Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံတွင် အေးမြသည့်ချော်ရည်များ စီးဆင်းမှုကြောင့် ရေကြီးမှုဖြစ်ပွား၊ သေဆုံးသူဦးရေ ၆၇ ဦး အထိမြင့်တက်

အင်ဒိုနီးရှားနိုင်ငံ အနောက်ဆူမတြားပြည်နယ်ရှိ Agam နယ်မြေတွင် အေးမြသည့် ချော်ရည်များ စီးဆင်းပြီးနောက် ပျက်စီးသွားသော ဧရိယာ၌ ကယ်ဆယ်ရေးသမားများ လုပ်ငန်းဆောင်ရွက်နေသည်ကို ၂၀၂၄ ခုနှစ် မေ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျကာတာ၊ မေ ၁၆ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အနောက်ဆူမတြားပြည်နယ်တွင် အေးမြသည့်ချော်ရည်များ စီးဆင်းမှုကြောင့် ရေကြီးမှုများဖြစ်ပွားရာ သေဆုံးသူဦးရေမှာ ၆၇ ဦးအထိမြင့်တက်လာပြီး ၂၀ ဦးပျောက်ဆုံးလျက်ရှိကြောင်း အမျိုးသားသဘာဝဘေးစီမံခန့်ခွဲရေးနှင့် လျှော့ချရေးအေဂျင်စီမှ အရာရှိတစ်ဦးက မေလ ၁၅ ရက်၌ပြောသည်။


အေးမြသည့်ချော်ရည်များသည် ပြီးခဲ့သည့် ရက်သတ္တပတ်အကုန်ပိုင်းမှစ၍ စီးဆင်းခဲ့ခြင်းဖြစ်ပြီး ရေကြီးမှုများဖြစ်ပွားရာ ဒေသများသို့ အာဏာပိုင်အဖွဲ့က အကြီးစားယာဉ်များအား စေလွှတ်၍ အပျက်အစီးများဖယ်ရှားရှင်းလင်းစေခဲ့ကြောင်း အမျိုးသား သဘာဝဘေးစီမံခန့်ခွဲရေးနှင့် လျှော့ချရေးအေဂျင်စီအကြီးအကဲဖြစ်သူ ဆူဟာယန်တိုက သတင်းထောက်များကိုပြောသည်။
အပျက်အစီးများတွင် စွန့်ပစ်ပစ္စည်းများ၊ သစ်သားစများနှင့် ကျောက်တုံးများပါဝင်ကြောင်းသိရသည်။

အဆိုပါဒေသတွင် အလားတူဖြစ်စဉ်မျိုးထပ်မံဖြစ်ပွားခြင်း မရှိစေရန်အတွက် ဒေသတွင်းရှိ ပြည်သူများအား ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးရန် စဉ်းစားလျက်ရှိကြောင်း ဆူဟာယန်တိုက ဆက်ပြောသည်။
အနောက်ဆူမတြားပြည်နယ်ရှိ အဆိုပါဒေသတွင် လွန်ခဲ့သည့် ၄၅ နှစ်ခန့်ကလည်း အလားတူသဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ဖူးကြောင်းသိရသည်။ (Xinhua)

…………………………..
(English Version)
Death toll in Indonesia’s lava floods rises to 67 with 20 missing
JAKARTA, May 15 (Xinhua) — The death toll from cold lava floods in Indonesia’s West Sumatra province has risen to 67, with 20 people still missing, the country’s top disaster agency official announced on Wednesday, adding that relocation options are being considered.
Suharyanto, head of the National Disaster Management and Mitigation Agency, said that soldiers and policemen had been dispatched to the affected areas to assist in evacuation and the search for the victims.
Heavy machinery equipment had been deployed to the areas to aid in clearing the debris, including waste materials, wood, stones, and mud resulting from the lava floods, he told reporters after a meeting with local residents.
He said that the agency was considering relocation as a solution to prevent a recurrence of the tragic consequences of a similar disaster in the future.
An assessment had been carried out, Suharyanto said, adding that the local administration would allocate land if the relocation were to take place.
The disaster that occurred on Saturday night is a recurrence of a similar natural disaster that occurred about 45 years ago in the same areas, according to experts. ■
Rescue team members work in a damaged area after a cold lava flood at Agam regency in West Sumatra, Indonesia, on May 13, 2024.