China
ရှီကျင့်ဖိန် မကာအိုအခြေစိုက် PLA တပ်ဖွဲ့အား ကြည့်ရှုစစ်ဆေး
မကာအို၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ)
အမိမြေသို့ မကာအို ပြန်လည်ရောက်ရှိခြင်း ၂၅ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်သည့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်သမ္မတ၊ ဗဟို စစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် မကာအိုအခြေစိုက် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တပ်ဖွဲ့အား ဒီဇင်ဘာ ၂၀ ရက်က ကြည့်ရှုစစ်ဆေးခဲ့ရာ ပါတီ ဗဟိုကော်မတီနှင့် ဗဟိုစစ်ကော်မရှင်ကိုယ်စား မကာအိုအခြေစိုက်တပ်ဖွဲ့ အရာရှိစစ်သည်တစ်ရပ်လုံးကို ရင်းနှီးနွေးထွေးစွာ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ၎င်းက ခေတ်သစ်အင်အားကြီးတပ်မတော်အတွေးအခေါ်ကို နက်ရှိုင်းစွာ ဖော်ဆောင်ရမည် ဖြစ်ပြီး ခေတ်သစ် စစ်ရေးမဟာဗျူဟာ ဦးတည်ချက်ကို ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ တပ်ဖွဲ့တည်ဆောက်ရေးကို ဘက်စုံ အားဖြည့်ဆောင်ရွက်ခြင်း၊ ကာကွယ်ရေးစွမ်းရည်ဖော်ဆောင်မှုကို ဘက်စုံ မြှင့်တင်ခြင်း၊ တည်ငြိမ်မှုမဏ္ဏိုင်ဟူသော အခန်းကဏ္ဍကို ကောင်းမွန်စွာ ဖော်ဆောင်ခြင်းဖြင့် မကာအို ထူးခြားချက်ရှိသည့် “တစ်နိုင်ငံ၊ စနစ်နှစ်မျိုး” အကောင်အထည်ဖော်မှု အခင်းအကျင်းသစ် ဆက်လက်ဖွင့်လှစ်ရေးအတွက် ပိုမိုကြီးမားသော အခန်းကဏ္ဍမှ ပါဝင်ရန် ရှီက အလေးထားပြောကြားခဲ့သည်။
ညနေ ၂ နာရီခွဲခန့်တွင် ရှီကျင့်ဖိန်သည် မကာအိုအခြေစိုက်တပ်ဖွဲ့ ဂိတ်တပ်ရင်းသို့ ရောက်ရှိခဲ့ပြီး တပ်ဖွဲ့ဝင်များကို ဦးစွာ ကြည့်ရှုစစ်ဆေးခဲ့သည်။ တပ်ဖွဲ့အရာရှိစစ်သည်များ၏ အသွင်အပြင်သည် တည်ကြည်ခန့်ညား၍ ရဲစိတ်ရဲမာန် မြင့်မားလျက်ရှိပေသည်။ ရဲဝံ့ခန့်ညားသည့် စစ်ရေးပြ တေးသီချင်းဖြင့် ဂုဏ်ပြုတပ်ဖွဲ့၊ ကာကွယ်ရေးစစ်ဆင်ရေးတပ်ဖွဲ့၊ အကြမ်းဖက် ကာကွယ်ရေး လှုပ်ရှားမှု တပ်ဖွဲ့၊ အကြမ်းဖက်တိုက်ဖျက်ရေး လှုပ်ရှားမှု တပ်ဖွဲ့၊ အရေးပေါ်ကူညီကယ်ဆယ်ရေးတပ်ဖွဲ့များကို အစဉ်လိုက် ကြည့်ရှုစစ်ဆေးခဲ့ရာ “မင်္ဂလာပါ ရဲဘော်တို့”၊ “မင်္ဂလာပါ ဥက္ကဋ္ဌကြီး”၊ “ရဲဘော်တို့ ပင်ပန်းသွားပြီ”၊ “ပြည်သူ့အတွက် အကျိုးပြုမယ်” ဟူ၍ ရှီကျင့်ဖိန်က အရာရှိစစ်သည်များကို ရင်းနှီးစွာ နှုတ်ခွန်းဆက်ခဲ့သလို အရာရှိ စစ်သည်များက အားမာန်အပြည့်ဖြင့် ပြန်လည်ဖြေကြားခဲ့ပေသည်။
