Connect with us

China

တရုတ်နိုင်ငံထုတ် မော်တော်ယာဉ်များ တင်ဆောင်သည့် တရုတ်-ဥရောပ ရထားကြီး ဟူးဟော့မြို့မှ ပထမဆုံး စတင်ထွက်ခွာ

တရုတ်နိုင်ငံ အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟူးဟော့မြို့တွင် တရုတ်နိုင်ငံထုတ် မော်တော်ယာဉ်များ တင်ဆောင်ထားသည့် တရုတ်-ဥရောပ ရထားကြီးအား ဇွန် ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟူးဟော့၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟူးဟော့မြို့ ရှိ China Railway Hohhot Group ရှားလျန် သယ်ယူပို့ဆောင်ရေး ဥယျာဉ်တွင် ကွန်တိန်နာ ၂၉ လုံး၊ တရုတ်နိုင်ငံထုတ် လုပ်ငန်းသုံးမော်တော်ယာဉ် ၂၉၀ စီး တင်ဆောင်ထားသော တရုတ်-ဥရောပရထားကြီးသည် ဇွန် ၁၂ ရက်က စတင် ထွက်ခွာခဲ့သည်။

အဆိုပါရထားမှာ ဟူးဟော့မြို့၏ ပထမဆုံး တရုတ်နိုင်ငံထုတ် လုပ်ငန်းသုံးမော်တော်ယာဉ်များ တင်ဆောင်သည့် တရုတ်-ဥရောပ ရထားကြီးဖြစ်ပြီး တင်ဆောင်သွားသည့် မော်တော်ယာဉ်များ အားလုံးမှာ အတွင်းမွန်ဂိုလီးယားဒေသ ထုတ်ကုန်များ ဖြစ်ကြောင်း သိရသည်။ ယင်းရထားကြီးသည် တရုတ်နိုင်ငံ ရှင်းကျန်းဒေသ အားလားဆန်းခိုဂိတ်ကို ဖြတ်သန်းကာ ရုရှားနိုင်ငံ မော်စကိုမြို့သို့ သွားရောက်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)


………………………….
(Chinese Version)
呼和浩特首趟中欧班列国产汽车运输专列出发
当日,在位于内蒙古呼和浩特市的中国铁路呼和浩特局集团有限公司沙良物流园,一列满载29个集装箱、290辆国产商品汽车的中欧班列驶出。本趟班列为呼和浩特首趟中欧班列商品汽车运输专列,所搭载的汽车均为内蒙古当地生产,将经新疆阿拉山口口岸,最终运抵俄罗斯莫斯科。
新华社记者 贝赫 摄
1. 6月12日在内蒙古呼和浩特市沙良物流园拍摄的呼和浩特首趟中欧班列商品汽车运输专列。