Connect with us

Africa & Middle East

တရုတ်နိုင်ငံ၏ စွမ်းအင်သစ်နည်းပညာဖြင့် ဆီးရီးယားနိုင်ငံ လျှပ်စစ်ဓာတ်အားပြန်လည်တည်ဆောက်ရေးတွင် ကူညီပံ့ပိုးပေးရန် မျှော်လင့်ကြောင်း ဆီးရီးယားလျှပ်စစ်ဝန်ကြီး Zamal က ပြောကြား

ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကပ်စ်တွင် ဆီးရီးယားလျှပ်စစ်ဝန်ကြီး Ghassan Zamal က ဆင်ဟွာ သတင်းဌာန၏ သီးသန့်တွေ့ဆုံမေးမြန်းမှုအား ဖြေကြားနေသည်ကို မေ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဒမတ်စကပ်စ်၊ မေ ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် စွမ်းအင်သစ်နယ်ပယ်တွင် ကြွယ်ဝသောအတွေ့အကြုံများရရှိပြီး ကမ္ဘာ့ထိပ်တန်းအဆင့်တွင် ရှိနေကြောင်း၊ တရုတ်နိုင်ငံ၏ စွမ်းအင်သစ်နည်းပညာက ဆီးရီးယားနိုင်ငံ လျှပ်စစ်ဓာတ်အားပေးအဆောက်အအုံများ ပြန်လည်တည်ဆောက်ရေးတွင် ပိုမိုအရေးပါသော ကဏ္ဍမှ ပါဝင်ရန် မျှော်လင့်ကြောင်း ဆီးရီးယားလျှပ်စစ်ဝန်ကြီး Ghassan Zamal က မြို့တော် ဒမတ်စကပ်စ်၌ ဆင်ဟွာသတင်းဌာနမှ သတင်းထောက်များနှင့် သီးသန့်အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့ကြောင်း သိရသည်။

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံး စွမ်းအင်ထုတ်လုပ်ရေးနှင့် စွမ်းအင်သစ်အသုံးပြု မော်တော်ယာဉ်နယ်ပယ်များတွင် တရုတ်ကုမ္ပဏီများက နည်းပညာပိုင်းဖြစ်စေ ထုတ်လုပ်မှုအဆင့်ဖြစ်စေ ကမ္ဘာ့ရှေ့ဆောင်လမ်းပြများ ဖြစ်ကြောင်း၊ ပိုမိုများပြားသော တရုတ်စွမ်းအင်သစ်နည်းပညာများဖြင့် မိမိတို့၏ လက်ရှိ ပြင်းထန်သော လျှပ်စစ်ဓာတ်အားနှင့် စွမ်းအင်အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရာတွင် ကူညီပံ့ပိုးပေးရန် မျှော်လင့်ကြောင်း Zamal က မကြာသေးမီရက်က ပြောကြားခဲ့သည်။ (Xinhua)

……………………………………….
(Chinese Version)
专访:期待中国新能源技术助力叙利亚电力重建——访叙利亚电力部长扎迈勒
“中国在新能源领域积累了丰富经验,处于世界领先水平。期待中国新能源技术在叙利亚电力设施重建中发挥更大作用。”叙利亚电力部长加桑·扎迈勒日前在首都大马士革接受新华社记者专访时表示。
扎迈勒表示,在可再生能源发电和新能源汽车等领域,中国企业无论是技术还是制造水平都世界领先。他期待有更多中国新能源技术帮助该国应对当前严重的电力和能源危机。
图说:5月13日,在叙利亚首都大马士革,叙利亚电力部长加桑·扎迈勒接受新华社记者专访。