Connect with us

China

ဟွမ်မောင်ဟိုင် ပင်လယ်ဖြတ်ကူးတံတား လမ်းကြောင်းဖွင့်လှစ်ရန် စောင့်ဆိုင်းနေ

ဟွမ်မောင်ဟိုင် ပင်လယ်ဖြတ်ကူးတံတား၊ ကောင်းလန်ဆိပ်ကမ်းတံတား ( ဝဲဘက်ရှိ ပင်မတာဝါတိုင်နှစ်ခု) နှင့် ဟွမ်မောင်ဟိုင်တံတားကြီး (ယာဘက်ရှိ ပင်မတာဝါတိုင် သုံးခု) ကို ဒီဇင်ဘာ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကျူးဟိုင်(ကွမ်တုန်း)၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံရှိ လေးနှစ်ကြာ ဆောက်လုပ်ခဲ့သော ဟွမ်မောင်ဟိုင်ပင်လယ်ဖြတ်ကူးတံတားကို ဒီဇင်ဘာ ၁၁ ရက်တွင် တရားဝင်ဖွင့်လှစ်မည်ဖြစ်သည်။ ဟွမ်မောင်ဟိုင် ပင်လယ်ဖြတ်ကူးတံတားသည် ကွမ်တုန်းပြည်နယ်၊ ကျူးဟိုင်မြို့၊ ဖိန်ဆာမြို့နယ်မှစတင်ပြီး ကျန်းမန်မြို့၊ သိုရှန်းမြို့နယ်တွင် အဆုံးသတ်သည်။ အရှေ့ဘက်တွင် ဟောင်ကောင်-ကျူးဟိုင်- မကာအို တံတားကြီးနှင့် အနောက်ဘက်လိုင်း ဟဲ့ကျိုး-ကောင်းလန်ဆိပ်ကမ်း အဝေးပြေးလမ်းမကြီးနှင့် ချိတ်ဆက်သွားသည်။ အနောက်ဘက်တွင် အနောက်ဘက်ကမ်းရိုးတန်းအဝေးပြေးလမ်းမကြီးချိတ်ဆက်ထားပြီး ကျူးကျန်းမြစ်ဝ ရာမိန်မှ ပင်လယ်ဝ ဟွမ်မောင်ဟိုင် ပင်လယ်ရေပြင်ကို အလျားလိုက်ဖြတ်၍ သွယ်တန်းထားသည်။ လမ်းကြောင်းအရှည်စုစုပေါင်းသည် ၃၁ ကီလိုမီတာခန့်ရှိပြီး ၎င်းအနက် ပင်လယ်ဖြတ်ကူးထားသောအပိုင်းတွင် အဓိကအားဖြင့် ကောင်းလန်ဆိပ်ကမ်းတံတားနှင့် ဟွမ်မောင်ဟိုင်တံတားတို့ဖြင့် ဖွဲ့စည်းထားသည်။ ဟွမ်မောင်ဟိုင် ပင်လယ်ဖြတ်ကူးတံတား ဆောက်လုပ်မှုပြီးစီးပြီး ယာဉ်များသွားလာနိုင်ပြီးနောက် ၎င်းသည် ဟောင်ကောင်-ကျူးဟိုင်- မကာအို တံတားကြီး၊ ဆန်းကျန့်-ကျုံးဆန်းလမ်းတံတား၊ နန်ရှားတံတားကြီး၊ ဟူမိန်တံတားကြီးတို့နှင့်အတူ ကွမ်တုန်း-ဟောင်ကောင်-မကာအို-ပင်လယ်အော်ဒေသ ပင်လယ်ဖြတ်ကျော်၊ မြစ်ဖြတ်ကူးလမ်းတံတားအုပ်စု ဖြစ်လာမည်ဖြစ်သည်။ (Xinhua)

……………………….
(Chinese Version)
黄茅海跨海通道静待通车
珠海(广东),2024年12月10日
历时四年建设的黄茅海跨海通道将于12月11日正式通车。黄茅海跨海通道起于广东珠海平沙镇、终于江门斗山镇,东接港珠澳大桥西延线鹤洲—高栏港高速,西接西部沿海高速,横跨珠江口崖门入海口黄茅海水域,线路全长约31公里,其中跨海段主要由高栏港大桥和黄茅海大桥组成。黄茅海跨海通道建成通车后,将与港珠澳大桥、深中通道、南沙大桥、虎门大桥共同组成粤港澳大湾区跨海跨江通道群。
图说:黄茅海跨海通道高栏港大桥(左侧两主塔)和黄茅海大桥(右侧三主塔)(12月4日摄,无人机照片)。新华社记者 刘大伟 摄