Connect with us

China

ရှန်ကျိုး-၁၈ အာကာသယာဉ်မှူးများက ပထမဆုံးသော အာကာသယာဉ်ပြင်ပ လုပ်ငန်းဆောင်ရွက်မှု အောင်မြင်စွာ ပြီးမြောက်

အာကာသယာဉ်တံခါးပေါက်တွင် နောက်ထပ်ညွှန်ကြားချက်များကို စောင့်ဆိုင်းနေသော ရှန်ကျိုး-၁၈ အာကာသယာဉ်မှူး လီကွမ်ဆူးကို ပေကျင်းလေကြောင်းပျံသန်းမှု ထိန်းချုပ်ရေးစင်တာမှ မေ ၂၈ ရက်က ရိုက်ကူးခဲ့စဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက ရှန်ကျိုး-၁၈ အာကာသယာဉ်မှူးများဖြစ်သော ရဲ့ကွမ်းဖူ ၊ လီချုံး နှင့် လီကွမ်ဆူးတို့သည် နီးကပ်စွာ ပူးတွဲ၍ အာကာသစခန်းရှိ စက်ရုပ်လက်တံနှင့် မြေပြင်သိပ္ပံဆိုင်ရာ သုတေသီများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် အာကာသစခန်း၏ အာကာသအပိုင်းအစများ ကာကွယ်ရေး ကိရိယာ တပ်ဆင်ခြင်းနှင့် အာကာသယာဉ်ပြင်ပရှိ စက်ကိရိယာများနှင့် အဆောက်အဦများကို စစ်ဆေးခြင်းစသည့် လုပ်ငန်းများ ပြီးစီးခဲ့ကြောင်း၊ အာကာသယာဉ်မှူး ရဲ့ကွမ်းဖူနှင့် လီကွမ်ဆူးတို့သည် ဝန့်ထျန်းစမ်းသပ်ခန်းသို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိခဲ့ကြပြီး အာကာသယာဉ်ပြင်ပ လုပ်ငန်းဆောင်ရွက်မှုမှာ ပြီးပြည့်စုံစွာ အောင်မြင်ခဲ့ကြောင်း၊ ယခုလို လုပ်ငန်းဆောင်ရွက်ခြင်းသည် အာကာသယာဉ်မှူး ရဲ့ကွမ်းဖူအတွက် အာကာသထဲ ဒုတိယအကြိမ်ဖြစ်ပြီး အာကာသယာဉ်မှူး လီကွမ်ဆူးအတွက်မူ ပထမဆုံးအကြိမ် ဖြစ်ကြောင်း သိရသည်။ (Xinhua)


…………………………
(Chinese Version)
神舟十八号航天员乘组圆满完成第一次出舱活动
北京,2024年5月28日
当日,神舟十八号乘组航天员叶光富、李聪、李广苏密切协同,在空间站机械臂和地面科研人员的配合支持下,完成了空间站空间碎片防护装置安装、舱外设备设施巡检等任务。航天员叶光富、李广苏已安全返回问天实验舱,出舱活动取得圆满成功。航天员叶光富再度漫步太空,航天员李广苏首次执行出舱活动任务。
图说: 5月28日在北京航天飞行控制中心拍摄的神舟十八号航天员李广苏在出舱口等待进一步指令的画面。新华社记者 李杰 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.