China
မကာအို အခမ်းအနားအစီအစဉ်များ အောင်မြင်စွာ ပြီးမြောက်၍ မကာအိုမှ ပေကျင်းသို့ ရှီကျင့်ဖိန် ပြန်လည်ထွက်ခွာ
မကာအို၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော် သမ္မတ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် မကာအိုရှိ အခမ်းအနား အစီအစဉ်အသီးသီး အောင်မြင်စွာ ပြီးမြောက်၍ ဒီဇင်ဘာ ၂၀ ရက် ညနေပိုင်းတွင် မကာအိုမှ ပေကျင်းသို့ အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာခဲ့သည်။
ရှီကျင့်ဖိန်သည် ဒီဇင်ဘာ ၁၈ ရက် ညနေပိုင်းတွင် မကာအိုသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ မကာအို၌ ရှိသော ကာလတွင် ရှီကျင့်ဖိန်သည် အမိမြေသို့ မကာအို ပြန်လည်ရောက်ရှိခြင်း ၂၅ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားနှင့် မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသ ဆဋ္ဌမအကြိမ်မြောက် အစိုးရ ကျမ်းသစ္စာကျိန်ဆိုပွဲ၊ မကာအို အထူးအုပ်ချုပ်ခွင့်ရ ဒေသ အစိုးရ၏ ညစာကြိုဆိုဧည့်ခံပွဲနှင့် အမိမြေသို့ မကာအို ပြန်လည်ရောက်ရှိခြင်း ၂၅ နှစ်ပြည့် အထိမ်းအမှတ် ညပိုင်း အနုပညာဖျော်ဖြေပွဲများသို့ တက်ရောက်ခဲ့သည်။
ထို့အပြင် ရှီကျင့်ဖိန်သည် ဟယ်ဟို့ဟွာ၊ ချွေးစစ်အန်း၊ ဟဲ့ရီးချိန်၊ ချန်ဟောက်ဟွေးနှင့် မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသ၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး ဌာနဆိုင်ရာ တာဝန်ခံများ၊ မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသ စည်းကမ်းထိန်းသိမ်းရေးတပ်ဖွဲ့ ကိုယ်စားလှယ်များ၊ မကာအို လူမှုအသိုက်အဝန်း အသီးသီးမှ ကိုယ်စားလှယ်များကို တွေ့ဆုံခဲ့သလို မကာအိုအခြေစိုက် ဗဟိုအစိုးရဌာနများနှင့် အဓိက တရုတ်ရင်းနှီးမြှုပ်နှံမှုဌာနများ၏ ကိုယ်စားလှယ်အား ကြည့်ရှုခဲ့ကြောင်း၊ မကာအို အခြေစိုက် တပ်ဖွဲ့အား ကြည့်ရှုစစ်ဆေးခဲ့သလို မကာအို သိပ္ပံနည်းပညာ တက္ကသိုလ်နှင့် ဟန်ချင် ကွမ်တုန်း-မကာအို နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရေးဇုန်သို့ လေ့လာကြည့်ရှုစစ်ဆေးပြီး မကာအို ပြည်သူလူထုနှင့် ကျယ်ကျယ်ပြန့်ပြန့် ထိတွေ့ဖလှယ်ခဲ့ကြောင်း သိရသည်။
ရှီကျင့်ဖိန်သည် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ရန် ရောက်ရှိလာသည့် ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး လီကျားချောင်းနှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရသည်။
နှုတ်ဆက်ပို့ဆောင်ပွဲအခမ်းအနားတွင် မကာအို ကလေးငယ်များက ရှီကျင့်ဖိန်နှင့် ၎င်း၏ ဇနီး ဖုန်လိယွမ်တို့အား ပန်းများ ပေးခဲ့ကြသည်။ ရှီကျင့်ဖိန်နှင့် ၎င်း၏ ဇနီး ဖုန်လိယွမ်တို့သည် လာရောက်ပို့ဆောင်သူများနှင့် တစ်ဦးချင်းစီ လက်ဆွဲ နှုတ်ဆက်ပြီး နှုတ်ဆက်ပို့ဆောင်သောအဖွဲ့အား လက်ပြနှုတ်ဆက်ခဲ့သည်။
ချိုက်ချီ၊ လီဟုန်ကျုံး၊ ဟယ်ဝေ့တုန်း၊ ဟယ်လိဖုန်း၊ ဝမ်တုန်းဖုန်း တို့လည်း ယင်းလေယာဉ်နှင့်အတူ မကာအိုမှ ထွက်ခွာခဲ့သည်။ (Xinhua)
……………………….
(Chinese Version)
澳门回归祖国25周年|圆满结束在澳门的各项活动 习近平离开澳门返回北京
新华社澳门12月20日电(记者赵博、郭雨祺)中共中央总书记、国家主席、中央军委主席习近平圆满结束在澳门的各项活动,20日下午从澳门乘专机返回北京。
习近平于12月18日下午抵达澳门。在澳门期间,习近平出席了庆祝澳门回归祖国25周年大会暨澳门特别行政区第六届政府就职典礼,以及澳门特别行政区政府欢迎晚宴和庆祝澳门回归祖国25周年文艺晚会;会见了何厚铧、崔世安、贺一诚、岑浩辉,以及澳门特别行政区行政、立法、司法机构负责人,澳门特别行政区纪律部队代表,澳门社会各界代表人士;看望了中央驻澳机构和主要中资机构负责人;视察了驻澳门部队;考察了澳门科技大学和横琴粤澳深度合作区,同澳门民众广泛接触和交流。习近平还会见了前来参加庆祝活动的香港特别行政区行政长官李家超。
欢送仪式上,澳门少年儿童向习近平和夫人彭丽媛献上鲜花。习近平和夫人彭丽媛同前来送行的人员一一握手,向欢送队伍挥手道别。
蔡奇、李鸿忠、何卫东、何立峰、王东峰等同机离开澳门。
1. 12月20日下午,中共中央总书记、国家主席、中央军委主席习近平圆满结束在澳门的各项活动,乘专机离开澳门。这是习近平和夫人彭丽媛向欢送人群挥手致意。 新华社记者 谢环驰 摄