China
နှစ်သစ်တွင် အရှေ့အလယ်ပိုင်းအရေး အထွေထွေ၊ ဘက်စုံထိရောက်စွာ ဖြေရှင်းသည့် နည်းလမ်း ရှာတွေ့နိုင်ရန် မျှော်လင့်ဟု တရုတ်နိုင်ငံ ဆို
ကုလသမဂ္ဂ၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ)
နှစ်သစ်တွင် အရှေ့အလယ်ပိုင်းအရေး အထွေထွေ၊ ဘက်စုံထိရောက်စွာ ဖြေရှင်းသည့် နည်းလမ်းအား လုံခြုံရေးကောင်စီအနေဖြင့် ရှာတွေ့နိုင်ရန် မျှော်လင့်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယ အမြဲတမ်း ကိုယ်စားလှယ် ကိန်းစွမ်က ဒီဇင်ဘာ ၃၀ ရက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရှေ့အလယ်ပိုင်းအခြေအနေ အရေးပေါ် တံခါးဖွင့်အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ကိန်းစွမ်က ၂၀၂၄ ခုနှစ်တွင် အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခ၊ ထိပ်တိုက်ရင်ဆိုင်မှုများက အဆက်မပြတ် အရှိန်မြင့်တက်လျက်ရှိပြီး တင်းမာသည့်အခြေအနေ စဉ်ဆက်မပြတ် ကျယ်ပြန့်လာကြောင်း ပြောကြားခဲ့သည်။ လှိုင်းတစ်လှိုင်းမငြိမ်သက်သေးမီ နောက်ထပ်တစ်လှိုင်းရိုက်ခတ်နေသည့် အရှေ့အလယ်ပိုင်းက ရှုပ်ထွေးသည့် အခြေအနေကို ရင်ဆိုင်ရာတွင်လည်းကောင်း၊ အပြန်အလှန် နှိုးဆွမှု၊ ထပ်ဆင့်အရှိန်မြင့်တက်မှု ဖြစ်ပွားနေသည့် တင်းမာသောအခြေအနေကို ရင်ဆိုင်ရာတွင်လည်းကောင်း လုံခြုံရေးကောင်စီအနေဖြင့် နှစ်သစ်တွင် သင်ခန်းစာများကို ပြန်လည်အနှစ်ချုပ်ရန်၊ စည်းလုံးညီညွတ်စွာ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ရန်၊ ဘုံသဘောတူညီချက်များကို ကြိုးပမ်းရှာဖွေရန်၊ ထိရောက်သည့် လှုပ်ရှားမှုများကို ဆောင်ရွက်ရန်၊ အရှေ့အလယ်ပိုင်းအရေး အထွေထွေ၊ ဘက်စုံ၊ ထိရောက်သည့် ဖြေရှင်းမှု နည်းလမ်းကို ရှာတွေ့ရန် မဖြစ်မနေလိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တင်းမာမှုအခြေအနေ ပို၍ဆိုးရွားစေမည့် လှုပ်ရှားမှုများကို ရှောင်ရှားရန် တရုတ်နိုင်ငံအနေဖြင့် တိုက်တွန်းကြောင်း၊ လက်ရှိအရေးကြီးဆုံးမှာ အပစ်ရပ်ရေးနှင့် အကြမ်းဖက်မှုများ ရပ်စဲရေး ဖြစ်ကြောင်း ကိန်းစွမ်က ပြောကြားခဲ့သည်။ ဂါဇာကမ်းမြောင်၏ ပဋိပက္ခမှာ အလွန်ပင် အချိန်ကြာရှည်နေပြီဖြစ်ရာ ရေရှည်အပစ်ရပ်ရေးကို ချက်ချင်းဖော်ဆောင်ရန်မှာ လုပ်ငန်းအားလုံးလုပ်ဆောင်ရမည့် ကနဦး လိုအပ်ချက်ဖြစ်ကြောင်း၊ လက်ဘနွန်-အစ္စရေးအကြား