Connect with us

China

“တစ်နိုင်ငံ၊ စနစ်နှစ်မျိုး”တွင် စနစ်အားသာမှုနှင့် ရှင်သန်အားကောင်းမှု ထင်ရှားပေါ်လွင်ရာ ရေရှည်ခိုင်မာစွာ လက်ကိုင်ကျင့်သုံးရမည်ဖြစ်ကြောင်း ရှီကျင့်ဖိန် ပြောကြား

အမိမြေသို့ မကာအို ပြန်လည်ရောက်ရှိခြင်း ၂၅ နှစ်ပြည့် အထိမ်းအမှတ်နှင့် မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသ ဆဋ္ဌမအကြိမ်မြောက် အစိုးရ ကျမ်းသစ္စာကျိန်ဆိုပွဲကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၀ ရက် နံနက်ပိုင်းက မကာအို အရှေ့အာရှအားကစားပွဲ အားကစားရုံတွင် ကြီးကျယ်ခမ်းနားစွာ ကျင်းပရာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော် သမ္မတ၊ ဗဟို စစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန် အရေးကြီး မိန့်ခွန်းပြောကြားစဉ် (ဆင်ဟွာ)

မကာအို၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ)
“တစ်နိုင်ငံ၊ စနစ်နှစ်မျိုး”တွင် စနစ်အားသာမှုနှင့် ရှင်သန်အားကောင်းမှု ထင်ရှားပေါ်လွင်ရာ ဟောင်ကောင်၊ မကာအို ရေရှည် စည်ပင်သာယာဝပြောရေးနှင့် တည်ငြိမ်ရေး၏ စနစ်ကောင်း၊ အင်အားကြီးနိုင်ငံ တည်ဆောက်ရေး၊ အမျိုးသား မဟာပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးကို ဝန်ဆောင်မှုပေးသည့် စနစ်ကောင်း၊ ကွဲပြားသည့်လူမှုစနစ် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်း၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးဖော်ဆောင်ခြင်း၏ စနစ်ကောင်း ဖြစ်ပြီး ရေရှည်ခိုင်မာစွာ လက်ကိုင်ထားရမည်ကို အမိမြေသို့ မကာအို ပြန်လည်ရောက်ရှိပြီးနောက် ရရှိခဲ့သော ထွန်းလင်းတောက်ပြောင်သည့်အောင်မြင်မှုများက ကမ္ဘာအား သက်သေပြပြီး ဖြစ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်သမ္မတ၊ ဗဟို စစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ဒီဇင်ဘာ ၂၀ ရက်၌ မကာအိုတွင် ပြောကြားခဲ့သည်။

“တစ်နိုင်ငံ၊ စနစ်နှစ်မျိုး” တွင် ငြိမ်းချမ်းရေး၊ အားလုံးပါဝင်ရေး၊ တံခါးဖွင့်ရေး၊ မျှဝေရေး ဟူသော တန်ဖိုး အတွေးအခေါ်များ ပါဝင်ကြောင်း၊ ယင်းမှာ တရုတ်နိုင်ငံ၏ ပိုင်ဆိုင်မှုဖြစ်သလို ကမ္ဘာ၏ပိုင်ဆိုင်မှုလည်း ဖြစ်ရာ အတူတကွ ကာကွယ်ထိန်းသိမ်းထိုက်ပါကြောင်း ရှီက ပြောကြားခဲ့သည်။

အမိမြေသို့ ဟောင်ကောင်၊ မကာအို ပြန်လည်ရောက်ရှိပြီးနောက် လက်တွေ့ အတွေ့အကြုံများက မိမိတို့အား ပြောပြလျက်ရှိရာ ဟောင်ကောင်၊ မကာအို ရေရှည် စည်ပင်သာယာဝပြောရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းပြီး “တစ်နိုင်ငံ၊ စနစ်နှစ်မျိုး” ရေရှည်တည်ငြိမ်စွာ ဖော်ဆောင်ရေးကို ဆက်လက်တွန်းအားပေးရာတွင် အောက်ပါအချက် ၄ ချက်ကို လက်ကိုင်ထားရမည်ဖြစ်ကြောင်း အလေးထား ဖော်ပြခဲ့သည်။ ၎င်းတို့မှာ ပထမအနေဖြင့် “တစ်နိုင်ငံတည်း” ဟူသော အခြေခံကို အခိုင်အမာ စောင့်ထိန်းရမည် ဖြစ်ပြီး “စနစ်နှစ်မျိုး” ဟူသော အကျိုးစီးပွားကို ကောင်းမွန်စွာ အသုံးချရမည် ဖြစ်ကြောင်း၊ ဒုတိယအနေဖြင့် အဆင့်မြင့် လုံခြုံရေးကို ကာကွယ်ထိန်းသိမ်း၍ အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးရမည် ဖြစ်ကြောင်း၊ တတိယအနေဖြင့် တစ်မူထူးခြားသည့် အားသာချက်ကို ကောင်းမွန်စွာ အသုံးချကာ ပြည်တွင်းချိတ်ဆက်မှုနှင့် ပြည်ပဆက်သွယ်ရေးပွင့်လင်းမှုကို အားကောင်းအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ စတုတ္ထအနေဖြင့် ဗဟိုတန်ဖိုးကို တိုးမြှင့်၍ အားလုံးပါဝင်ရေးနှင့် သဟဇာတဖြစ်ရေးကို မြှင့်တင်ရမည် ဖြစ်ကြောင်း ရှီကျင့်ဖိန်က အလေးထားပြောကြားခဲ့သည်။ (Xinhua)
………………………………
(Chinese Version)
澳门回归祖国25周年|习近平:“一国两制”具有显著制度优势和强大生命力,必须长期坚持
新华社澳门12月20日电 中共中央总书记、国家主席、中央军委主席习近平20日在澳门表示,澳门回归祖国以来取得的辉煌成就向世人证明,“一国两制”具有显著制度优势和强大生命力,是保持香港、澳门长期繁荣稳定的好制度,是服务强国建设、民族复兴伟业的好制度,是实现不同社会制度和平共处、合作共赢的好制度,必须长期坚持。
“一国两制”蕴含的和平、包容、开放、共享的价值理念,是中国的,也是世界的,值得共同守护。
习近平强调,香港、澳门回归以来的实践经验告诉我们,保持香港、澳门长期繁荣稳定,继续推进“一国两制”实践行稳致远,需要把握好以下4条:一要坚守“一国”之本、善用“两制”之利;二要维护高水平安全、推动高质量发展;三要发挥独特优势、强化内联外通;四要弘扬核心价值、促进包容和谐。(完)
1. 12月20日上午,庆祝澳门回归祖国25周年大会暨澳门特别行政区第六届政府就职典礼在澳门东亚运动会体育馆隆重举行。中共中央总书记、国家主席、中央军委主席习近平出席并发表重要讲话。 新华社记者 谢环驰 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.