ထို့နောက် ရှီကျင့်ဖိန်က မကာအိုအခြေစိုက်တပ်ဖွဲ့ အရာရှိ စစ်သည်ကိုယ်စားလှယ်များကို ရင်းနှီးစွာ လက်ခံတွေ့ဆုံပြီး စုပေါင်းအမှတ်ရ ဓာတ်ပုံ ရိုက်ကူးခဲ့သည်။
ရှီကျင့်ဖိန်က ၂၅ နှစ်ကြာ ကာလတွင် မကာအိုအခြေစိုက်တပ်ဖွဲ့သည် ပါတီဗဟိုကော်မတီနှင့် ဗဟိုစစ်ကော်မရှင်၏ ဆုံးဖြတ်ချက်မူဝါဒလမ်းညွှန်မှုများကို ခိုင်မာစွာ အကောင်အထည် ဖော်ခဲ့ကြောင်း၊ “တစ်နိုင်ငံ၊ စနစ်နှစ်မျိုး” ဦးတည်ချက်နှင့် မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသ အခြေခံဥပဒေ၊ အခြေစိုက်စစ်တပ်ဥပဒေကို အသေးစိတ်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သလို ကာကွယ်ရေးတာဝန်ဝတ္တရားများကို သစ္စာရှိစွာ ထမ်းဆောင်ခဲ့ပြီး လုပ်ငန်းတာဝန်များကို ပြောင်မြောက်စွာ ထမ်းဆောင်နိုင်ခဲ့ရာ နိုင်ငံ၏အချုပ်အခြာအာဏာ၊ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားနှင့် မကာအို ရေရှည် စည်ပင်သာယာဝပြောရေးနှင့် တည်ငြိမ်ရေးကို ကာကွယ် ထိန်းသိမ်းရန်အတွက် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့ရာ မကာအို မွေးချင်းများ၏ အထူးချီးကျူးဂုဏ်ပြုမှုကို ရရှိခဲ့ကြောင်း ထောက်ပြပြောကြားခဲ့သည်။
မကာအိုအခြေစိုက်တပ်ဖွဲ့၏ အနေအထားနှင့်ကဏ္ဍ ထူးခြားမှု၊ သမိုင်းတာဝန် ထူးခြားမှု၊ အခြေစိုက်ပတ်ဝန်းကျင် ထူးခြားမှု ရှိကြောင်း ရှီကျင့်ဖိန်က အလေးထားပြောကြားခဲ့သည်။ ပါတီ၏ တပ်မတော်အပေါ် အပြည့်အဝ ဦးဆောင်မှုကို မယိမ်းမယိုင် ခိုင်မာစွာ လက်ကိုင်ထားရမည် ဖြစ်ပြီး ဗဟိုစစ်ကော်မရှင် နိုင်ငံရေး လုပ်ငန်း အစည်းအဝေးစိတ်ဓာတ်ကို နက်ရှိုင်းစွာ အလုံးစုံ အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း၊ နိုင်ငံရေးဖြင့် တပ်မတော်တည်ဆောက်ခြင်း လုပ်ငန်း ကဏ္ဍအသီးသီးကို ကောင်းမွန်အောင် ဆောင်ရွက်ကာ တပ်ဖွဲ့သည် ပါတီ၏စကားကို ကြားနာ၍ ပါတီနှင့်အတူလျှောက်လှမ်းရမည် ဖြစ်ကြောင်း၊ သမိုင်းတာဝန်ကို စွဲမြဲစွာ မှတ်သားရမည် ဖြစ်ပြီး တိုက်ခိုက်ရေးတပ်ဖွဲ့၏အသိကို