Connect with us

China

တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် စန်းရှီးကျေးရွာလေးက တစ်မူထူးခြားသည့် ညနဂါးလှေလှော်ပြိုင်ပွဲ

တရုတ်နိုင်ငံ ဖူကျိုးမြို့ ချန်လဲ့ ခရိုင် စန်းရှီးကျေးရွာ နန်ရှီးမြစ်တွင် နဂါးလှေများအား ဇွန် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဖူကျန့်၊ ဇွန် ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် ဖူကျိုးမြို့ ချန်လဲ့ခရိုင် စန်းရှီးကျေးရွာတွင် ဇွန် ၉ ရက်က ရိုးရာညလှေလှော်ပြိုင်ပွဲ ကျင်းပခဲ့သည်။
ညချမ်းအချိန်အခါ ရောက်ရှိလာသည့်နှင့်အမျှ စန်းရှီးကျေးရွာသူကျေးရွာသားများနှင့်အတူ ရပ်ဝေးမှရောက်ရှိလာသော နဂါးလှေလှော်ဝါသနာရှင်များက အဖွဲ့များဖွဲ့ကာ တက်ညီလက်ညီ လှေလှော်ပြိုင်ကြသလို နန်ရှီးကမ်းနှစ်ဖက်နှင့် ကျောက်တံတားပေါ်တွင်လည်း အားပေးကြသူများဖြင့် စည်ကားသိုက်မြိုက်ခဲ့သည်။

စန်းရှီးကျေးရွာလေး၏ တစ်မူထူးခြားသည့် ညနဂါးလှေလှော်ပြိုင်ပွဲသည် နှစ်ပေါင်း ၆၀၀ ကျော် ရှိပြီ ဖြစ်ရာ နာမည်ကျော်ကြားသည့် တွမ်းဝူပွဲတော် ယဉ်ကျေးမှုကြီး တစ်ရပ် ဖြစ်ပေသည်။ (Xinhua)


……………………….
(Chinese Version)
福建三溪村:独特的夜赛龙舟民俗
6月9日,福建省福州市长乐区三溪村夜赛龙舟民俗活动如约而至。随着夜幕降临,三溪村民及远道而来的龙舟爱好者们组成的龙舟队驭舟飞驰,挥桨竞渡,南溪两岸及石桥上人潮如涌,热闹非凡。
三溪村独特的夜赛龙舟民俗已沿袭600多年,成为远近闻名的端午文化盛会。
新华社记者 姜克红 摄
1. 6月9日,福州市长乐区三溪村,龙舟在南溪上穿村而过(无人机照片)。