Europe
မက်ခရွန်သည် ထရမ့်၊ ဇယ်လန်းစကီးတို့နှင့် သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမှု ပြုလုပ်
ပဲရစ်၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ)
ပြင်သစ်နိုင်ငံသမ္မတ မက်ခရွန်သည် ဖိတ်ကြားမှုအရ ပဲရစ်မြို့ရှိ Notre-Dame ဘုရားရှိခိုးကျောင်း ပြန်လည်ဖွင့်လှစ်ပွဲအခမ်းအနားသို့ တက်ရောက်လာသော အမေရိကန်နိုင်ငံ ရွေးကောက်ခံ သမ္မတ ထရမ့်၊ ယူကရိန်းနိုင်ငံသမ္မတ ဇယ်လန်းစကီးတို့နှင့် ဒီဇင်ဘာ ၇ ရက်က အီလီဇီး နန်းတော်၌ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့သည်။
ထိုနေ့ညနေပိုင်းတွင် ထရမ့်သည် မက်ခရွန်နှင့် တွေ့ဆုံရန် အီလီဇီးနန်းတော်သို့ ဦးစွာသွားခဲ့ပြီး ဇယ်လန်းစကီးကလည်း မကြာမီတွင် ရောက်ရှိ၍ တွေ့ဆုံခဲ့ကြသည်။ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမှုသည် အချိန် ၃၅ မိနစ်ခန့်ကြာမြင့်ခဲ့သည်။
တွေ့ဆုံဆွေးနွေးမှုပြီးနောက် မက်ခရွန်က ပဲရစ်မြို့ရှိ Notre-Dame ဘုရားရှိခိုးကျောင်းကြောင့် ပထမဆုံးအကြိမ် ဆုံစည်းခဲ့ကြခြင်းဖြစ်ကြောင်း၊ “ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် ကျွန်တော်တို့ ဆက်လက် အတူဆောင်ရွက်ကြပါစို့” ဟု ဆိုရှယ်မီဒီယာတွင် ရေးသားခဲ့သည်။
ဇယ်လန်းစကီးကလည်း ၎င်းနှင့် ထရမ့်၊ မက်ခရွန်တို့သည် “ကောင်းမွန်သော၊ အကျိုးသက်ရောက်မှုကြွယ်ဝသော” တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း၊ “စစ်ပွဲများကို အမြန်ဆုံး၊ တရားမျှတစွာ အဆုံးသတ်နိုင်မယ်လို့ ကျွန်တော်တို့အားလုံး မျှော်လင့်ပါတယ်” ဟု ဆိုရှယ်မီဒီယာတွင် ဖော်ပြခဲ့သည်။
၂၀၁၉ ခုနှစ်၌ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သော Notre Dame ဘုရားရှိခိုးကျောင်းကို ၅ နှစ်ကြာ ပြုပြင်မွမ်းမံခဲ့ပြီးနောက် ဒီဇင်ဘာ ၇ ရက် ညပိုင်းက ပြင်သစ်နိုင်ငံ စိန်းမြစ်ကမ်းနားရှိ Notre-Dame ဘုရားရှိခိုးကျောင်းတွင် အခမ်းအနားကျင်းပ၍ ပြန်လည်ဖွင့်လှစ်ခဲ့သည်။ (Xinhua)
……………………………………
(Chinese Version)
马克龙与特朗普、泽连斯基举行三方会晤
新华社巴黎12月7日电(记者乔本孝)法国总统马克龙7日在爱丽舍宫与受邀出席巴黎圣母院重新开放仪式的美国当选总统特朗普和乌克兰总统泽连斯基举行三方会晤。
当天下午,特朗普先到爱丽舍宫与马克龙会晤,泽连斯基随后抵达并加入。三方会晤持续约35分钟。
马克龙会晤后在社交媒体上发文说,三方因巴黎圣母院而聚首,“让我们继续为了和平与安全共同行动”。
泽连斯基也在社交媒体上表示,他与特朗普、马克龙进行了“良好、富有成效”的会晤,“我们都希望尽快、公正结束战争”。
法国7日晚在位于塞纳河畔的巴黎圣母院举行仪式,庆祝2019年失火的巴黎圣母院在经过5年修复后重新开放。(完)
图说1:12月7日,法国总统马克龙(中)与美国当选总统特朗普(右)和乌克兰总统泽连斯基会晤后走出爱丽舍宫。新华社发(亨利·施瓦茨摄)
图说2:12月7日,法国总统马克龙(右二)在巴黎总统府爱丽舍宫欢迎美国当选总统特朗普(中)。新华社记者 高静 摄