China
၄၁ ကြိမ်မြောက် အန္တာတိကစူးစမ်းလေ့လာရေး- “နှင်းနဂါး-၂” နှင့် “ရုန်စိန့်” သင်္ဘောများ ချင်လျင်စခန်းသို့ ရောက်ရှိ၍ ကုန်ပစ္စည်းများ စတင်ချလျက်ရှိ
နှင်းနဂါး-၂၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ)
၄၁ ကြိမ်မြောက် အန္တာတိကစူးစမ်းလေ့လာရေးမစ်ရှင် တာဝန်ထမ်းဆောင်နေသည့် “နှင်းနဂါး-၂” နှင့် “ရုန်စိန့်” ကုန်သင်္ဘောတို့ အန္တာတိကရေပြင်ဆုံရပ်တွင် တွေ့ဆုံ၍ ချင်လျင်စခန်းသို့ အတူတကွ မောင်းနှင်ခဲ့ကြသည်။
“ရုန်စိန့်” ကုန်သင်္ဘောသည် ချင်လျင်စခန်း ဆက်စပ်အဆောက်အဦ တည်ဆောက်မှု ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရေးကို အဓိကတာဝန်ယူကြောင်း သိရသည်။ သင်္ဘောနှစ်စင်း ဆုံစည်းပြီးနောက် “နှင်းနဂါး-၂” က “ရုန်စိန့်” ကုန်သင်္ဘောရှေ့တွင် နှင်းခွဲ၍ လမ်းပြခေါ်ဆောင်ခဲ့ရာ ချင်လျင်စခန်းရောက်ပြီး သင်္ဘောသားအချို့ ဆင်းသက်ကာ စခန်းဧရိယာ ဆက်စပ်အဆောက်အဦတည်ဆောက်ရေးတာဝန်များ ဆောင်ရွက်ခဲ့သည်။
တရုတ်နိုင်ငံ၏ ၄၁ ကြိမ်မြောက် အန္တာတိကစူးစမ်းလေ့လာရေးကို သဘာဝ သယံဇာတရေးရာ ဝန်ကြီးဌာနက ဦးစီးခြင်း ဖြစ်ပြီး “နှင်းနဂါး”၊ “နှင်းနဂါး-၂” ရေခဲခွဲသင်္ဘောများနှင့် “ရုန်စိန့်” ကုန်သင်္ဘော စသည့် သင်္ဘော သုံးစင်းပါဝင်သည်။ (Xinhua)
………………….
(Chinese Version)
第41次南极考察|“雪龙2”号与“永盛”号会合共同前往秦岭站
新华社“雪龙2”号12月21日电(记者黄韬铭)21日下午,正在执行中国第41次南极考察任务的“雪龙2”号和“永盛”号货轮于南极水域会合,两船将共同前往秦岭站。
据悉,“永盛”号货轮将主要承担秦岭站配套设施建设物资运送任务。两船会合后,“雪龙2”号将为“永盛”号货轮破冰引航,到达秦岭站后部分队员将下船,开展站区配套设施设备建设任务。
中国第41次南极考察由自然资源部组织,“雪龙”号、“雪龙2”号和“永盛”号货轮三船保障。(完)
1. 直升机将“雪龙”号上的货物运送至中山站(12月7日摄)。新华社记者 黄韬铭 摄
2. 雪地车将货物运往中山站(12月9日摄)。新华社记者 黄韬铭 摄