China
အနာဂတ်ပန်းချီအား အဆုံးထိရေးဆွဲသွားမည် ______တရုတ်နိုင်ငံ ဆင်းရဲနွမ်းပါးမှု အခိုင်အမာ တိုက်ဖျက်ရေး အောင်နိုင်ခြင်း၏ ကမ္ဘာ့ အနက်အဓိပ္ပါယ်အား အဖြေရှာခြင်း (အပိုင်း ၂ )
ပေကျင်း၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ)
“ကျွန်တေ့ာ်အနေနဲ့ တရုတ်နိုင်ငံ ကျေးရွာ၊ ခရိုင်၊ မြို့၊ ပြည်နယ်၊ ဗဟို တွေမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးက အဓိကအရေးကြီးတဲ့ အလုပ်ဖြစ်ပြီး အောင်မြင်အောင် ဆောင်ရွက်မယ်ဆိုပြီး ကျွန်တော် သန္နိဋ္ဌာန်ချထားတဲ့ ကိစ္စကြီးတစ်ခုလည်း ဖြစ်ပါတယ်”… ယင်းမှာ မကြာမီရက်ပိုင်းများက ကျင်းပခဲ့သည့် G20 ခေါင်းဆောင်များ ရီယိုဒီဂျနေရိုး ထိပ်သီးအစည်းအဝေးတွင် သမ္မတ ရှီကျင့်ဖိန်က ကိုယ်တိုင်ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံဖြင့် တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး အတွေ့အကြုံများကို မိတ်ဆက်ပြောကြားခဲ့ခြင်း ဖြစ်သည်။
သမ္မတ ရှီကျင့်ဖိန်၏ နက်ရှိုင်းသည့် ခံစားချက်ဖြင့် ပြောကြားခဲ့သည့်စကားများက ပါတီကြီး၊ နိုင်ငံကြီး၏ ခေါင်းဆောင်က ပြည်သူ့အပေါ် ထားရှိသည့် စိတ်နေသဘောထားနှင့် ဇွဲသတ္တိကို ဖော်ပြလျက်ရှိသလို နှစ် ၁၀၀ သက်တမ်းရှိသော ပါတီ၏ သမိုင်းတာဝန်နှင့် တာဝန်ထမ်းဆောင်မှုကို ပေါ်လွင်စေရာ အစည်းအဝေးတက်ရောက်သူ အများအပြားက သဘောကျလေးစားခဲ့ကြပေသည်။
ဆင်းရဲနွမ်းပါးမှုသည် လူသားမျိုးနွယ် လူမှုအသိုက်အဝန်း၏ ကာလကြာရှည် ကုစားရခဲယဉ်းသည့် ရောဂါဖြစ်သည်။ တရုတ်နိုင်ငံသည် ဆင်းရဲနွမ်းပါးသည့် လူဦးရေ သန်း ၈၀၀ ကို ဆင်းရဲတွင်းမှ လွတ်ကင်းအောင် ဖော်ဆောင်နိုင်ခဲ့ပြီဖြစ်ပြီး ကုလသမဂ္ဂ ၂၀၃၀ ပြည့်နှစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစီအစဉ်များ၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ရည်မှန်းချက်ကို ကြိုတင်ပြီးမြောက်ခဲ့ရာ လူသားမျိုးနွယ် ဖွံ့ဖြိုးတိုးတက်ရေးသမိုင်း၏ ကြီးမားသည့် ဆောင်ရွက်ချက်ကို တည်ဆောက် ဖန်တီးခဲ့သလို ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး လုပ်ငန်းအတွက် နက်ရှိုင်းစွာ လမ်းစဖော်ပေးခဲ့ပေသည်။ ဆင်းရဲနွမ်းပါးဒေသများ၏ ဖွံ့ဖြိုးတိုးတက်ရေး အခြေအနေ ညံ့ဖျင်းမှု၊ ဆင်းရဲနွမ်းပါးသော လူဦးရေ၏ ဖွံ့ဖြိုးတိုးတက်ရေး ကိုယ်ပိုင် စွမ်းဆောင်ရည် အားနည်းမှုများကြောင့် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးမှာ လူတစ်ဦးတစ်ယောက်၊ ဒေသတစ်ခု၊ အရပ်ဖက်စသည့် အင်အားများအပေါ် မှီခိုအားထားနေခြင်းက မည်သို့မျှ လုံလောက်မှုမရှိပေ။ အာဏာရပါတီနှင့် တိုင်းပြည်၏တာဝန်အဖြစ် တိုင်းပြည်၏ရည်မှန်းချက်၊ တိုင်းပြည်၏ မဟာဗျူဟာအဖြစ် မုချမသွေ မြှင့်တင်ရမည် ဖြစ်ပေသည်။ ယင်းမှာ တရုတ်နိုင်ငံ ဆင်းရဲနွမ်းပါးမှု အခိုင်အမာ တိုက်ဖျက်ရေး အောင်နိုင်ခြင်း၏ အဖိုးတန် အတွေ့အကြုံပင်ဖြစ်သည်။
လျန်ကျားဟယ်ကျေးရွာသားများအား ရှေ့ဆောင်၍ ဆန်ရှီးပြည်နယ်၏ ပထမဆုံး မီသိန်းဓာတ်ငွေ့တွင်း ပြုပြင်တည်ဆောက်သည်မှစ၍ ဖူကျန့်ပြည်နယ် နင်းတယ်မြို့၏ “အားငယ်သည့်ငှက် ဦးစွာပျံသန်းရေး” နည်းလမ်းများကို ဦးဆောင်ခြင်းမှသည် တစ်တိုင်းပြည်လုံး ကြီးမားကျယ်ပြန့်သည့် ဆင်းရဲနွမ်းပါးမှု အခိုင်အမာ တိုက်ဖျက်ရေး တိုက်ပွဲအား လမ်းညွှန်သည်အထိ ဆင်းရဲနွမ်းပါးမှုမှ လွတ်ကင်းရေး ပြည်သူအား အစဉ် ရှေ့ဆောင်လမ်းပြနေသည်မှာ ပါတီအထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်၏ ပြည်သူ့အတွက် ဝန်ဆောင်မှု၊ ပြည်သူ့အတွက် ကြိုးပမ်းမှုကြီး ဖြစ်ပေသည်။
ဆင်းရဲနွမ်းပါးမှု အခိုင်အမာတိုက်ဖျက်ရေး ကြီးမားလှသည့် အဆုံးသတ်တိုက်ပွဲတွင် အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်က ကြီးမားသည့် သမိုင်းအမြော်အမြင်နှင့် နက်ရှိုင်းလှသည့် ပြည်သူ့အပေါ် ထားရှိသော သဘောထားဖြင့် သမိုင်းတာဝန်ကို ရဲဝံ့စွာ ပခုံးထက်တွင် ထမ်း၍ ဦးဆောင်ပဲ့ကိုင်လမ်းညွှန်ခဲ့သည်။ ဗဟို ဆင်းရဲနွမ်းပါးမှု လျှော့ချရေး လုပ်ငန်းဆွေးနွေးပွဲ ၇ ကြိမ် ကြီးမှူးကျင်းပခဲ့သလို ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်း သုတေသနပြုလေ့လာမှု အကြိမ် ၅၀ ကျော် ပြုလုပ်ခဲ့ရာ အထူးဆင်းရဲနွမ်းပါးသည့် ဒေသ ၁၄ ခု တစ်လျှောက် နေရာအနှံ့သွားရောက်ခဲ့ပေသည်။ ပြည်နယ်၊ မြို့၊ ခရိုင်၊ ကျေးရွာစု၊ ကျေးရွာ အဆင့် ၅ ဆင့် အတွင်းရေးမှူးများကို ဦးဆောင်၍ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကို ကိုင်တွယ်ဆောင်ရွက်ခဲ့ရာ ပါတီ၏ ခေါင်းဆောင်မှသည် ကျယ်ပြန့်များပြားလှသော အဓိကပါတီဝင်များအထိ အထက်အောက်တစ်စိတ်တစ်ဝမ်းတည်း ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်၍ အနာဂတ်ပန်းချီတစ်ချပ်ကို စုပေါင်းအင်အားဖြင့် ရေးဆွဲဆောင်ရွက်ခဲ့ကြသည်။
ပီရူးသမ္မတ Dina Boluarte က သမ္မတ ရှီကျင့်ဖိန်သည် အလွန်အမင်း ဆင်းရဲနွမ်းပါးမှုမှ မည်သို့ ရုန်းထွက်ပြီး အင်အားကြီး နိုင်ငံဖြစ်လာအောင် ဆောင်ရွက်ရမည်ကို မိမိတို့အား ပြသခဲ့ကြောင်း၊ ၎င်းမှာ မိမိတို့လေ့လာသင်ယူရမည့် စံနမူနာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီသည် ဆင်းရဲနွမ်းပါးမှုပပျောက်ရေးကို တိုင်းပြည်အေးချမ်းသာယာရေး၏ အဓိကတာဝန်အဖြစ် အစဉ်ထားရှိခဲ့ပေသည်။ ကာလတစ်ခု ပါတီ၏ နည်းပြလမ်းပြ မူဝါဒများ ချမှတ်ခဲ့သလို တိုင်းပြည်၏ အလယ်အလတ်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အနာဂတ်ပန်းချီကို ရေးဆွဲရာတွင် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကို အရေးကြီးအကြောင်းအရာအဖြစ် ထားရှိပြီး အမျိုးသားအဆင့် ဖြန့်ကြက်စီမံခဲ့သလို တိုင်းပြည်အင်အားဖြင့် တွန်းအားပေးဆောင်ရွက်ခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ (CPC) ၏ ၁၈ ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာကွန်ဂရက်မှစ၍ တရုတ်ကွန်မြူနစ်ပါတီသည် ဆင်းရဲနွမ်းပါးမှု လွတ်ကင်းရေးကို နိုင်ငံရေးရာ စီမံခန့်ခွဲမှု၏ ထင်သာမြင်သာနေရာ၌ ထားရှိခဲ့ပြီး ဆင်းရဲနွမ်းပါးသည့် လူဦးရေ အားလုံး ဆင်းရဲတွင်းမှ လွတ်ကင်းရေးကို ဘက်စုံ အတော်အသင့် ပြည့်စုံကောင်းမွန်သည့် လူမှုအဖွဲ့အစည်း တည်ဆောက်ရေး၊ ပထမ ရာစုနှစ် ပန်းတိုင်၏ အောက်ထစ်တာဝန်နှင့် ပြယုဂ် စံချိန်စံညွန်းအဖြစ် ဖော်ဆောင်ခဲ့ပါသည်။ ပါတီ၏ တစ်စုတစ်စည်းတည်း ညီညွတ်စွာ ဦးဆောင်မှု၊ အစီအစဉ် ရေးဆွဲ၍ အားကောင်းစွာ ရှေ့သို့ တွန်းအားပေး ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
