Connect with us

China

BRICS နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲ ကျင်းပ

ညီးရှ်နီး နော့ဗ်ဂေါရတ်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ရုရှားနိုင်ငံ ညီးရှ်နီး နော့ဗ်ဂေါရတ်မြို့တွင် ဇွန် ၁၁ ရက်က ကျင်းပသော BRICS နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေးပွဲ (“BRICS +”)သို့ တက်ရောက်ခဲ့သည်။

BRICS အဖွဲ့ဝင် ၁၀ နိုင်ငံသည် ထိုင်း၊ လာအို၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ ကာဇက်စတန်၊ ဘီလာရုစ်၊ တူရကီ၊ မော်ရီတေးနီးယား၊ ကျူးဘား၊ ဗင်နီဇွဲလား၊ ဘာရိန်း စသည့် ဒေသ ကိုယ်စားပြုမှုရှိသော အဓိက ဖွံ့ဖြိုးဆဲနိုင်ငံ ၁၂ နိုင်ငံနှင့် ဆွေးနွေးဖလှယ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“BRICS +” သည် BRICS နိုင်ငံများမှ ကျယ်ပြန့်ကြီးမားလှသော ထွန်းသစ်စဈေးကွက်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများကို မျက်နှာမူရာ အရေးကြီးသည့် တွေ့ဆုံဆွေးနွေးမှု ပလက်ဖောင်း ဖြစ်ပြီး ရေရှည်အားဖြင့် BRICS ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားသစ်လောင်းသည့် အင်အား ဖြစ်ကာ ကမ္ဘာ့တောင်ဘက်ခြမ်း ဖွံ့ဖြိုးဆဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု (South-South Cooperation)၏ လွှင့်ထူရာအလံဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

မိမိတို့သည် ရှုပ်ထွေးမှုများဖြင့် ပရမ်းပတာဖြစ်နေသည့် ခေတ်ကာလတွင် ရှိနေကြောင်း ၊ ယူကရိန်းအကျပ်အတည်းနှင့် ဂါဇာ ပဋိပက္ခ ဆက်လက်ဖြစ်ပွားလျက်ရှိသလို ဆိုက်ဘာလုံခြုံမှု၊ ဥတုရာသီပြောင်းလဲမှု စသည့် စိန်ခေါ်မှုများမှ အဆက်မပြတ် ရှိနေခြင်း၊ နိုင်ငံအချို့က တစ်ဖက်သတ်ဗိုလ်ကျစိုးမိုးမှုကို ကာကွယ်လိုခြင်း၊ မဟာမိတ်များကို စုရုံး၍ တစ်ဖက်သတ်ပိတ်ဆို့အရေးယူမှု၊ ကိုယ်ကျိုးစီးပွားကာကွယ်ရေးအုတ်တံတိုင်းကို တည်ဆောက်ခြင်း၊ စီးပွားရေးဘဏ္ဍာရေးကို ကိရိယာအသွင် လက်နက်အသွင်ပြောင်းခြင်း၊ ကမ္ဘာ့ မြောက်ဘက်ခြမ်းနှင့်တောင်ဘက်ခြမ်းနိုင်ငံများ ကွာဟချက်ကို ပိုမိုကြီးမားလာခြင်း၊ ကမ္ဘာ့စီးပွားရေး ပြန်လည်ရှင်သန်လာရန် အခက်အခဲများနေကြုံတွေ့နေရခြင်းများ ရှိကြောင်း၊ တစ်ချိန်တည်းတွင် ခေတ်ရေစီးကြောင်းသည် တောင်ဘက်သို့ ယိမ်းကာ အရာခပ်သိမ်း အသစ်သို့ ပြောင်းလဲမည့် ခေတ်ကာလသို့ ရောက်ရှိလာခြင်းလည်း ဖြစ်ကြောင်း၊ ထွန်းသစ်စဈေးကွက်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံ အုပ်စုလိုက် ဦးမော့လာခြင်းသည် ကမ္ဘာကြီး ဗဟုအသွင်ပြောင်းမှုဖြစ်စဉ်အတွက် ကြီးမားသော တွန်းအားဖြစ်စေကြောင်း ၊ သိပ္ပံနည်းပညာ တော်လှန်ရေးနှင့် စက်မှုလုပ်ငန်း အသွင်ကူးပြောင်းမှုသစ်သည် နိုင်ငံအများအပြားအား ဖွံ့ဖြိုးတိုးတက်ရေး အမြန်လမ်းကြောင်းသို့ ရောက်ရှိစေကြောင်း၊ “ကမ္ဘာ့တောင်ဘက်ခြမ်း” သည် နှုတ်ဆိတ်နေသည့်အများစု မဟုတ်တော့ဘဲ နိုးထလာသည့် အင်အားသစ် ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ (Xinhua)
…………………………
(Chinese Version)
金砖国家同发展中国家举行外长对话会
新华社俄罗斯下诺夫哥罗德6月11日电 当地时间6月11日,中共中央政治局委员、外交部长王毅在下诺夫哥罗德出席金砖国家同发展中国家外长对话会(“金砖+”)。金砖10国同泰国、老挝、越南、孟加拉国、斯里兰卡、哈萨克斯坦、白俄罗斯、土耳其、毛里塔尼亚、古巴、委内瑞拉、巴林等12个具有区域代表性的重要发展中国家进行交流。
王毅表示,“金砖+”是金砖国家面向广大新兴市场和发展中国家的重要对话平台,长期以来为金砖发展增添活力、注入动力,已成为南南合作的一面旗帜。我们正身处一个动荡不安、变乱交织的时代。乌克兰危机和加沙冲突延宕,网络安全、气候变化等挑战接踵而至,个别国家为维护单极霸权地位,纠集盟友大搞单边制裁、高筑保护主义壁垒,把经济金融手段工具化武器化,南北鸿沟不断扩大,世界经济复苏面临挫折。同时,这也是一个潮起南方、万象更新的时代。新兴市场和发展中国家群体性崛起,极大推动了世界多极化进程。新一轮科技革命和产业变革方兴未艾,一大批国家走上发展快车道。“全球南方”不再是沉默的大多数,而是觉醒的新力量。