Politics
တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရှောင်ဟုန် နှင့် မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ရာပြည့် တွေ့ဆုံဆွေးနွေး

ပေကျင်း၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရှောင်ဟုန်သည် မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ရာပြည့်နှင့် ဧပြီ ၂၅ ရက်က ပေကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံရာ၌ ဝမ်ရှောင်ဟုန်က တရုတ်-မြန်မာ ပူးတွဲ၍ ဆက်သွယ်ရေးအွန်လိုင်းလိမ်ညာမှု တိုက်ဖျက်ရာတွင် အထင်ကရ ရလဒ်များ ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် တရုတ်-မြန်မာ ဆက်ဆံရေးကို မဟာဗျူဟာရှုထောင့်မှ အစဉ်အမြဲ ရှုမြင်ကာ တိုးတက်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ ဘက်စုံ နက်ရှိုင်းအောင် ဆောင်ရွက်သွားလိုကြောင်း၊ လောင်းကစားလိမ်ညာမှု၊ မူးယစ်ဆေးဝါးစသည့် နယ်စပ်ဖြတ်ကျော် ပြစ်မှုများကို ထဲထဲဝင်ဝင် တိုက်ဖျက်သွားလိုကြောင်း၊ လူပုဂ္ဂိုလ်နှင့်စီမံကိန်းလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်များကို မြှင့်တင်သွားလိုကြောင်း၊ တရားဥပဒေစိုးမိုးရေး စွမ်းရည် တည်ဆောက်ရေး ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းအောင် ဆောင်ရွက်လိုကြောင်း၊ တရုတ်-မြန်မာ အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်မှုကို ဆက်လက်တွန်းအားပေးကာ နှစ်နိုင်ငံနှင့်ဒေသ လုံခြုံမှု၊ တည်ငြိမ်မှုနှင့် တိုးတက်မှုအတွက် အကျိုးပြုဆောင်ရွက်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ရာပြည့်က နှစ်နိုင်ငံ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး ကဏ္ဍပူးပေါင်းဆောင်ရွက်မှုရလဒ်များ ပိုမိုဖြစ်ထွန်းစေရန် တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရှောင်ဟုန်နှင့် မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ရာပြည့်တို့ ဧပြီ ၂၅ ရက်က ပေကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)
……………………………………………….
(Chineses Version)
王小洪会见缅甸内政部部长雅毕
新华社北京4月25日电(记者王宾)国务委员、公安部部长王小洪25日在京会见缅甸内政部部长雅毕。
王小洪表示,中缅联合打击电信网络诈骗犯罪取得标志性重大战果。中方始终从战略高度看待和发展中缅关系,愿同缅方一道,全面深化执法安全合作,深入开展打击赌诈、毒品等跨境犯罪行动,加强人员项目安保合作,深化执法能力建设合作,持续推进中缅命运共同体建设,为两国及本地区安全稳定和繁荣发展作出更大贡献。
雅毕表示,愿推动两国执法安全合作取得更加丰硕成果。
1. 4月25日,国务委员、公安部部长王小洪在北京会见缅甸内政部部长雅毕。