ဗဟို ထိပ်တန်းအလွှာ၏ တိကျသော ဗျူဟာ ရေးဆွဲမှုမှသည် ဒေသန္တရ၏ ဒေသအလိုက်အသေးစိတ် ဆောင်ရွက်ချက်များအထိလည်းကောင်း၊ အရှေ့-အနောက် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ဟန်ချက်ညီညီ လက်တွဲအတူ ရှေ့သို့ လျှောက်လှမ်းမှုမှသည် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ကူညီဖေးမပေးမှုကို လူမှုအသိုက်အဝန်းနယ်ပယ်အသီးသီး တစ်တပ်တစ်အား ပါဝင်လာသည်အထိ လည်းကောင်း၊ ပါတီ၊ အစိုးရ၊ စစ်တပ်၊ ပြည်သူ၊ ပညာရပ်ဆိုင်ရာ ကဏ္ဍအသီးသီးက တစ်ခုတည်းကို အားစိုက်ဆောင်ရွက်ကြရာ အရှေ့-အနောက်-တောင်-မြောက် ကျစ်ထားသည့်ကြိုးပမာ စည်းလုံးစွာဖြင့် ကမ္ဘာ့ဆင်းရဲနွမ်းပါးမှု လျှော့ချရေးသမိုင်းတွင် ပမာဏအကြီးဆုံး၊ အားအကောင်းဆုံး၊ အောင်မြင်မှုရလဒ် ထင်သာမြင်သာအရှိဆုံးသော ဖော်ဆောင်မှု နမူနာပုံစံကို ဖန်တီးခဲ့သည်။
အမေရိကန်နိုင်ငံ The Kuhn Foundation ဥက္ကဋ္ဌ Robert Kuhn က တရုတ်နိုင်ငံသည် “သမိုင်းတွင် မကြုံစဖူး အောင်မြင်မှု ရရှိခြင်း”က တရုတ်ကွန်မြူနစ်ပါတီ၏ အားကောင်းသည့် တစ်စုတစ်စည်းတည်း ဦးဆောင်မှုနှင့် မှန်ကန်သည့် ဆုံးဖြတ်ချက်မူဝါဒများ၏ တိုက်ရိုက်အကျိုးကျေးဇူးကြောင့်ဖြစ်သည်ဟု ဆိုသည်။
ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်းကို တရုတ်ကွန်မြူနစ်ပါတီ တစ်စုတစ်စည်းတည်း ဦးဆောင်ခြင်းမှာ ဗဟိုမှ အခြေခံအလွှာ အဆင့်ဆင့်၏ ရည်မှန်းချက်ချင်း တူညီပြီး ဦးဆောင်နိုင်စွမ်း၊ စုစည်းစီစဉ်နိုင်စွမ်း၊ လက်တွေ့ဖော်ဆောင်နိုင်စွမ်း၏ အကြီးမားဆုံး ဖော်ဆောင်နိုင်မှုကို ဖော်ပြသလို မူဝါဒ စဉ်ဆက်မပြတ် ရေရှည်အာမခံနိုင်မှု ရှိခြင်းကို ဖော်ပြနေပေသည်။ ခက်ခဲဆင်းရဲသူများအား လွတ်မြောက်အောင် ကူညီပေးခြင်းမှသည် ဆိုရှယ်လစ်ဝါဒတည်ဆောက်ရေး တွန်းအားပေးသည် အထိလည်းကောင်း၊ ပမာဏကြီးမားကျယ်ပြန့်၍ စီမံချက်ဖြင့် အစီအစဉ်တကျရှိသည့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကို စတင်ဖော်ဆောင်သည်မှစ၍ ဆင်းရဲနွမ်းပါးမှု လွတ်ကင်းရေး ပြည်သူ့တိုက်ပွဲကို အရှိန်အဟုန်ဖြင့် အင်တိုက်အားတိုက် ဆောင်ရွက်သည်အထိ တရုတ်ကွန်မြူနစ်ပါတီဝင်များသည် သွေးစည်းညီညွတ်စွာ ပြည်သူများကို ဦးဆောင်၍ ရည်မှန်းချက်တစ်ခုတည်းကို