Connect with us

Asia

အိုကီနာဝါအား စစ်ခံတပ်အဖြစ် တည်ဆောက်မည့် ဂျပန်အစိုးရ၏ အစီအစဉ်ကို ဒေသခံများက ဆန့်ကျင်ကန့်ကွက်

ဂျပန်နိုင်ငံ၊ အိုကီနာဝါစီရင်စု နာဂိုမြို့ရှိ အမေရိကန်စစ်တပ်၏ ဟဲနိုးကို အခြေစိုက်စခန်း ဆောက်လုပ်ရေးနေရာအား ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ မေ ၁၆ ရက် (ဆင်ဟွာ)

မေ ၁၅ ရက်သည် အမိမြေ ဂျပန်နိုင်ငံသို့ အိုကီနာဝါ ပြန်လည်ရောက်ရှိလာခြင်း ၅၂ နှစ်မြောက် နှစ်ပတ်လည်ဖြစ်ကြောင်း၊ အိုကီနာဝါ နေရာအများအပြားမှ လူများသည် အဆိုပါနေ့တွင် ငြိမ်းချမ်းစွာ ဆန္ဒပြရန်အတွက် ဂျပန်နိုင်ငံရှိ အမေရိကန် စစ်အခြေစိုက်စခန်းနှင့် ဂျပန်ကိုယ်ပိုင် ကာကွယ်ရေးတပ်စခန်းများသို့ သွားရောက်ခဲ့ကြပြီး အိုကီနာဝါအား စစ်ခံတပ်အဖြစ် တည်ဆောက်မည့် ဂျပန်အစိုးရကို ပြင်းထန်စွာ ကန့်ကွက်ခဲ့ကြကြောင်း၊ အိုကီနာဝါကို စစ်မြေပြင်အဖြစ်သို့ ပြန်လည်ရောက်ရှိခြင်းမှ ကာကွယ်ရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

ဂျပန်ကျိုဒိုသတင်းအေဂျင်စီ၏ကြေညာချက်အရ အဆိုပါနေ့နံနက်အစောပိုင်းတွင် အိုကီနာဝါဒေသခံများသည် ဂျပန်နိုင်ငံရှိ အမေရိကန်၏ Futenma လေတပ်အခြေစိုက် Schwab စစ်စခန်း ဂိတ်တံခါးသို့လာရောက်ကြပြီး “လွန်ခဲ့သည့် ၅၂ နှစ်အတွင်း၊ အိုကီနာဝါအပေါ် အမေရိကန် စစ်အခြေစိုက်စခန်းများ၏ ဖိနှိပ်မှုအခြေအနေသည် ဘယ်သောအခါမှ မပြောင်းလဲခဲ့ပါ” ဟု ကြွေးကြော်ကန့်ကွက်ခဲ့ကြကြောင်း၊ ဒေသခံတစ်ချို့က ဂျပန်ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့ စခန်းချထားသည့် အီရှီဂါကီကျွန်းသို့ ငြိမ်းချမ်းစွာဆန္ဒပြမှုများ လုပ်ဆောင်၍ “အခြေစိုက်စခန်းများမလိုလား၊ ငြိမ်းချမ်းသော အိုကီနာဝါသာ လိုလား” ဟု ကြွေးကြော်ကာ အိုကီနာဝါအား စစ်ခံတပ်အဖြစ် တည်ဆောက်မည့် ဂျပန်အစိုးရ၏ ဆောင်ရွက်မှုများကို ပြင်းထန်စွာ ကန့်ကွက်ခဲ့ကြပြီး အိုကီနာဝါ တစ်ဖန် စစ်မြေပြင်ဖြစ်လာနိုင်ခြင်းကို လွန်စွာစိုးရိမ်ကြကြောင်း ဖော်ပြခဲ့ကြသည်။ (Xinhua)

………………………….
(Chinese Version)
冲绳民众游行反对日本政府将当地打造成军事要塞
新华社东京5月16日电(记者胡晓格 郭丹)15日是冲绳回归日本本土52周年纪念日。冲绳多地民众当天前往驻日美军基地和日本自卫队驻地进行和平游行,强烈反对日本政府将冲绳打造成军事要塞,呼吁避免让冲绳再次沦为战场。
据日本共同社报道,当天清晨,冲绳民众来到驻日美军普天间基地施瓦布军营门前,高喊“52年来,冲绳受美军基地压迫的状况从未改变”等口号进行抗议。另有部分冲绳民众来到设有日本陆上自卫队驻地的石垣岛进行和平游行,高呼“不要基地,要和平冲绳”等口号,强烈反对日本政府将冲绳打造成军事要塞,并对冲绳可能再次沦为战场深表担忧。
图说:这是2023年11月25日在日本冲绳县名护市拍摄的驻日美军边野古基地施工现场。(新华社记者冯武勇摄)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.