续致力于深化同中国的合作,积极参与中国式现代化进程。当前复杂国际形势下,各国应该秉持长远眼光,坚持多边主义,致力于团结合作,共同应对风险挑战,更好造福人民。
双方还就中美关系、地区形势等共同关心的重大问题交换了意见。
王毅参加会见。(完)
1. 11月26日下午,国家主席习近平在北京钓鱼台国宾馆会见新加坡国务资政李显龙。 新华社记者 黄敬文 摄