ဦးတည်ကာ တစ်သုတ်ပြီး တစ်သုတ် ဆောင်ရွက်ခဲ့ရာ “အဆက်မပြတ်ကျသည့် ရေစက်လေးများနှင့်ပင် ကျောက်တုံးကျောက်စိုင်များကို ဖောက်ထွင်းနိုင်မည်၊ အနာဂတ်စီမံချက်တွေကို အဆုံးထိရေးဆွဲမည့် ဇွဲနဘဲ၊ မယိမ်းယိုင်ကြံ့ကြံ့ခိုင်သည့် ကြိုးစားအားထုတ်မှုစိတ်ဓာတ်ဖြင့်” ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးတိုက်ပွဲ ဝင်ခဲ့ကြသည်။
နိုင်ငံတကာလေ့လာသုံးသပ်သူများက ကမ္ဘာတွင် တရုတ်ကွန်မြူနစ်ပါတီကဲ့သို့ ဆင်းရဲနွမ်းပါးမှုပပျောက်ရေးကို မဆုတ်မနစ်ကြိုးပမ်းဖော်ဆောင်ရမည့် လုပ်ငန်းအဖြစ် သဘောထားသည့် အာဏာရပါတီ အနည်းငယ်သာရှိ ကြောင်း ပြောကြားခဲ့သည်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က တရုတ်နိုင်ငံအနေဖြင့် ဆင်းရဲနွမ်းပါးမှု အခိုင်အမာတိုက်ဖျက်ရေးတွင် ဘက်စုံ အောင်နိုင်ခြင်းက “အစိုးရရဲ့ နိုင်ငံရေးကတိကဝတ်နဲ့ မူဝါဒ တည်ငြိမ်မှုက ဆင်းရဲနွမ်းပါးမှုနှင့် ထိလွယ်ရှလွယ်အရှိဆုံး လူအုပ်စုရဲ့ အခြေအနေကို ကောင်းမွန်အောင် ပြုပြင်ရာမှာ အလွန်အရေးကြီးတယ် ” ဟု ယူဆပေသည်။
နိုင်ငံ့ရေးရာ စီမံခန့်ခွဲမှုလမ်းခရီးတွင် ပြည်သူများချမ်းသာကြွယ်ဝရေးသည် ပထမခြေလှမ်း ဖြစ်ပေသည်။ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးရည်မှန်းချက်ကို ဖော်ဆောင်ရန် ခေါင်းဆောင်၏ သဘောထား၊ ဇွဲသတ္တိနှင့် သန္နိဋ္ဌာန်သည် အလွန်အရေးကြီးကြောင်း၊ အာဏာရပါတီနှင့် နိုင်ငံက ပြည်သူ၏ တာဝန်ထမ်းဆောင်မှု ဦးဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်မှု၊ ဘက်ပေါင်းစုံ၏ အင်အားကို စုစည်းမှုမှာ အလွန်အမင်း အရေးကြီးကြောင်း၊ မူဝါဒ စဉ်ဆက်မပြတ်ရှိမှုနှင့် တည်ငြိမ်မှုမှာ အလွန်အမင်း အရေးကြီးကြောင်းကို တရုတ်နိုင်ငံ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးက လက်တွေ့သက်သေ ပြလိုက်ခြင်းဖြစ်သည်။ တရုတ်နိုင်ငံသည် ကမ္ဘာ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး လုပ်ငန်းအတွက် အရေးကြီးဆုံး အောင်မြင်မှု အတွေ့အကြုံများကို အနှစ်ချုပ်သုံးသပ်ခြင်းသည် လူသားမျိုးနွယ် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး တိုက်ပွဲအတွက် ခွန်အား၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး၏ ကဏ္ဍသစ် ဖွင့်လှစ်မှုအပေါ် အထောက်အပံ့အင်အား မုချမသွေ ဖြစ်စေမည် ဖြစ်ပေသည်။ (Xinhua)