အပစ်ရပ်မှုသည် လွန်စွာ ကြေမွလွယ်ရာ ရရှိပြီးသည့် သဘောတူညီချက်ကို ထိရောက်စွာ ဖြေရှင်းရမည် ဖြစ်ကြောင်း၊ ယီမင်ဟူသီလက်နက်ကိုင်များအနေဖြင့် ကုန်သွယ်ရေးသင်္ဘောအား နှောင့်ယှက်တိုက်ခိုက်မှုနှင့် အခြားတိုက်ခိုက်မှုများကို ရပ်တန့်ရန်၊ အစ္စရေး စသည့် သက်ဆိုင်ရာနိုင်ငံများအနေဖြင့် ယီမင်နိုင်ငံအား လေကြောင်းတိုက်ခိုက်မှုကို ရပ်တန့်ရန် တရုတ်နိုင်ငံအနေဖြင့် တိုက်တွန်းကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကိန်းစွမ်က အရှေ့အလယ်ပိုင်းဒေသ နိုင်ငံအသီးသီးအား တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုဖြင့် ကွဲလွဲမှုများ၊ ပဋိပက္ခများကို ပြေလည်အောင် ဖြေရှင်းရန်၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို ဖော်ဆောင်ရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။ နိုင်ငံအသီးသီးအနေဖြင့် အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုကို အပြန်အလှန်လေးစားရမည် ဖြစ်သလို တရားဝင် ရှင်သန်ရပ်တည်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းကို အပြန်အလှန်လေးစားရမည်ဖြစ်ပြီး သင့်လျော်မှုရှိသော လုံခြုံရေးဂရုပြုချက်များကို အပြန်အလှန် လေးစားရမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အရှေ့အလယ်ပိုင်းနိုင်ငံများ၏ အတူတကွ၊ ဘက်စုံ၊ ပူးပေါင်းဆောင်ရွက်မှု၊ စဉ်ဆက်မပြတ်ရှိသော လုံခြုံရေးအမြင်ကို လက်ကိုင်ထား၍ စဉ်ဆက်မပြတ်ရှိသည့် အရှေ့အလယ်ပိုင်း လုံခြုံရေး မူဘောင်သစ်ကို တည်ဆောက်ရေး အတူတကွ တွန်းအားပေးခြင်းအပေါ် ထောက်ခံကြောင်း ၎င်းက ပြောကြားခဲ့သည်။
အရှေ့အလယ်ပိုင်းသည် နိုင်ငံကြီးများ အားပြိုင်ရာ သတ်ပုတ်ကွင်း မဟုတ်သလို ဒေသတွင်းပြင်ပနိုင်ငံများ ပထဝီနိုင်ငံရေးပြိုင်ဆိုင်မှု၏ သားကောင်ဖြစ်၍မရကြောင်း ကိန်းစွမ်က ပြောကြားခဲ့သည်။ သက်ဆိုင်ရာနိုင်ငံများအနေဖြင့် အရှေ့အလယ်ပိုင်းနိုင်ငံများ၏ သမိုင်းယဉ်ကျေးမှုအစဉ်အလာကို အပြည့်အဝ လေးစားသင့်သလို ဆီးရီးယား စသည့် အရှေ့အလယ်ပိုင်းနိုင်ငံများ၏ ငြိမ်းချမ်းရေးနှင့် ရင်ကြားစေ့ရေး ဖော်ဆောင်ပြီး မိမိနိုင်ငံအခြေအနေနှင့်ကိုက်ညီသော ဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ် လျှောက်လှမ်းရေး အားပေးသင့်ကြောင်း၊ ဒေသတွင်းဂရုပြုကြသည့်ပြဿနာရပ်များတွင် ဖြစ်ရပ်၏အမှားအမှန်ကို