Connect with us

China

ထိုင်ဝမ်နှင့် ပတ်သက်သော အဆိုပြုချက်ကို ထပ်မံပယ်ချခဲ့သည့် ကမ္ဘာ့ကျန်းမာရေးညီလာခံ၏ ဆုံးဖြတ်ချက်ကို နိုင်ငံအများအပြားက ကိုယ်စားလှယ်များ ထောက်ခံ

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ကျင်းပသော (၇၇)ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးညီလာခံ အခမ်းအနားကို မေလ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ မေ ၂၈ ရက် (ဆင်ဟွာ)
(၇၇) ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးညီလာခံကို မေ ၂၇ ရက်တွင် ဂျီနီဗာ၌ ဖွင့်လှစ်ခဲ့ကြောင်း၊ ယင်းနေ့တွင် နိုင်ငံတချို့မှ အဆိုပြုထားသော “ထိုင်ဝမ်ကို ကမ္ဘာ့ကျန်းမာရေးညီလာခံတွင် လေ့လာသူအဖြစ် ပါဝင်တက်ရောက်ရန် ဖိတ်ခေါ်ခြင်း” ကို အထွေထွေညီလာခံ အစီအစဉ်တွင် ထည့်သွင်းရန် ငြင်းပယ်ကြောင်း အထွေထွေညီလာခံက ဆုံးဖြတ်ချက်ချခဲ့သည်။ ညီလာခံအစီအစဉ်အပြီးတွင် နိုင်ငံအများအပြားမှ ကိုယ်စားလှယ်များအား ဆင်ဟွာသတင်းဌာနမှ သတင်းထောက်များက တွေ့ဆုံမေးမြန်းခဲ့ရာ ထိုင်ဝမ်နှင့် ပတ်သက်သော အဆိုပြုချက်ကို ထပ်မံပယ်ချခဲ့သည့် ကမ္ဘာ့ကျန်းမာရေးညီလာခံ၏ ဆုံးဖြတ်ချက်ကို ထောက်ခံသည်ဟု ဖော်ပြခဲ့ကြကြောင်း သိရသည်။ (Xinhua)
………………………………………..
(Chinese Version)
多国代表支持世界卫生大会再次拒绝涉台提案的决定
日内瓦,2024年5月27日
第77届世界卫生大会27日在日内瓦开幕。大会当天做出决定,拒绝将个别国家提出的所谓“邀请台湾以观察员身份参加世卫大会”的提案纳入大会议程。多国代表在当天会议议程结束后接受新华社记者采访时表示,支持世卫大会再次拒绝涉台提案的决定。
图说: 这是5月27日在瑞士日内瓦拍摄的第77届世界卫生大会现场。新华社记者 连漪 摄