Connect with us

Politics

မြန်မာနိုင်ငံတွင် နယ်စပ်ဖြတ်ကျော် ဆက်သွယ်ရေးအွန်လိုင်းလိမ်ညာမှု လုပ်ဆောင်သည်ဟု သံသယရှိသူ ၁၅၀ ဦး အား တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးအပ်

မြန်မာနိုင်ငံ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဆက်သွယ်ရေးအွန်လိုင်းလိမ်ညာမှုကျူးလွန်သည့် သံသယတရားခံ ၅ ဦးအား တရုတ်နိုင်ငံ ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးထားသည်ကို ၂၀၂၃ ခုနှစ် ဩဂုတ် ၂၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံး )

ပေကျင်း၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)
မကြာမီရက်များက တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ သက်ဆိုင်ရာ တရားဥပဒေစိုးမိုးရေး ဌာနနှင့် ရဲဘက်ဆိုင်ရာ တရားဥပဒေပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်၍ ပြစ်မှုတိုက်ဖျက်ရေးလှုပ်ရှားမှုများကို တွန်းအားပေးဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံ တာချီလိတ်ဒေသရှိ ဆက်သွယ်ရေးအွန်လိုင်းလိမ်ညာမှုလုပ်ဆောင်နေသည့် စခန်း ၁၀ ခုကို အောင်မြင်စွာ ဖျက်ဆီးနိုင်ခဲ့ပြီး နယ်စပ်ဖြတ်ကျော် ကျားဖြန့်လုပ်ငန်းလုပ်ဆောင်နေသူ တရုတ်နိုင်ငံသား သံသယတရားခံ ၁၅၀ ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ၎င်းတို့အနက် အွန်လိုင်းတရားခံပြေး ၁၄ ဦးပါဝင်ကြောင်း တရုတ်ပြည်သူ့လုံခြုံရေးဌာနက ဇွန် ၁၈ ရက်တွင် ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်မှစ၍ မြန်မာနိုင်ငံ မြောက်ပိုင်းတွင် တရုတ်နိုင်ငံနှင့်သက်ဆိုင်သော ဆက်သွယ်ရေးအွန်လိုင်းလိမ်ညာမှု အမြောက်အမြား ဖြစ်ပွားနေသည်ကို အခိုင်အမာ ဟန့်တားရန်အတွက် တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ သက်ဆိုင်ရာ တရားဥပဒေစိုးမိုးရေးဌာနနှင့်အတူ ရဲဘက်ဆိုင်ရာ တရားဥပဒေ စိုးမိုးရေး ပူးပေါင်းမှုများကို ဆက်တိုက် နက်ရှိုင်းစွာ ဆောင်ရွက်ပြီး ပြစ်မှုတိုက်ဖျက်ရေးလှုပ်ရှားမှုများကို ပူးတွဲဆောင်ရွက်ခဲ့ရာ စုစုပေါင်း တရုတ်နိုင်ငံသား သံသယ တရားခံ ၄၉,၀၀၀ ကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးပြီး ဖြစ်သည်။
ပြစ်မှုတိုက်ဖျက်ရေးလှုပ်ရှားမှုများကြောင့် အချို့သော ကျားဖြန့်သမားများသည် တာချီလိတ် စသည့် နေရာများသို့ ရွှေ့ပြောင်းခဲ့ကြောင်း သိရသည်။ ယခုရက်ပိုင်းများတွင် တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၏ တွန်းအားပေးဆောင်ရွက်မှုများနှင့်အတူ မြန်မာနိုင်ငံ သက်ဆိုင်ရာ တရားဥပဒေ စိုးမိုးရေး ဌာနက မြန်မာနိုင်ငံ တာချီလိတ်ဒေသတွင် တရုတ်နိုင်ငံသား ကျားဖြန့် သံသယ တရားခံ ၁၅၀ ဖမ်းဆီးခဲ့ကြောင်း သိရသည်။ (Xinhua)
…………………………
(Chinese Version)
150名在缅甸大其力地区实施跨境电诈的犯罪嫌疑人被移交我方
新华社北京6月18日电(记者熊丰)记者18日从公安部获悉,近日,公安部强化与缅甸相关执法部门的警务执法合作,推动开展打击行动,成功捣毁10个位于大其力地区的电诈窝点,抓获150名实施跨境电信网络诈骗的中国籍犯罪嫌疑人,其中网上在逃人员14名。目前,全部犯罪嫌疑人及涉案物品已通过云南西双版纳打洛口岸移交我方。
去年以来,为坚决遏制缅北涉我电信网络诈骗犯罪多发高发态势,公安部持续深化与缅甸相关执法部门的警务执法合作,联合开展了一系列打击行动,累计4.9万名中国籍涉诈犯罪嫌疑人被抓获并移交我方。受打击行动震慑,一些电信网络诈骗分子向大其力等地分散转移。近日,在公安部大力推动下,缅甸相关执法部门在大其力地区抓获150名中国籍电信网络诈骗犯罪嫌疑人。
2023年8月26日,在缅甸仰光国际机场,5名电信诈骗犯罪嫌疑人被移交给中国警方工作组。 新华社发(中国驻缅甸大使馆供图)