လေးစားရမည်ဖြစ်ပြီး ဘက်ရွေးရပ်တည်ခြင်း၊ ထိပ်တိုက်ရင်ဆိုင်မှုများ ဖန်တီးခြင်း မဟုတ်ဘဲ တရားမျှတမှုကို လက်ကိုင်ထားကာ ဒေသတွင်းနိုင်ငံများ ပဋိပက္ခပြေလည်ရေးနည်းလမ်း ရှာတွေ့ရန် အားပေးကူညီရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ပါလက်စတိုင်းအရေး ဘက်စုံ တရားမျှတပြီး ရေရှည်တည်မြဲသည့် ဖြေရှင်းချက်တစ်ရပ် ဆောလျင်စွာ ဖော်ဆောင်ရေး နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ပိုမိုကြီးမားစွာ ကြိုးပမ်းအားထုတ်ကြရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း ကိန်းစွမ်က ပြောကြားခဲ့သည်။ ပါလက်စတိုင်းအရေးသည် အရှေ့အလယ်ပိုင်း ပြဿနာ၏ အချက်အချာဖြစ်ပြီး ပါလက်စတိုင်းအရေးကို အပြီးတိုင် ဖြေရှင်းနိုင်မှသာ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ဖော်ဆောင်နိုင်မည် ဖြစ်သည်ကို လက်တွေ့က ထပ်မံသက်သေပြုပြီး ဖြစ်ကြောင်း၊ နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် အရေးတကြီး အချိန်လု၍ “နှစ်နိုင်ငံ ဖြေရှင်းမှုနည်းလမ်း” ၏ နိုင်ငံရေးအလားအလာကို ပြန်လည်ရှင်သန်အားကောင်းအောင် ဆောင်ရွက်သင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
###UN # #အရှေ့အလယ်ပိုင်း #
………………………..
(Chinese Version)
中方希望安理会在新的一年找到中东问题综合全面有效解决办法
新华社联合国12月30日电 中国常驻联合国副代表耿爽30日在安理会中东局势紧急公开会上表示,希望安理会在新的一年找到中东问题综合、全面、有效的解决办法。 耿爽表示,2024年中东地区冲突对抗不断升级,紧张局势持续蔓延。面对一波未平一波又起的中东乱局,面对相互刺激、轮番升级的紧张局势,安理会有必要在新的一年总结经验教训,加强团结协作,努力寻求共识,采取有效行动,找到中东问题综合、全面、有效的解决办法。
耿爽说,中方呼吁中东地区各冲突当事方避免采取加剧紧张局势的行动,当务之急是停火止暴。加沙地带的冲突已经延宕太久,立即实现持久停火是开展一切工作的前提。黎以之间的停火十分脆弱,已经达成的协议必须得到有效执行。中方呼吁也门胡塞武装停止袭扰商船和其他袭击行为,呼吁以色列等有关国家停止对也门的空袭。
耿爽说,中方呼吁中东地区各国通过对话协商解决分歧、化解矛盾,实现和平共处。各国要相互尊重主权和领土完整,相互尊重正当的生存和发展权利,相互尊重合理安全关切。中方支持中东国家秉持共同、综合、合作、可持续的安全观,共同推动构建可持续的中东安全新架构。
耿爽说,中东不是大国博弈的角斗场,也不能成为域外国家地缘争夺的受害者。有关各方应充分尊重中东国家的历史文化传统,支持叙利亚等中东国家实现和平和解,走上符合自身国情的发展道路。在地区热点问题上,要尊重是非曲直,秉持公平正义,支持和协助地区国家找到化解矛盾冲突的方法,而不是选边站队、制造对抗。
耿爽说,中方呼吁国际社会加大努力,推动巴勒斯坦问题早日实现全面公正持久解决。事实一再证明,巴勒斯坦问题是中东问题的核心,只有彻底解决巴勒斯坦问题,中东才能真正实现和平稳定。国际社会应以时不我待的紧迫感,重振“两国方案”的政治前景。(完)
1. 这是11月20日在位于纽约的联合国总部拍摄的安理会投票现场。新华社记者 谢锷 摄