အားဖြည့်ခြင်း၊ ကာကွယ်ရေးတောင်းဆိုချက်ကို အဓိကအားထား၍ လေ့ကျင့်မှုနှင့်ပြင်ဆင်မှုကို မြှင့်တင်ခြင်းဖြင့် ပါတီနှင့် ပြည်သူ ပေးအပ်သော တာဝန်အသီးသီးကို ထိရောက်စွာ ဖော်ဆောင်ရမည် ဖြစ်ကြောင်း၊ ဥပဒေနှင့်အညီ တာဝန်များကို အခိုင်အမာ ထမ်းဆောင်ရမည် ဖြစ်ပြီး ဘက်စုံ စည်းကမ်းတင်းကျပ်စွာ တပ်မတော်အား စီမံရမည်သလို တပ်ဖွဲ့၏ စုစည်း၍ တစ်သားတည်းဖြစ်တည်မှုနှင့် လုံခြုံမှု၊ တည်ငြိမ်မှုကို ထိန်းသိမ်းကာ မိမိတို့ တပ်မတော်၏ အရှိန်အဝါနှင့် ယဉ်ကျေးမှု ပုံရိပ်ကို ပို၍ ကောင်းမွန်စွာ ဖော်ဆောင်ရမည် ဖြစ်ကြောင်း ရှီကျင့်ဖိန်က အလေးထား ပြောကြားခဲ့သည်။
သက်ဆိုင်ရာ အစီအစဉ်လှုပ်ရှားမှုများကို ချိုက်ချီ၊ ဟယ်ဝေ့တုန်း၊ ရှပေါင်လုန်နှင့် ချန်ဟောက်ဟွေး တို့က တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)
…………………………..
(Chinese Version)
澳门回归祖国25周年|习近平在视察驻澳门部队时强调 全面加强部队建设 提高履行防务能力 为继续开创具有澳门特色的“一国两制”实践新局面作出更大贡献
新华社澳门12月20日电(记者梅常伟)出席庆祝澳门回归祖国25周年活动的中共中央总书记、国家主席、中央军委主席习近平,20日视察中国人民解放军驻澳门部队,代表党中央和中央军委向驻澳门部队全体官兵致以诚挚问候。他强调,要深入贯彻新时代强军思想,贯彻新时代军事战略方针,全面加强部队建设,全面提高履行防务能力,发挥好定海神针作用,为继续开创具有澳门特色的“一国两制”实践新局面作出更大贡献。
下午2时30分许,习近平来到驻澳门部队新口岸营区。习近平首先检阅了部队。受阅官兵军容严整、士气高昂。在雄壮的阅兵曲中,习近平依次检阅了仪仗方队、防卫作战方队、防暴行动方队、反恐行动方队、应急救援方队。“同志们好!”“主席好!”“同志们辛苦了!”“为人民服务!”习近平亲切问候官兵,官兵们响亮作答。
随后,习近平亲切接见驻澳门部队官兵代表,同大家合影留念。
习近平指出,25年来,驻澳门部队坚决执行党中央和中央军委决策指示,认真落实“一国两制”方针和澳门特别行政区基本法、驻军法,忠实履行防务职责,出色完成一系列任务,为维护国家主权、安全、发展利益和澳门长期繁荣稳定发挥了重要作用,赢得广大澳门同胞高度赞誉。
习近平强调,驻澳门部队地位作用特殊,使命任务特殊,驻地环境特殊。要毫不动摇坚持党对军队绝对领导,深入贯彻落实中央军委政治工作会议精神,做好政治建军各项工作,确保部队永远听党话、跟党走。要牢记职责使命,强化战斗队意识,聚焦防务要求加强练兵备战,有效履行党和人民赋予的各项任务。要坚持依法履职,全面从严治军,保持部队高度集中统一和安全稳定,更好展示我军威武之师、文明之师形象。
蔡奇、何卫东、夏宝龙和岑浩辉等参加有关活动。(完)
1. 12月20日,中共中央总书记、国家主席、中央军委主席习近平视察中国人民解放军驻澳门部队,代表党中央和中央军委向驻澳门部队全体官兵致以诚挚问候。这是习近平检阅驻澳门部队。 新华社记者 李刚 摄
2. 12月20日,中共中央总书记、国家主席、中央军委主席习近平视察中国人民解放军驻澳门部队,代表党中央和中央军委向驻澳门部队全体官兵致以诚挚问候。这是习近平亲切接见驻澳门部队官兵代表,同大家合影留念。新华社记者 李刚 摄