…………………………
(Chinese Version)
新华时评丨一张蓝图绘到底——“解码中国打赢脱贫攻坚战的世界意义”系列评论之二
“我先后在中国的村、县、市、省、中央工作,扶贫是工作的一个重要内容,也是我立志要办成的一件大事。”近日举行的二十国集团领导人里约热内卢峰会上,习近平主席从亲身经历讲起,介绍中国脱贫经验。习近平主席饱含深情的话语,映照大党大国领袖的人民情怀与坚强意志,彰显百年大党的使命与担当,令很多与会者感佩不已。
贫困是人类社会久攻不下的顽疾。中国已经实现8亿贫困人口全部脱贫,提前完成联合国2030年可持续发展议程的减贫目标,创造了人类发展史上的壮举,为全球减贫事业带来深刻启示。贫困地区发展条件差,贫困人口自我发展能力弱,消除贫困仅仅依靠个体、区域、民间等力量远远不够,必须作为执政党和国家的责任,上升为国家意志、国家战略、国家行动。这是中国打赢脱贫攻坚战的宝贵经验。
从带动梁家河村民修建陕西省第一口沼气池,到领导福建宁德探索“弱鸟先飞”,再到指挥全国波澜壮阔的脱贫攻坚战,带领人民摆脱贫困一直是习近平总书记为民服务、为民奋斗的一件大事。在脱贫攻坚伟大决战中,习近平总书记以宽广历史视野和深厚人民情怀,勇担使命,掌舵领航,挂帅出征,先后7次主持召开中央扶贫工作座谈会,50多次调研扶贫工作,走遍14个集中连片特困地区,带领着省、市、县、乡、村,五级书记抓扶贫,从党的领袖到广大党员干部,上下同心,尽锐出战,一张蓝图绘到底,集中力量办大事。秘鲁总统博鲁阿尔特表示,习近平主席教会我们如何摆脱极端贫困、成为一个强大的国家,是我们学习的榜样。
中国共产党始终把消除贫困作为定国安邦的重要任务,制定一个时期党的路线方针政策、擘画国家中长期发展蓝图,都把减贫作为重要内容,从国家层面部署,用国家力量推进。党的十八大以来,中国共产党把脱贫攻坚摆在治国理政突出位置,把贫困人口全部脱贫作为全面建成小康社会、实现第一个百年奋斗目标的底线任务和标志性指标,加强党的集中统一领导,统筹谋划、强力推进。从中央顶层设计精准方略,到地方因地制宜细化举措,从东西部扶贫协作携手共进,到社会各界扶贫济困踊跃参与,党政军民学劲往一处使,东西南北中拧成一股绳,创造了世界减贫史上规模最大、力度最强、成效最显著的实践样本。美国库恩基金会主席罗伯特·库恩说,中国“史无前例的成功”,直接得益于中国共产党强有力的统一领导和正确决策。
扶贫工作由中国共产党统一领导,既意味着从中央到基层各级意志统一,能够实现领导力、组织力、执行力的最大化,也意味着政策连续性有长期保证。从帮助穷苦人翻身得解放到推进社会主义建设,从实施大规模、有计划、有组织的扶贫开发,到开展声势浩大的脱贫攻坚人民战争,中国共产党人团结带领人民,锚定一个目标,一茬接着一茬干,以“滴水穿石、一张蓝图绘到底的韧性、恒心和奋斗精神”与贫困作斗争。国际观察人士感叹,世界上找不到几个执政党能像中国共产党一样,将消除贫困作为一项不懈追求的事业。联合国秘书长古特雷斯认为,中国取得脱贫攻坚全面胜利证明,“政府的政治承诺和政策稳定性对改善最贫困和最脆弱人群的境况至关重要”。
治国之道,富民为始。中国减贫实践表明,实现减贫目标,领导人的情怀、意志和决心至关重要,执政党和国家担负起对人民的责任、发挥主导作用、汇聚各方力量至关重要,保持政策的连续性和稳定性至关重要。中国为世界减贫事业总结出至关重要的成功经验,必将赋能人类反贫困斗争,助力谱写全球发展的崭新篇章。(完)
1. 在融水苗族自治县苗家小镇易地扶贫安置点粤桂协作帮扶车间,群众在制作手工艺品(6月20日摄)。
2. 9月29日,工作人员在昭通市超越苹果基地苹果分选线上工作。新华社记者陈欣波摄